[Zawgyi]

Asus ကေတာ့ ROG Phone 2 အေၾကာင္းကို တရားဝင္ ေၾကညာလိုက္ပါၿပီ။ ေကာလဟလထြက္ခဲ့တဲ့ သတင္းေတြအတိုင္းပဲ Refresh Rate က 120Hz အထိရွိတဲ့ 6.59” OLED Display ႀကီးကို အသုံးျပဳထားတာ ျဖစ္ပါတယ္။ Display က Resolution 1080 x 2340 pixels ရွိတဲ့ 10-bit HDR Display အမ်ိဴးအစား ျဖစ္ၿပီး DCI-P3 (108%) နဲ႔ HDR10 ေတြကို ေထာက္ပံ့ေပးထားပါတယ္။ ဒါ့အျပင္ Touch Sensor ရဲ႕ Sampling Rate ကလည္း 240Hz အထိ ရွိတယ္လို႔ သိရပါတယ္။ Asus ကေတာ့ ROG Phone 2 မွာ သုံးထားတဲ့ Display ရဲ႕ Touch Latency က ရွိရွိသမွ် စမတ္ဖုန္းေတြထဲမွာ အနည္းဆုံး (အနိမ့္ဆုံး) ျဖစ္ၿပီး 49ms သာ ရွိတယ္လို႔ ႂကြားလုံးထုတ္ထားပါတယ္။

Processor ကေတာ့ အားလုံးသိထားတဲ့အတိုင္းပဲ မၾကာေသးခင္ကမွ မိတ္ဆက္ထားတဲ့ Snapdragon 855+ SoC ကို အသုံးျပဳထားပါတယ္။ ဒါ့ေၾကာင့္ ROG Phone 2 က Snapdragon 855+ SoC ကို ပထမဦးဆုံး အသုံးျပဳထားတဲ့ စမတ္ဖုန္းလို႔ ေျပာမယ္ဆိုရင္လည္း မမွားပါဘူး။ (+) ေမာ္ဒယ္က ႐ိုး႐ိုးေမာ္ဒယ္ျဖစ္တဲ့ Snapdragon 855 SoC ထက္ GPU စြမ္းေဆာင္ရည္အပိုင္းမွာ ၁၅% အထိ ပိုမိုျမန္ဆန္မယ္လို႔ Qualcomm က ဆိုထားပါတယ္။ ဒါ့အျပင္ CPU အပိုင္းကိုလည္း စြမ္းေဆာင္ရည္ ပိုမိုေကာင္းမြန္ေအာင္ Overclocked ျပဳလုပ္ထားပါေသးတယ္။

အေအးေပးစနစ္အတြက္ Vapor Chamber ကို ထည့္သြင္းတပ္ဆင္ထားၿပီး CPU Throttling ျဖစ္ျခင္းမွလည္း ကာကြယ္ေပးႏိုင္မယ္လို႔ သိရပါတယ္။ RAM အေနနဲ႔ 12GB ပါဝင္ၿပီး Memory Storage ကို 256/512GB ၂မ်ိဴး ထုတ္လုပ္ထားပါတယ္။ ကင္မရာအပိုင္းအတြက္ 48MP Main Camera နဲ႔ 13MP Ultra-wide Sensor ေတြကို ေနာက္ေက်ာဘက္မွာ တြဲဖက္တပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ 24MP Selfie Camera ကို တပ္ဆင္ေပးထားပါတယ္။

လုံၿခဳံေရးအပိုင္းအတြက္ Under-display Fingerprint Sensor ကို အသုံးျပဳထားပါတယ္။ ဘက္ထရီသိုေလွာင္မႈ ပမာဏ 6000mAh ပါဝင္ၿပီး USB Type-C ကေနတဆင့္ 30W အျမန္အားသြင္းစနစ္ကို အသုံးျပဳႏိုင္မွာပါ။ ဒါ့အျပင္ 10W Reverse Charging ကိုလည္း ေထာက္ပံ့ေပးထားတယ္လို႔ သိရပါတယ္။ Asus အေနနဲ႔ ROG Phone 2 ရဲ႕ ေစ်းႏႈန္းကို ထုတ္ျပန္ေၾကညာသြားျခင္း မရွိပါဘူး။ ဒါေပမယ့္ အနည္းဆုံး ကန္ေဒၚလာ ၈၉၉ ေဒၚလာ ( ျမန္မာေငြ ၁၃သိန္းခြဲ ဝန္းက်င္ ) က်သင့္ႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုထားၾကပါတယ္။ တိက်ေသခ်ာတဲ့ ေစ်းႏႈန္းကိုေတာ့ မနက္ျဖန္ တ႐ုတ္ႏိုင္ငံမွာ Asus နဲ႔ Tencent တို႔ ပူးတြဲက်င္းပမယ့္ပြဲကို ေစာင့္ၾကည့္ရမွာပါ။

