ASUS ကနေ Gaming Phone တွေဖြစ်တဲ့ ROG Phone တွေကို မိတ်ဆက်လာတာ အခုဆိုရင် ROG Phone နဲ့ ROG Phone 2 ဆိုပြီး ၂ မျိုးရှိသွားပြီဖြစ်သလို အဆိုပါ ဖုန်း ၂ လုံးစလုံးကလည်း အောင်မြင်ခဲ့ပါတယ်။ လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရလည်း ASUS ကနေ ROG Phone 3 ကို မိတ်ဆက်သွားဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်ပိုင်းတုန်းက ASUS ROG Phone 3 နဲ့ ပတ်သက်တဲ့ Specification တွေပဲ သတင်းထွက်ပေါ်ခဲ့ပေမယ့် အခုအချိန်မှာတော့ တရုတ် Social Media တစ်ခုဖြစ်တဲ့ Weibo စာမျက်နှာမှာ ASUS ROG Phone 3 ရဲ့ Hands-on ဓါတ်ပုံထွက်ပေါ်လာခဲ့ပါပြီ။ အဆိုပါ ဓါတ်ပုံက ROG Phone 3 ရဲ့ နောက်ကျောဘက်ကို ရိုက်ကူးထားတာဖြစ်ပြီး Design အရတော့ ROG Phone 2 နဲ့ ဆင်တူသေးပေမယ့် Camera အနေနဲ့ Triple Camera Setup ကိုပြောင်းလဲအသုံးပြုလာတာကိုတွေ့ရပါတယ်။

ဒါတင်မဟုတ်သေးဘဲ နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ရဲ့ ပြောကြားချက်အရ ASUS ROG Phone 3 ဟာ 6.59″ ရှိတဲ့ Full HD+ OLED Display ကိုမှ 120Hz သို့မဟုတ် 144Hz Refresh Rate ကို ထောက်ပံ့သွားမှာဖြစ်တယ်လို့ သိရပါတယ်။ Back Camera Setup ရဲ့ Primary Sensor ကိုလည်း 64MP အထိ အဆင့်မြှင့်တင်သွားမယ့်အပြင် Selfie Camera ကိုတော့ 13MP Single Camera ကိုပဲ ထည့်သွင်းလာမှာဖြစ်ပါတယ်။

Performance ပိုင်းမှာလည်း CPU Speed ကို 3.09GHz အထိ Overclock ပြုလုပ်ထားတဲ့ Qualcomm Snapdragon 865 Processor ပါဝင်မှာဖြစ်ပြီး RAM 16GB နဲ့ 512GB Storage တွေပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ Battery ပိုင်းမှာလည်း 6000mAh Battery ကိုမှ 30W Fast Charging ပါဝင်မှာဖြစ်ပြီး ဖုန်းကလည်း 8.9mm အထူနဲ့ 240g ပဲ အလေးချိန်ရှိမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် 6000mAh Battery ပါဝင်တဲ့ဖုန်းတစ်လုံးအနေနဲ့ကတော့ တော်တော်လေးကို ပေါ့ပါးတယ်လို့ ပြောလို့ရပါတယ်။

ယခုထွက်လာတဲ့ Hands-on ဓါတ်ပုံမှာ Tencent Games ဆိုပြီး စာတန်းပါတဲ့အတွက် ယခုနှစ်မှာလည်း ASUS ကနေ ROG Phone 3 ကို Tencent Edition ဆိုပြီး ထုတ်ပေးသွားဖွယ်ရှိနေပါတယ်။

Ref – Gizmo China