Game ဆော့ရတာကို ကြိုက်တဲ့ ဂိမ်မာတစ်ယောက်ဆိုရင် ဂိမ်းကို Desktop နဲ့ပဲဆော့ကစားကြတာများပါတယ်။ အဲ့ဒါကလည်း Laptop တွေမှာက Desktop လောက်နီးနီး စွမ်းဆောင်ရည်ကို မရရှိနိုင်တာကြောင့်ပါ။ ဒါပေမဲ့ ASUS ရဲ့ Republic of Gamers ကနေ ထုတ်လုပ်ထားတဲ့ Gaming Laptop တစ်ခုက Desktop Gaming Setup တွေလောက်တောင် ကောင်းမွန်နေတယ်ဆိုရင်ရော…

အခု ASUS ကနေ ထုတ်လုပ်ထားတဲ့ Gaming Laptop အလန်းစားကတော့ ASUS ROG Strix Hero Edition (True MOBA Hero) GL503 အမျိုးအစားပဲဖြစ်ပါတယ်။ အခု Gaming Laptop ဟာ မြင်လိုက်တာနဲ့တင် တကယ်ကို အလန်းစား Gaming Laptop တစ်ခုလို မြင်ရတဲ့အပြင် Gaming စွမ်းဆောင်ရည်ပိုင်းအရလည်း လုံးဝကို ထိပ်တန်းအဆင့်ရှိနေတာပဲဖြစ်ပါတယ်။ ကဲ… ဒီ ASUS ROG Strix GL503 Gaming Laptop ကို လေ့လာကြည့်ရအောင်။

Design

ASUS ROG Strix GL503 Gaming Laptop ကိုကြည့်လိုက်မယ်ဆိုရင် ချက်ချင်းသိနိုင်တဲ့အချက်ကတော့ နောက်ဖက်က Back Lid Design ပဲဖြစ်ပါတယ်။ စက်ကိုဖွင့်လိုက်တာနဲ့ လုံးဝကို မီးအနီရောင်တောက်ပလာမယ့် ROG Logo နဲ့အတူ Texture ပုံစံမျိုး လုပ်ထားတဲ့ ၂ ခြမ်းခွဲထားတာက သားရဲတစ်ကောင်ရဲ့ မျက်လုံးလိုမျိုး ဖြစ်နေတာက လုံးဝကို အလန်းစားဖြစ်နေတာပါ။

Gaming Laptop တစ်ခုဖြစ်ပေမယ့်လည်း 2.4cm ပဲ ထူပြီးတော့ အလေးချိန်ကလည်း 15.6″ Laptop တစ်ခုအနေနဲ့ 2.6Kg ပဲရှိတဲ့အတွက် တော်တော်လေးကို ပေါ့တယ်လို့တောင်ပြောရမှာပါ။ Laptop ရဲ့ နောက်ဖက်က Heat Vents Design တွေ၊ Keyboard Layout Design တွေကလည်း ပေးရတဲ့ဈေးနဲ့ တန်တဲ့ Build Quality ရှိတယ်လို့ ပြောလို့ရပါတယ်။ အဲ့ဒီအတွက် Asus ROG Strix GL503 Laptop ကတော့ Design ပိုင်းမှာ အရမ်းကောင်းတဲ့ Laptop တစ်ခုလို့ သတ်မှတ်ရမှာပါ။

Display

 

ASUS ROG Strix GL503 Gaming Laptop မှာလည်း 15.6″ အရွယ် Full HD Resolution ရှိတဲ့ Display ကို ထည့်သွင်းထားတာဖြစ်ပါတယ်။ ဒါပေမယ့် ASUS ROG Strix GL503 ရဲ့ Display က သာမန် Laptop Display မဟုတ်ပါဘူး။

IPS Panel ကို အသုံးပြုထားတဲ့အတွက် Color Accuracy က 130% sRGB အထိ ရှိနေတဲ့အတွက် Gaming တင်မဟုတ်ပဲ Editing ပိုင်းတွေမှာပါ ကောင်းကောင်း အသုံးချနိုင်မှာဖြစ်တဲ့အပြင် IPS Panel ကြောင့် ဘယ် Angle ကနေပဲ ကြည့်ကြည့် အဆင်ပြေပြေနဲ့ ကြည့်ရှုနိုင်ဦးမှာဖြစ်ပါတယ်။

တကယ်လို့ Gaming အတွက်ဆိုရင်လည်း ASUS GL503 Gaming Laptop က သာမန် Display တွေလိုမျိုး 60Hz Display အမျိုးအစားမဟုတ်ပဲ Refresh Rate ကို 120Hz အထိရရှိနိုင်တဲ့ Display အမျိုးအစားလည်းဖြစ်ပါသေးတယ်။ အဲ့ဒီအတွက် MOBA Gamer တွေအတွက်ကတော့ တကယ့်ကို ဆော့ကစားရတဲ့ Feeling က နိဗ္ဗာန်ဘုံလို့တောင်ပြောလို့ရပါတယ်။

