Zawgyi

Asus ROG Phone 2 ဟာ မုိဘုိင္း Gaming ကိုဦးစားေပးထားတဲ့ ထုတ္ကုန္ျဖစ္ၿပီး မၾကာေသးမီကမွ ေၾကျငာခဲ့တဲ့ Snapdragon 855 Plus ခ်စ္ပ္ကို အသုံးျပဳလာမွာျဖစ္ပါတယ္။ အခုအခါ တရုတ္ႏုိင္ငံ TENAA ဆုိက္မွာ ဒီဖုန္းကို အရွင္လတ္လတ္ျမင္ရၿပီျဖစ္ၿပီး သူ႕ရဲ႕အဓိကအခ်က္အလက္ေတြပါ အတည္ျပဳႏုိင္ခဲ့ပါတယ္။

ROG Phone 2 မွာ ေမာ္ဒယ္နံပါတ္ေလးမ်ဳိးရွိတာကိုေတြ႕ရၿပီး ASUS_I001DA, I001DB, I00DC နဲ႔ I00DD ရယ္လို႔ျဖစ္ပါတယ္။ ကိုယ္ထည္အခ်ဳိးအစားကေတာ့ 170.99 x 77.6 x 9.78 mm ျဖစ္ကာ မႏွစ္က ထုတ္ကုန္ထက္ နည္းနည္းေလး ျပဳျပင္ထားတာကို ေတြ႕ရမွာပါ။

ေရွ႕ဘက္မွာ 6.59” Display တစ္ခုပါဝင္ၿပီး ျမင္ကြင္းအခ်ဳိး 18:9 ရွိတဲ့ မ်က္ႏွာျပင္ဟာ ဂိမ္းေဆာ့ရတာ ေကာင္းမြန္ေစဖို႔ 120Hz Refresh Rate ပါဝင္ပါတယ္။ အေပၚနဲ႔ေအာက္ဘက္ Bezel ေတြကို အလြန္ပါးလႊာၿပီး Dual Stereo စပီကာႏွစ္လုံးပါဝင္မွာပါ။ သူ႕ရဲ႕ကိုယ္ထည္မွာ Fingerprint ရွာမေတြ႕တာေၾကာင့္ Display ရဲ႕ ေအာက္မွာထည့္လာမွာ ေသခ်ာပါတယ္။

ေနာက္ဘက္မွာေတာ့ Dual-camera အတြဲျဖစ္ၿပီး Dual-LED ဖလက္ရွ္နဲ႔ တြဲဖက္ထားတယ္။ ဘကၳရီပမာဏက 5,800 mAh ေတာင္ပါဝင္မွာျဖစ္လို႔ နာရီေပါင္းမ်ားစြာ ဂိမ္းေဆာ့မယ့္သူေတြအတြက္ စြမ္းေဆာင္ရည္အျပည့္ေပးႏုိင္မွာပါ။ ဒါ့အျပင္ ROG Phone 2 ဟာ 30W Fast Charger ပါဝင္ႏုိင္တယ္လို႔ ယူဆရပါတယ္။

လာမယ့္အဂၤါေန႔မွာ မိတ္ဆက္ေတာ့မယ့္ Asus ROG Phone 2 နဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကေတာ့ စုံလင္သေလာက္ရွိေနပါၿပီ။ က်န္ေသးတဲ့ Feature ေတြနဲ႔ ေစ်းႏႈန္းကိုေတာ့ ေနာက္အပတ္မိတ္ဆက္ပြဲမွာ ေတြ႕ရေတာ့မွာပါ။

Ref – GSM Arena

Unicode

Asus ROG Phone 2 ဟာ မိုဘိုင်း Gaming ကိုဦးစားပေးထားတဲ့ ထုတ်ကုန်ဖြစ်ပြီး မကြာသေးမီကမှ ကြေငြာခဲ့တဲ့ Snapdragon 855 Plus ချစ်ပ်ကို အသုံးပြုလာမှာဖြစ်ပါတယ်။ အခုအခါ တရုတ်နိုင်ငံ TENAA ဆိုက်မှာ ဒီဖုန်းကို အရှင်လတ်လတ်မြင်ရပြီဖြစ်ပြီး သူ့ရဲ့အဓိကအချက်အလက်တွေပါ အတည်ပြုနိုင်ခဲ့ပါတယ်။

ROG Phone 2 မှာ မော်ဒယ်နံပါတ်လေးမျိုးရှိတာကိုတွေ့ရပြီး ASUS_I001DA, I001DB, I00DC နဲ့ I00DD ရယ်လို့ဖြစ်ပါတယ်။ ကိုယ်ထည်အချိုးအစားကတော့ 170.99 x 77.6 x 9.78 mm ဖြစ်ကာ မနှစ်က ထုတ်ကုန်ထက် နည်းနည်းလေး ပြုပြင်ထားတာကို တွေ့ရမှာပါ။

ရှေ့ဘက်မှာ 6.59” Display တစ်ခုပါဝင်ပြီး မြင်ကွင်းအချိုး 18:9 ရှိတဲ့ မျက်နှာပြင်ဟာ ဂိမ်းဆော့ရတာ ကောင်းမွန်စေဖို့ 120Hz Refresh Rate ပါဝင်ပါတယ်။ အပေါ်နဲ့အောက်ဘက် Bezel တွေကို အလွန်ပါးလွှာပြီး Dual Stereo စပီကာနှစ်လုံးပါဝင်မှာပါ။ သူ့ရဲ့ကိုယ်ထည်မှာ Fingerprint ရှာမတွေ့တာကြောင့် Display ရဲ့ အောက်မှာထည့်လာမှာ သေချာပါတယ်။

နောက်ဘက်မှာတော့ Dual-camera အတွဲဖြစ်ပြီး Dual-LED ဖလက်ရှ်နဲ့ တွဲဖက်ထားတယ်။ ဘက္ထရီပမာဏက 5,800 mAh တောင်ပါဝင်မှာဖြစ်လို့ နာရီပေါင်းများစွာ ဂိမ်းဆော့မယ့်သူတွေအတွက် စွမ်းဆောင်ရည်အပြည့်ပေးနိုင်မှာပါ။ ဒါ့အပြင် ROG Phone 2 ဟာ 30W Fast Charger ပါဝင်နိုင်တယ်လို့ ယူဆရပါတယ်။

လာမယ့်အင်္ဂါနေ့မှာ မိတ်ဆက်တော့မယ့် Asus ROG Phone 2 နဲ့ပတ်သက်တဲ့ အချက်အလက်တွေကတော့ စုံလင်သလောက်ရှိနေပါပြီ။ ကျန်သေးတဲ့ Feature တွေနဲ့ ဈေးနှုန်းကိုတော့ နောက်အပတ်မိတ်ဆက်ပွဲမှာ တွေ့ရတော့မှာပါ။

Ref – GSM Arena