Ref : TheVerge, GsmArena

[Unicode]

Display လန်းလန်း Performance ကြမ်းကြမ်းနဲ့ 6000mAh Battery ကြီးပါတဲ့ ROG Phone 2 ကို ကြေညာ

Asus ကတော့ ROG Phone 2 အကြောင်းကို တရားဝင် ကြေညာလိုက်ပါပြီ။ ကောလဟလထွက်ခဲ့တဲ့ သတင်းတွေအတိုင်းပဲ Refresh Rate က 120Hz အထိရှိတဲ့ 6.59” OLED Display ကြီးကို အသုံးပြုထားတာ ဖြစ်ပါတယ်။ Display က Resolution 1080 x 2340 pixels ရှိတဲ့ 10-bit HDR Display အမျိူးအစား ဖြစ်ပြီး DCI-P3 (108%) နဲ့ HDR10 တွေကို ထောက်ပံ့ပေးထားပါတယ်။ ဒါ့အပြင် Touch Sensor ရဲ့ Sampling Rate ကလည်း 240Hz အထိ ရှိတယ်လို့ သိရပါတယ်။ Asus ကတော့ ROG Phone 2 မှာ သုံးထားတဲ့ Display ရဲ့ Touch Latency က ရှိရှိသမျှ စမတ်ဖုန်းတွေထဲမှာ အနည်းဆုံး (အနိမ့်ဆုံး) ဖြစ်ပြီး 49ms သာ ရှိတယ်လို့ ကြွားလုံးထုတ်ထားပါတယ်။

Processor ကတော့ အားလုံးသိထားတဲ့အတိုင်းပဲ မကြာသေးခင်ကမှ မိတ်ဆက်ထားတဲ့ Snapdragon 855+ SoC ကို အသုံးပြုထားပါတယ်။ ဒါ့ကြောင့် ROG Phone 2 က Snapdragon 855+ SoC ကို ပထမဦးဆုံး အသုံးပြုထားတဲ့ စမတ်ဖုန်းလို့ ပြောမယ်ဆိုရင်လည်း မမှားပါဘူး။ (+) မော်ဒယ်က ရိုးရိုးမော်ဒယ်ဖြစ်တဲ့ Snapdragon 855 SoC ထက် GPU စွမ်းဆောင်ရည်အပိုင်းမှာ ၁၅% အထိ ပိုမိုမြန်ဆန်မယ်လို့ Qualcomm က ဆိုထားပါတယ်။ ဒါ့အပြင် CPU အပိုင်းကိုလည်း စွမ်းဆောင်ရည် ပိုမိုကောင်းမွန်အောင် Overclocked ပြုလုပ်ထားပါသေးတယ်။

အအေးပေးစနစ်အတွက် Vapor Chamber ကို ထည့်သွင်းတပ်ဆင်ထားပြီး CPU Throttling ဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်မယ်လို့ သိရပါတယ်။ RAM အနေနဲ့ 12GB ပါဝင်ပြီး Memory Storage ကို 256/512GB ၂မျိူး ထုတ်လုပ်ထားပါတယ်။ ကင်မရာအပိုင်းအတွက် 48MP Main Camera နဲ့ 13MP Ultra-wide Sensor တွေကို နောက်ကျောဘက်မှာ တွဲဖက်တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 24MP Selfie Camera ကို တပ်ဆင်ပေးထားပါတယ်။

လုံခြုံရေးအပိုင်းအတွက် Under-display Fingerprint Sensor ကို အသုံးပြုထားပါတယ်။ ဘက်ထရီသိုလှောင်မှု ပမာဏ 6000mAh ပါဝင်ပြီး USB Type-C ကနေတဆင့် 30W အမြန်အားသွင်းစနစ်ကို အသုံးပြုနိုင်မှာပါ။ ဒါ့အပြင် 10W Reverse Charging ကိုလည်း ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။ Asus အနေနဲ့ ROG Phone 2 ရဲ့ စျေးနှုန်းကို ထုတ်ပြန်ကြေညာသွားခြင်း မရှိပါဘူး။ ဒါပေမယ့် အနည်းဆုံး ကန်ဒေါ်လာ ၈၉၉ ဒေါ်လာ ( မြန်မာငွေ ၁၃သိန်းခွဲ ဝန်းကျင် ) ကျသင့်နိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။ တိကျသေချာတဲ့ စျေးနှုန်းကိုတော့ မနက်ဖြန် တရုတ်နိုင်ငံမှာ Asus နဲ့ Tencent တို့ ပူးတွဲကျင်းပမယ့်ပွဲကို စောင့်ကြည့်ရမှာပါ။

Ref : TheVerge, GsmArena