Asus ဟာ ROG Flow X13 ရဲ့ နောက်မျိုးဆက် Notebook အသစ်ကို ရောင်းချဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းဟာ နိုဝင်ဘာလ အစောပိုင်းမှာ ထွက်ခဲ့ပါတယ်။ အခုပေါက်ကြားလာတဲ့သတင်း အသစ် အရ အဲဒီ Device ဟာ တက်ဘလက် ဖြစ်ပါတယ်။

Image

ROG Global ရဲ့ တွစ်တာက ပို့စ်အရ နောက်ထွက်မယ့် Asus တက်ဘလက်ကို ROG Flow Z13 လို့ နာမည်ပေးထားမှာ ဖြစ်ပြီး ဇန်နဝါရီလ ၄ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပါတယ်။ Asus က ကမ္ဘာ့ စွမ်းရည် အမြင့်ဆုံး Gaming တက်ဘလက်လို့ ညွှန်းဆိုထားပါတယ်။

ASUS ROG Flow Z13

Asus မျှဝေထားတဲ့ Teaser ဓါတ်ပုံအရ အဲဒီ တက်ဘလက်မှာ XG Mobile Connector ပါလာမှာ ဖြစ်တဲ့အတွက် Asus က ထုတ်လုပ်ထားတဲ့ External eGPU (External GPU) ထောက်ပံ့မှာ ဖြစ်ပါတယ်။ External GPU ကြောင့် တက်ဘလက်ဟာ Gaming စွမ်းဆောင်ရည် ပိုမို ကောင်းမွန်မှာ ဖြစ်ပါတယ်။ Gaming အပြင် eGPU ဟာ Ports များစွာကို ထောက်ပံ့တဲ့ USB Dock လိုလည်း အသုံးခံမှာ ဖြစ်ပါတယ်။

XG Mobile Connector ပါလာတဲ့အတွက် တက်ဘလက်ဟာ Windows အခြေပြု ဖြစ်ပြီး စွမ်းရည်မြင့် ၂ မျိုးသုံး တက်ဘလက် ဖြစ်တဲ့ Microsoft Surface Pro 8 ကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Asus ROG Flow X13 ရဲ့ မျိုးဆက် ဖြစ်တဲ့အတွက် Flow Z13 မှာ နောက်ထွက်မယ့် AMD Ryzen 6000 Series ပါလာနိုင်ပါတယ်။

Ref : gizmochina