Asus ROG Phone 3 ကို ဒီလ ၂၂ ရက်နေ့ တရုတ်နဲ့ အိန္ဒိယမှာ ကြေညာတော့မှာ ဖြစ်ပြီး အခုတော့ အဲဒီ စမတ်ဖုန်းကို ထိုင်ဝမ် NCC မှာ မှတ်ပုံတင်ထားပြီလို့ သိရပါတယ်။ အဲဒီမှာ Specs တချို့ကိုလည်း ဖော်ပြထားပါတယ်။

မော်ဒယ်နံပါတ်က ASUS-I003D ဖြစ်ပြီး 30W Fast Charger Adapter ပါလာမှာ ဖြစ်ပါတယ်။ ဘက်ထရီက 6000mAh ဖြစ်ပြီး Internal Storage က 512GB ဖြစ်ပါတယ်။ TENAA က သတင်းအရ 5800mAh လို့ ဖော်ပြထားပေမယ့် တကယ်က 6000mAh ဖြစ်မှာပါ။

ROG Phone 3 မှာ ပူပူနွေးနွေး ကြေညာထားတဲ့ Snapdragon 865+ Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး TENAA က စာရင်းအရ 12GB RAM နဲ့ Android 10 ပါလာမှာပါ။ ၆.၅၉ လက်မ FullHD+ AMOLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ထည့်ထားမှာပါ။

အနောက်ဘက်မှာ ကင်မရာ ၃ လုံးထည့်ထားမှာ ဖြစ်ပြီး 64MP Main နဲ့ 13MP ကင်မရာတွေ ပါလာမှာပါ။ အရှေ့ဘက်မှာတော့ ကင်မရာ ၁ လုံးပဲ  ထည့်ထားမှာ ဖြစ်ပြီး အိန္ဒိယမှာ ၂၂ ရက်နေ့ ကြေညာတော့မှာပါ။ Lenovo ကလည်း ROG Phone 3 ကို ယှဉ်ပြိုင်မယ့် Lenovo Legion ကို အဲဒီနေ့မှာပဲ မိတ်ဆက်တော့မှာပါ။

Ref : gsmarena