ASUS ကနေ အခုအချိန်မှာ ROG Gaming Phone တွေကို မိတ်ဆက်လာတာ ROG Phone 2 အထိ ရောက်ရှိသွားပြီဖြစ်သလို ယခုနှစ်အတွင်းမှာလည်း ROG Phone 3 ကို မိတ်ဆက်သွားတော့မှာပါ။ အခုအချိန်မှာလည်း ASUS ROG Phone 3 လို့ ယူဆရတဲ့ဖုန်းရဲ့ Geekbench Benchmark တွေပေါက်ကြားလာပြီဖြစ်ပါတယ်။

အဆိုပါ Geekbench Benchmark မှာ ASUS_I003DD ဆိုတဲ့ Model Number နဲ့ ဖော်ပြခဲ့တာဖြစ်ပြီး RAM 8GB နဲ့ Android 10 OS ကို အသုံးပြုထားတာဖြစ်ပါတယ်။ Geekbench ရမှတ်အနေနဲ့ကတော့ Single-Core Score 902 Marks နဲ့ Multi-Core Score မှာ 3074 Marks အထိရရှိထားခဲ့ပါတယ်။

အဆိုပါ Geekbench Benchmark တွေအရတော့ Qualcomm Snapdragon 865 Chipset ကို အသုံးပြုထားတယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပြီးတော့ လက်ရှိ တခြားသော Snapdragon 865 Chipset အသုံးပြုထားတဲ့ဖုန်းတွေနဲ့ ယှဥ်ပြိုင်နိုင်တဲ့ Benchmark တွေလို့ ပြောနိုင်ပါတယ်။ဒါပေမယ့်လည်း RAM 8GB အပြင် တခြားသော 12GB သို့မဟုတ် 16GB RAM Version တွေရှိလာနိုင်မလားဆိုတာကိုတော့ မသိရှိရသေးပါဘူး။

ဒါတင်မဟုတ်သေးဘဲ Wi-Fi Alliance Listing ကနေ သိရှိရတဲ့အချက်အရ Qualcomm ရဲ့ QCA6390 Wi-Fi Chipset ကိုအသုံးပြုထားပြီး 2×2 Dual Band Wi-Fi 6 အပြင် Wi-Fi Direct ၊ Miracast လိုမျိုး Feature တွေလည်း ပါဝင်မယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ASUS ROG Phone 3 ဟာ ယခုနှစ်မှာလည်း အကောင်းဆုံး Gaming Phone တစ်လုံးဖြစ်လာနိုင်မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China