Asus ROG Phone III လို့ ထင်ရတဲ့ စမတ်ဖုန်း ၁ လုံး Geekbench မှာ ပြီးခဲ့တဲ့ လက ထွက်ပေါ်ခဲ့ပြီး မော်ဒယ်နံပါတ်က I003DD ဖြစ်ပါတယ်။ 8GB RAM ထည့်သွင်းထားပါတယ်။ အခုတော့ အဲဒီမော်ဒယ်ကိုပဲ Geekbench မှာ ထပ်တွေ့လာရပြီး 12GB RAM ပါလာပါတယ်။

8GB RAM Version လိုပဲ 12GB RAM Version မှာ Android 10 နဲ့ Snapdragon 865 SoC ထည့်သွင်းထားပါတယ်။ Geekbench မှာ တခြား သတင်းအချက်အလက်တွေကို မဖော်ပြထားပါဘူး။ Asus က ROG Phone III ကြေညာမယ့်နေ့ကို မပြောသေးပါဘူး။

ဒါပေမယ့် ထိုင်ဝမ်က ထွက်လာတဲ့ သတင်းတွေအရ အဲဒီ စမတ်ဖုန်းကို ZenFone 7 နဲ့အတူ ဇူလိုင်လမှာ ကြေညာမှာ ဖြစ်ပါတယ်။ ROG Phone II ကို ၂၀၁၉ ခုနှစ် ဇူလိုင်လမှာ ကြေညာခဲ့တဲ့အတွက် ဒီ သတင်း မှန်ကန်နိုင်ပါတယ်။

Ref : gsmarena