ASUS ဟာ ROG Gaming Phone 3 ကို လာမယ့် ဇူလိုင်လ ၂၃ ရက်နေ့မှာ တရားဝင် မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ တရားဝင်မိတ်ဆက်မှုမတိုင်မီမှာ ထိုင်ဝမ်ကုမ္ပဏီဟာ သူတို့ရဲ့ စွမ်းဆောင်ရည်မြင့် ဂိမ်းမင်းဖုန်းကယူဆောင်လာမယ့် Feature တွေကို ထုတ်ဖော်ပြသနေပါတယ်။

ASUS ကနေ ထုတ်လွှတ်လိုက်တဲ့ နောက်ဆုံး Teaser မှာမြင်တွေ့ရတာက AirTriggers ultrasonic ခလုတ်တွေ ပိုပြီးတီထွင်ဆန်းသစ်လာတယ်ဆိုတဲ့ အကြောင်းပါပဲ။ ROG Phone 3 မှာ AirTrigger ထဲထည့်သွင်းတည်ဆောက်ထားတဲ့ မတူညီတဲ့ Gesture control လေးမျိုး ပါဝင်မယ်လို့ ASUS က အရိပ်အမြွက် ပြောဆိုထားတာ ဖြစ်ပါတယ်။

ROG Phone 2 နဲ့ မစိမ်းသူတွေကတော့ AirTrigger လို့ခေါ်တဲ့ Feature ကို ညာဘက်အစွန်းမှာ ထည့်သွင်းပေးထားတာကို မှတ်မိကြမယ် ထင်ပါတယ်။ ဒီ Trigger တွေဟာ ခလုတ်တွေတော့ မဟုတ်ကြပါဘူး။ ဒါပေမယ့် Ultrasonic pressure-sensitive နေရာကို ဘောင်အတွင်းမှာ ထည့်သွင်းပေးထားတာဖြစ်ပြီး၊ ဒါဟာ မျက်နှာပြင်ပေါ် ထိခေါက်တဲ့အကြောင်း emulate လုပ်နိုင်တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ ကုမ္ပဏီဟာ Update ထုတ်ပေးခဲ့ပြီး ဒုတိယ Function တစ်ခု ထပ်ထွက်လာခဲ့ပါတယ်။ အခု Tease လုပ်လိုက်တဲ့ AirTrigger gestures လေးမျိုးဟာ ဘယ်လိုတွေလဲဆိုတာ မသိရသေးပေမယ့် ဂိမ်းကစားသူတွေ ပိုပြီးလွယ်လွယ်ကူကူကစားနိုင်အောင် ထောက်ပံ့ပေးမယ့် Function ဖြစ်တယ်ဆိုတာတော့ သေချာနေပါတယ်။

ROG Phone 3 ဟာ 6.59-inch AMOLED မျက်နှာပြင်နဲ့ဖြစ်ပြီး Full HD+ resolution နဲ့ ဖြစ်ပါတယ်။ Refresh rate ကို 144Hz အထိ ထောက်ပံ့ပေးမှာဖြစ်ပြီး Snapdragon 865 Plus SoC တပ်ဆင်ပေးထားမှာဖြစ်သလို၊ 16GB of LPDDR5 RAM လည်း ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။

Ref: Gizmochina