မနေ့က ထွက်ပေါ်ခဲ့တဲ့ Asus ROG Phone 3 ရဲ့ Hands On ဓါတ်ပုံဟာ ဗီဒီယို ၁ ခုကနေ ဖမ်းယူထားတာ ဖြစ်နိုင်ပါတယ်။ အခုတော့ အဲဒီ Hands On ဗီဒီယို ထွက်ပေါ်လာပြီး အောက်မှာ လေ့လာနိုင်ပါတယ်။ Asus က Snapdragon 865 Chipseet ပါတဲ့ အဲဒီ ဖုန်း  ၁  လုံးထဲကိုပဲ ဖန်တီးနေတာ မဟုတ်ဘဲ နောက် ၁ လုံးကိုလည်း Geekbench မှာ တွေ့နေရပါတယ်။

အခု ဗီဒီယိုမှာ Asus ROG Phone 3 ရဲ့ အနောက်ဘက်မှာ ကင်မရာ ၃ လုံးနဲ့ ထုံးစံအတိုင်း RGB Backlighting ပါတဲ့ ROG Logo ထည့်သွင်းထားပါတယ်။  Tencent Games Logo ကိုလည်း တွေ့ရပြီး Asus ဟာ ROG Phone II ရဲ့ Tencent-branded Version ထုတ်လုပ်ဖို့ ပြီးခဲ့တဲ့ နှစ်က Tencent နဲ့ ပူးပေါင်းထားပါတယ်။ အဲဒီ စမတ်ဖုန်းဟာ  ဈေးချိုပေမယ့် Tencent ရဲ့ Content များစွာ ထည့်သွင်းထားပြီး တရုတ်မှာပဲ ရောင်းချပေးထားပါတယ်။ Asus ဟာ ROG Phone 3 ရဲ့ Tencent-branded Version ကို ထုတ်လုပ်ရောင်းချနိုင်ပါတယ်။

Geekbench က ဒေတာဘေ့စ်မှာ Snapdragon 865 ပါတဲ့ “Asus ZF” အကြောင်းများစွာ ပါပါတယ်။ ဒါပေမယ့် Benchmark မှာ CPU ရဲ့ Base Frequency 1.8GHz Clock Speed ကိုပဲ ဖော်ပြထားပါတယ်။

အဲဒီ ဖုန်းမှာ 16GB RAM ပါတဲ့အတွက် စွမ်းရည်က မြင့်မှာပါ။ ဒါဟာ ROG Phone 3 ရဲ့ နောက်ထပ် Version ၁ မျိုး ဖြစ်နိုင်သလို “ZF” ကလည်း “ZenFone” ဖြစ်သွားနိုင်ပါတယ်။ Zenfone 6 ကို အရင်နှစ် မေလလယ်က ကြေညာခဲ့တဲ့အတွက် ဒီနှစ်မှာ မျိုးဆက်သစ် ထွက်လာမှာပါ။ Zenfone 7 နဲ့ ROG Phone 3 ကို ဇူလိုင်လမှာ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena