Asus ဟာ သူ့ရဲ့ Flagship သစ်ဖြစ်တဲ့ ROG Phone 4 အတွက် Teaser Campaign ကို ပြီးခဲ့တဲ့ ရက်သတ္တပတ်ကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။ Asus ရဲ့ တရားဝင် Weibo အကောင့်မှာတော့ ဖုန်းရဲ့ပုံသဏ္ဍာန်ကို မှန်းဆနိုင်မယ့် ကောက်ကြောင်းနဲ့ပိုစတာတစ်ခုကိုပဲ လွှင့်တင်ခဲ့တာပါ။

ထိုင်ဝမ်အခြေစိုက်ကုမ္ပဏီဟာ ROG Phone 4 နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေမယ့် ယုံကြည်စိတ်ချရတဲ့ Tipster ဖြစ်တဲ့ Digital Chat Station ကတော့ သတင်းယိုစိမ့်မှုအချို့ကို ထုတ်ဖော်လိုက်ပြီ ဖြစ်ပါတယ်။

Digital Chat Station ရဲ့အဆိုအရ ROG Phone 4 ဟာ Dual Cell 6,000mAh ဘက်ထရီအပြင် 60W ဒါမှမဟုတ် 65W အားသွင်းစနစ်တွေ ထောက်ပံ့ထားမယ်လို့ သိရပါတယ်။ ROG Phone 4 လို့ယူဆရတဲ့ မော်ဒယ်နံပါတ် I005DA နဲ့ Device ကို 65W charging နဲ့ 5G ချိတ်ဆက်မှုတွေနဲ့အတူ တရုတ် 3C မှာ Certification ရထားတာကိုလည်း မြင်တွေ့ခဲ့ကြပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လတုန်းကလည်း တူညီတဲ့ Device ကိုပဲ Android 11, Snapdragon 888 SoC, 8GB of RAM တွေနဲ့အတူ Geekbench မှာ တွေ့မြင်ခဲ့ကြရပြီး ဖြစ်ပါတယ်။ ဒါကြောင့် ROG Phone 4 နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို မကြာခင်အချိန်အတောအတွင်း တွေ့မြင်လာကြရမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena