Asus ဟာ ROG Phone 3 ရဲ့ မျိုးဆက်သစ် ဖြစ်တဲ့ ROG Phone 3S (ROG Phone 3 Strix Edition) ကို အရင်နှစ် ဒုတိယနှစ်ဝက်မှာ ကြေညာခဲ့ပါတယ်။ ထိုင်ဝမ် အခြေစိုက် ကုမ္ပဏီ Asus ဟာ ROG Phone 5S ကို ဒီလ ၁၆ ရက်နေ့ မိတ်ဆက်မယ်လို့ မကြာခင်က သတင်းထွက်ခဲ့ပါတယ်။ Asus ကတော့ အခုအချိန်အထိ မိတ်ဆက်မယ့် နေ့ကို တရားဝင် မပြောသေးပါဘူး။ အခုတော့ ဗီယက်နမ်က Tipster ၁ ယောက် ဖြစ်တဲ့ Chun က ROG Phone 5S မှာ ဒီနှစ် အစောပိုင်းက ကြေညာခဲ့တဲ့ ROG Phone 5 ထက် အဓိက တိုးတက်မှု ၃ ခု ပါလာမယ်လို့ ပြောပါတယ်။

Asus ROG Phone 5 - Notebookcheck.net External Reviews

ROG Phone 5S မှာ Snapdragon 888 Plus Chipset ပါလာနိုင်ပြီး ROG Phone ရဲ့ Snapdragon 888 ကို Overclocked ပြုလုပ်ထားတဲ့ Version ဖြစ်ပါတယ်။ နောက်ထပ် တိုးတက်မှုက 90Hz Refresh Rate ဖြစ်ပါတယ်။ ROG Phone 5 မှာ 60/120/144Hz Refresh Rate ထည့်သွင်းပေးထားပြီး ROG Phone 5S မှာ 60/90/120/144Hz Refresh Rate ပါလာမယ်လို့ သိရပါတယ်။

တတိယ တိုးတက်မှုက Virtual RAM ဖြစ်ပြီး 6GB Extended RAM အထိ ထောက်ပံ့နိုင်မှာပါ။ ဥပမာအနေနဲ့ 12GB RAM Version မှာ 18GB RAM အထိ အသုံးပြုနိုင်မှာပါ။

Chun က ROG Phone 5S ရဲ့ တခြား Specs နဲ့ ဒီဇိုင်းတွေက မူလ မော်ဒယ်နဲ့ တူညီမယ်လို့ ပြောပါတယ်။ မကြာခင်က ပေါက်ကြားသတင်းအရ ROG Phone 5S မှာ 16GB RAM + 256GB Storage နဲ့ 18GB RAM + 512GB Storage ထည့်ထားမယ်လို့ သိရပါတယ်။ တရုတ်မှာ ဒီလ ၁၆ ရက်နေ့ ကြေညာနိုင်ပြီး နိုင်ငံတကာအတွက် စက်တင်ဘာလမှာ ချပြနိုင်ပါတယ်။ လက်ရှိမှာ ရောင်းချမယ့် ဈေးနှုန်းကို မသိရသေးပါဘူး။

Ref : gizmochina