Zawgyi

ASUS ကေန မိတ္ဆက္ထားတဲ့ ASUS ROG Phone 2 ဟာ လက္ရွိအခ်ိန္မွာ စြမ္းေဆာင္ရည္အေကာင္းဆုံးေသာ Gaming Phone တစ္ခုလို႔ေတာင္ေျပာလို႔ရပါတယ္။ အဆိုပါ ROG Phone 2 က Snapdragon 855+ Processor ၊ 120Hz AMOLED Display ၊ 6000mAh Battery ေတြပါဝင္တဲ့အတြက္ Specs ပိုင္းအရလည္း အေကာင္းဆုံးျဖစ္ေနတာပါ။

အခုလည္း ASUS ကေန ROG Phone 2 ရဲ႕ Android 10 Update ကို မၾကာခင္ရရွိေအာင္ ေဆာင္႐ြက္ေပးေတာ့မွာျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ASUS ကေန အခုအခ်ိန္မွာ ROG Phone 2 အတြက္ Android 10 Public Beta Program ကို စတင္ဝင္ေရာက္ခြင့္ေပးလိုက္တာေၾကာင့္ပါ။

Beta Tester အေနနဲ႔ Android 10 ကို စတင္စမ္းသပ္ခ်င္တယ္ဆိုရင္ေတာ့ ROG Phone 2 ကို အသုံးျပဳေနသူျဖစ္ရပါမယ္၊ ၿပီးရင္ ASUS ZenTalk Forum ေတြမွာပါ Active ျဖစ္ဖို႔ လိုအပ္ပါတယ္။ ေနာက္ဆုံးကေတာ့ ဖုန္းရဲ႕ IMEI နဲ႔ Serial Number ေတြ Details ေတြကို Share ေပးရမွာျဖစ္ၿပီးေတာ့ Beta Test ေတြမွာ ေတြ႕ရတဲ့ Bug ေတြကို ျပန္လည္ Report လုပ္ေပးရမွာပါ။ တကယ္လို႔ Sign-up ျပဳလုပ္ခ်င္တယ္ဆိုရင္ ယခု Link ကေန ျပဳလုပ္ႏိုင္မွာျဖစ္ပါတယ္။

ဒီလိုမ်ိဳး ASUS ကေန ROG Phone 2 အတြက္ Android 10 ကို Beta Testing ျပဳလုပ္ေနၿပီဆိုေတာ့ ေနာက္လာမယ့္ လပိုင္းအတြင္းမွာ Stable Update ထြက္လာႏိုင္ဖြယ္ရွိေနပါတယ္။ ASUS အေနနဲ႔ ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းကလည္း Zenfone 6 ကို Android 10 Update ျပဳလုပ္ေပးခဲ့ေသးတာလည္းျဖစ္ပါတယ္။

Ref – Android Police

Unicode

ASUS ကနေ မိတ်ဆက်ထားတဲ့ ASUS ROG Phone 2 ဟာ လက်ရှိအချိန်မှာ စွမ်းဆောင်ရည်အကောင်းဆုံးသော Gaming Phone တစ်ခုလို့တောင်ပြောလို့ရပါတယ်။ အဆိုပါ ROG Phone 2 က Snapdragon 855+ Processor ၊ 120Hz AMOLED Display ၊ 6000mAh Battery တွေပါဝင်တဲ့အတွက် Specs ပိုင်းအရလည်း အကောင်းဆုံးဖြစ်နေတာပါ။

အခုလည်း ASUS ကနေ ROG Phone 2 ရဲ့ Android 10 Update ကို မကြာခင်ရရှိအောင် ဆောင်ရွက်ပေးတော့မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ASUS ကနေ အခုအချိန်မှာ ROG Phone 2 အတွက် Android 10 Public Beta Program ကို စတင်ဝင်ရောက်ခွင့်ပေးလိုက်တာကြောင့်ပါ။

Beta Tester အနေနဲ့ Android 10 ကို စတင်စမ်းသပ်ချင်တယ်ဆိုရင်တော့ ROG Phone 2 ကို အသုံးပြုနေသူဖြစ်ရပါမယ်၊ ပြီးရင် ASUS ZenTalk Forum တွေမှာပါ Active ဖြစ်ဖို့ လိုအပ်ပါတယ်။ နောက်ဆုံးကတော့ ဖုန်းရဲ့ IMEI နဲ့ Serial Number တွေ Details တွေကို Share ပေးရမှာဖြစ်ပြီးတော့ Beta Test တွေမှာ တွေ့ရတဲ့ Bug တွေကို ပြန်လည် Report လုပ်ပေးရမှာပါ။ တကယ်လို့ Sign-up ပြုလုပ်ချင်တယ်ဆိုရင် ယခု Link ကနေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ဒီလိုမျိုး ASUS ကနေ ROG Phone 2 အတွက် Android 10 ကို Beta Testing ပြုလုပ်နေပြီဆိုတော့ နောက်လာမယ့် လပိုင်းအတွင်းမှာ Stable Update ထွက်လာနိုင်ဖွယ်ရှိနေပါတယ်။ ASUS အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း Zenfone 6 ကို Android 10 Update ပြုလုပ်ပေးခဲ့သေးတာလည်းဖြစ်ပါတယ်။

Ref – Android Police