ASUS ဟာ ROG Phone 7 Series ကို မကြာခင်မှာ တရားဝင်မိတ်ဆက်သွားဖို့ စီစဥ်နေပြီဖြစ်ပါတယ်။ Gaming Phone တွေထဲမှာ နာမည်ကြီးတဲ့ ROG Phone တွေက ယခုနှစ်မှာ ၃ မျိုးမိတ်ဆက်ဖို့ရှိနေပြီး ROG Phone 7 ၊​ ROG Phone 7D နဲ့ ROG Phone 7 Ultimate ဖုန်းတွေပါဝင်မှာဖြစ်ပါတယ်။

အခုလည်း အဆိုပါ ROG Phone 7 Series ဖုန်းတွေထဲက ROG Phone 7D ဖုန်းကို Benchmarking Website တစ်ခုဖြစ်တဲ့ Geekbench မှာ ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။ အဆိုပါဖုန်းဟာ မနှစ်တုန်းက ROG Phone 6D ရဲ့ မျိုးဆက်သစ်ဖုန်းဖြစ်လာမှာပါ။

ROG Phone 7D ဖုန်းဟာ Model Number AI_2205D အနေနဲ့ ထွက်ရှိလာမှာဖြစ်ပြီး Codename အနေနဲ့ “kalama” လို့ နာမည်ပေးထားတယ်လို့ သိရပါတယ်။ Processor ပိုင်းမှာ Qualcomm Snapdragon 8 Gen 2 Chipset အပြင် RAM 16GB ပါဝင်တာကိုတွေ့ရပြီး Software ပိုင်းမှာ Android 13 OS ကို ထည့်သွင်းပေးထားပါတယ်။

Geekbench Benchmark တွေအနေနဲ့ Single-Core ပိုင်းမှာ 2012 မှတ် နဲ့ Multi-Core ပိုင်းမှာ 5697 မှတ်ရရှိထားပြီး တခြားသော Snapdragon 8 Gen 2 သုံးထားတဲ့ Flagship ဖုန်းတွေနဲ့ ဆင်တူမှာဖြစ်ပါတယ်။ ROG Phone 7D နဲ့ ပတ်သက်ပြီး တခြားသောအချက်အလက်တွေကို အသေးစိတ်မသိရသေးပေမယ့် 165Hz Refresh Rate ပါဝင်တဲ့ AMOLED Display ကို အသုံးပြုထားမယ်လို့ သတင်းထွက်ရှိထားပါတယ်။

Ref – Gizmo China