ASUS ကနေ ပြီးခဲ့တဲ့နှစ်တုန်းက ROG Phone 2 Gaming Phone ကို မိတ်ဆက်ခဲ့ပြီးတော့ အဆိုပါဖုန်းဟာ လက်ရှိအချိန်အထိကို အကောင်းဆုံး Gaming Phone တစ်လုံးအနေနဲ့ သတ်မှတ်ခံထားရတာဖြစ်ပါတယ်။

ASUS ရဲ့ မနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ဖုန်းတစ်လုံးဖြစ်တဲ့ Zenfone 6 ကတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲက Android 10 Update ရရှိခဲ့ပေမယ့် ROG Phone 2 အတွက်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကအထိ Android 10 Update ကို ရရှိခြင်းမရှိသေးပါဘူး။

ဒါပေမယ့် အခုအချိန်မှာတော့ ASUS ROG Twitter Account ကနေ ROG Phone 2 အတွက် Android 10 Update ကို ထုတ်ပေးနေပြီလို့ ကြေညာခဲ့ပါတယ်။ အဆိုပါ ကြေညာလိုက်တဲ့ Post အောက်မှာ အသုံးပြုသူတွေက Update ပြုလုပ်နိုင်ခြင်းမရှိသေးဘူးလို့ ပြန်လည်ပြောဆိုနေကြတဲ့အတွက် ASUS ကနေ မတ်လ ၁၀ ရက်နေ့ကနေ စတင် Update ထုတ်ပေးသွားမယ်လို့ ပြောကြားသွားခဲ့ပါတယ်။

ဒါပေမယ့် ASUS အနေနဲ့ ဘယ် Region တွေက အရင်ဆုံး Update ရရှိမယ်ဆိုတာကို ပြောကြားခဲ့ခြင်းမရှိတဲ့အတွက် စောင့်ဆိုင်းရဦးမှာပါ။ ဘာပဲဖြစ်ဖြစ် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလထဲက Android 10 Beta Program ကို စတင်ခဲ့တဲ့ ROG Phone 2 ဟာ မကြာခင်မှာတော့ Android 10 ကို Update ပြုလုပ်နိုင်တော့မှာပါ။

Ref – GSM Arena