ASUS ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ROG Phone 3 ကို မိတ်ဆက်ခဲ့ပြီးတော့ လက်ရှိအချိန်မှာ စွမ်းဆောင်ရည်အကောင်းဆုံးစမတ်ဖုန်းတစ်လုံးလို့တောင် ပြောနိုင်ပါတယ်။ အဆိုပါ ROG Phone 3 မှာ Qualcomm Snapdragon 865+ Chipset အပြင် 144Hz Refresh Rate ပါဝင်တဲ့ Display ကိုပါ ထည့်သွင်းပေးထားပါတယ်။

ဒါပေမယ့်လည်း XDA-Developer ကနေ ဖော်ပြချက်အရ ASUS ROG Phone 3 မှာ 160Hz Refresh Rate အထိ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ ဒီလိုမျိုး 160Hz Refresh Rate ကို ရရှိဖို့အတွက်လည်း Tweak ကြီးကြီးမားမားပြုလုပ်ဖို့မလိုအပ်ဘဲ ADB Command ကနေတစ်ဆင့်ဆောင်ရွက်လိုက်တာနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အဲ့ဒီအတွက်ဖြစ်နိုင်တာကတော့ ASUS ကနေ ROG Phone 3 ကို စမ်းသပ်တဲ့အချိန်မှာ 160Hz Refresh Rate အထိ Support ပေးနိုင်ဖို့အတွက် ရည်ရွယ်ခဲ့တဲ့ပုံစံပါပဲ။ ဒါပေမယ့်လည်း တရားဝင်မိတ်ဆက်တဲ့အချိန်မှာတော့ ဘာကြောင့် 144Hz အထိပဲ Support ပေးခဲ့သလဲဆိုတာကတော့ မသိရှိရသေးပါဘူး။

XDA-Developer ရဲ့ စမ်းသပ်မှုအရတော့ 160Hz Refresh Rate နဲ့အသုံးပြုတယ်ဆိုရင်လည်း စွမ်းဆောင်ရည်ပိုင်းမှာ ထိခိုက်မှုကြီးကြီးမားမားမရှိဘူးလို့ သိရပါတယ်။ အဲ့ဒီအတွက် နောက်ပိုင်းမှာ ASUS ကနေ ROG Phone 3 ကို 160Hz Refresh Rate ရရှိအောင် Software Update ကနေတစ်ဆင့်ပြုလုပ်ပေးနိုင်ပါသေးတယ်။

Ref – Gizmo China