Asus ကုမ္ပဏီဟာ သူတို့ရဲ့ နာမည်ကျော် Gaming စမတ်ဖုန်းစီးရီးအတွက် မျိုးဆက်သစ် ROG Phone 3 အား တရုတ်အခြေစိုက် Tencent ကုမ္ပဏီနဲ့ တွဲဖက်ထုတ်လုပ်ထားပြီး ယနေ့မှာတော့ ကုမ္ပဏီနှစ်ခုလုံးက Weibo ပလက်ဖောင်းမှာ သူ့ရဲ့ထွက်ရှိချိန်ကို ကြေညာလာခဲ့ပါတယ်။

ROG Phone II ရဲ့ဆက်ခံသူဖြစ်တဲ့ ဒီဖုန်းဟာ ဇူလိုင်လမှာ မိတ်ဆက်သွားမှာဖြစ်ကာ နေ့စွဲကိုတော့ အတိအကျ မဖော်ပြသေးပါဘူး။ ROG Phone II တုန်းကလိုပဲ Tencent ကနေ Customized လုပ်ထားတဲ့ Special Edition တစ်ခုကို မြင်ရဖို့လည်း ရှိပါတယ်။

Tencent Games ကလည်း သူတို့ဟာ ROG နဲ့အတူ နက်ရှိုင်းစွာ ပူးပေါင်းထုတ်လုပ်ထားပြီး ရရှိနိုင်တဲ့ Hardware ပေါ်မှာ စွမ်းဆောင်ရည်အမြင့်ဆုံးဖြစ်အောင် Optimize လုပ်ထားတယ်လို့ ဆိုပါတယ်။ အရင်နှစ်ကလိုပဲ ဒီဖုန်းပေါ်မှာ သူတို့ ထုတ်လုပ်ထားတဲ့ ဂိမ်းအချို့ကို စွမ်းဆောင်ရည်ပိုကောင်းအောင် Optimization လုပ်ပေးလာတာလည်း ဖြစ်နိုင်ပါတယ်။

Tencent ရဲ့ စတူဒီယိုခွဲတွေဟာ Call of Duty: Mobile ဂိမ်းနဲ့ PUBG တရုတ်ဗားရှင်းတို့အပြင် ဂိမ်းပေါင်းများစွာမှာ ပါဝင်ပတ်သက်ထားတာပါ။

မနှစ်က ROG II Tencent Edition ကတော့ တရုတ်ယွမ် ၃၅၀၀ (မြန်မာငွေ ၆ သိန်း ၉ သောင်းခန့်) ကျသင့်ခဲ့ပြီး ပုံမှန်ဗားရှင်းရဲ့ ဈေးနှုန်းဖြစ်တဲ့ ယွမ် ၆၀၀၀ (ကျပ် ၁၂ သိန်းနီးပါး) ထက် အများကြီးပိုသက်သာခဲ့ပါတယ်။ ROG Phone 3 မှာလည်း အလားတူမြင်ရမယ်လို့ မျှော်လင့်ပြီး အမြင့်ဆုံး 16GB RAM မော်ဒယ်ဟာ Tencent ဗားရှင်းမှာတော့ ရနိုင်မှာ မဟုတ်ပါဘူး။

Ref – GSMArena