ASUS ROG Phone တွေဟာ Gaming Phone တွေထဲမှာ အကောင်းဆုံးအနေနဲ့သတ်မှတ်ခံထားရပြီး ဖြစ်ပါတယ်။ အခုလည်း တတိယမြောက် ROG Gaming Phone ဖြစ်တဲ့ ROG Phone 3 ကို ASUS ကနေ တရားဝင်မိတ်ဆက်လိုက်ပါပြီ။

Performance ပိုင်းမှာတော့ ASUS ROG Phone 3 ဟာ Qualcomm Snapdragon 865+ Chipset ၊ RAM 12GB သို့မဟုတ် RAM 16GB ပါဝင်မှာဖြစ်ပြီး Storage အနေနဲ့ကတော့ 128GB ကနေ 512GB အထိရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ASUS ကနေ “ROG Phone 3 Strix Edition” ဆိုပြီး ပုံမှန် Snapdragon 865 Chipset နဲ့ RAM 8GB ပါဝင်ပြီး Storage ကို 128GB သို့မဟုတ် 256GB ပဲပါဝင်တဲ့ Version ကိုလည်း ရောင်းချသွားမယ်လို့ သိရပါတယ်။

Display ပိုင်းမှာတော့ ကြီးမားတဲ့ 6.6″ Full HD+ AMOLED Display ကိုထည့်သွင်းထားပြီးတော့ Refresh Rate အနေနဲ့ 144Hz အထိ Support ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Refresh Rate ကိုလည်း 120Hz ၊ 90Hz နဲ့ Auto Mode ဆိုပြီး ရွေးချယ်နိုင်ဦးမယ်လို့ သိရပါတယ်။

ROG Phone 3 ဟာ Touch Sampling Rate အနေနဲ့ 270Hz အထိရှိမှာဖြစ်သလို Touch Latency အနေနဲ့လည်း 25ms ပဲရှိအောင် Optimized ပြုလုပ်ထားတယ်လို့ သိရပါတယ်။ Screen က HDR10+ ကို Support ပြုလုပ်ပြီး 11% DCI-P3 Color Gamut ရှိတဲ့အတွက် Color Accuracy ပိုင်းမှာလည်း ထိပ်တန်းအဆင့်ရှိနေဦးမှာပါ။

Camera ပိုင်းအနေနဲ့ကတော့ Triple Camera Setup ပါဝင်မှာဖြစ်ပြီး 64MP Sony IMX686 Sensor ၊ 13MP Ultrawide Sensor နဲ့ 5MP Macro Sensor တွေပါဝင်မှာဖြစ်ပါတယ်။ အဆိုပါ Camera Setup ကနေ 8K 30fps Video တွေကို ရိုက်ကူးနိုင်မှာဖြစ်သလို 16MP အရည်အသွေးရှိတဲ့ 2x Lossless Zoom ဓါတ်ပုံတွေကိုလည်း ရိုက်ကူးနိုင်စေမှာဖြစ်တယ်လို့ သိရပါတယ်။ Selfie Camera အနေနဲ့ကတော့ 24MP Sensor ကိုထည့်သွင်းပေးထားပါတယ်။

Battery အနေနဲ့ 6000mAh Battery ပါဝင်မှာဖြစ်ပြီး 30W USB-PD Fast Charging ကို Support ပြုလုပ်မယ်လို့ သိရပါတယ်။ ASUS ရဲ့ပြောကြားချက်အရတော့ ၄၆ မိနစ်အားသွင်းရုံနဲ့ 70% အထိ အားသွင်းနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Battery Health ကို ကာကွယ်ဖို့အတွက် Max Charging Limit ကို 80% သို့မဟုတ် 90% မှာပဲ သတ်မှတ်ထားနိုင်သလို Charging Limit ကိုလည်း 10W ပဲသတ်မှတ်နိုင်ပါသေးတယ်။ ဒါမှမဟုတ် Overnight Charging ပြုလုပ်မယ်ဆိုရင်လည်း Schedule ပြုလုပ်ထားနိုင်တဲ့အတွက် Battery သက်တမ်းကို ကောင်းကောင်းကာကွယ်နိုင်မှာဖြစ်ပါတယ်။

ASUS ROG Phone 3 မှာ Ultrasonic Shoulder Button ၄ ခုအထိခွဲထုတ်ထားနိုင်မှာဖြစ်သလို Front Facing Stereo Speaker Setup လည်းပါဝင်ဦးမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Dirac Audio Support ပါဝင်လာပြီဖြစ်သလို Game တစ်ခုချင်းစီအပေါ်မှုတည်ပြီး Audio Equalizer ကိုလည်း စိတ်ကြိုက်ပြင်ဆင်နိုင်ဦးမှာဖြစ်ပါတယ်။ ဖုန်းမှာတော့ 3.5mm Audio Jack ပါဝင်တော့မှာမဟုတ်ပေမယ့် AeroActive Cooler ကနေတစ်ဆင့် Cooling Fan ၊ 3.5mm Audio Jack နဲ့ USB-C Passthrough ကို အသုံးပြုနိုင်မယ်လို့သိရပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ RAM 12GB + 512GB Version ကို €1,000 (မြန်မာငွေ ၁၆ သိန်းဝန်းကျင်) ကျသင့်မှာဖြစ်ပြီး RAM 16GB + 512GB Version ကတော့ €1,100 (မြန်မာငွေ ၁၉ သိန်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။ ROG Phone 3 Strix Edition အနေနဲ့ကတော့ RAM 8GB + 256GB Version ကို €800 (မြန်မာငွေ ၁၃ သိန်းဝန်းကျင်) ကျသင့်မှာပါ။

Ref – GSM Arena