Performance

Gaming Laptop တစ်ခုမှာ စွမ်းဆောင်ရည်ကို ထည့်မပြောရင် အဓိပ္ပါယ်မရှိဖြစ်သွားမှာပါ။ အခု ASUS ရဲ့ ROG Strix GL503 Gaming Laptop မှာဆိုရင် လက်ရှိမှာ အကောင်းဆုံး Intel 8th Gen i7-8750H Processor ကို အသုံးပြုထားပြီး RAM ကလည်း 8GB DDR4 2666Mhz ပါမယ်၊ 32GB အထိလည်းတိုးလို့ရတယ်။ Gaming အတွက် အဓိကကျတဲ့ Graphic Card ကလည်း Nvidia GeForce GTX 1050Ti ကို အသုံးပြုထားတဲ့အတွက် လက်ရှိ ထွက်ထားသမျှ AAA Title Games တွေအတွက်လည်း အဆင်သင့်ဖြစ်နေမှာပါ။

Game တွေအတွက် သိုလှောင်ထားဖို့ Storage အနေနဲ့လည်း 1TB Storage ကို ထည့်သွင်းပေးထားပြီးတော့ တကယ်လို့ SSD သုံးမယ်ဆိုရင်လည်း ထပ်ပြီး တိုးချဲ့နိုင်ဦးမှာဖြစ်ပါတယ်။

အခု Performance ပိုင်းမှာ Hardware က အလွန်ကောင်းမွန်နေသလိုပဲ Software ကလည်း အခု Gaming Performance ကို ပိုတိုးလာအောင် ဆောင်ရွက်ထားပါသေးတယ်။ ဒါကတော့ ASUS ROG ရဲ့ Trademark တစ်ခုဖြစ်တဲ့ Gaming Center ပါ။

GL503 ရဲ့ Keyboard မှာ ပါဝင်တဲ့ Custom Hot Key တစ်ခုကို နှိပ်လိုက်တာနဲ့ လက်ရှိ CPU Temperature ၊ Clock Speed ၊ Over Clock တွေနဲ့ Fan Overboost တွေကို Software တစ်ခုထဲကနေ ထိန်းချူပ်နိုင်ဦးမှာပါ။ အဲ့ဒီအတွက် တကယ်လို့ အရမ်း Graphic မြင့်တဲ့ Game တွေကို ဆော့နေပြီဆိုရင် Fan Speed ၊ CPU Speed တွေကိုပါ ကိုစိတ်ကြိုက်ထိန်းချူပ်နိုင်မှာဖြစ်ပါတယ်။

တကယ်တမ်း ဂိမ်းဆော့ကြည့်တဲ့အချိန်မှာလည်း လက်ရှိ PUBG ၊ Fortnite ၊ Need For Speed တွေလို ဂိမ်းတွေကို Graphic High Setting နဲ့ ဆော့ကစားနိုင်တာကို တွေ့ရပါတယ်။ တကယ်လို့ ကိုယ်က Dota 2 လိုမျိုး MOBA ဂိမ်းတွေကို ဆော့တယ်ဆိုရင် ဒီ ASUS ROG Strix Hero Edition (True MOBA Hero) 120Hz Display ကြောင့် လုံးဝကို မတူညီတဲ့ မြန်ဆန်နေတဲ့ ခံစားမှုကို ရရှိမှာ ကျိန်းသေပါတယ်။

Heat အနေနဲ့ကလည်း Fan တွေက အလွန်ကောင်းတဲ့အတွက် Heat တက်တာမျိုး မရှိပြန်ပါဘူး။ ဒါပေမယ့် Fan Noise ကတော့ Heavy Load တွေမှာ အသံကြားရတဲ့အထိ မြင့်မားတာကို တွေ့ခဲ့ရပါတယ်။ ASUS ရဲ့ ပြောကြားချက်အရတော့ သူ့ရဲ့ Gaming Laptop တွေမှာ Fan ကို ဖုန်မှုန့်တွေမဝင်အောင် Anti-Dust Channel ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

Others

အဲ့တာဆိုရင် ကျန်တဲ့အချက်တွေကို ပြောကြည့်တာပေါ့။ ASUS ရဲ့ Backlit Chiclet Keyboard က 4 Zone RGB Lighting ကို Support ပြုလုပ်တဲ့အတွက် ကိုယ့်စိတ်ကက် 16.8 millions color တွေကို အသုံးပြုနိုင်မှာဖြစ်သလို MOBA Game တွေအတွက် QWER Keys တွေကိုလည်း သီးခြားဖြစ်နေအောင် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။

Audio ပိုင်းကလည်း မတရားကောင်းတယ်လို့တောင်ပြောလို့ရပြီး 3.5W Speaker ၂ လုံး အပြင် Sonic Studio နဲ့ Sonic Radar III Software တွေကို Support ပြုလုပ်တာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဂိမ်းပဲဆော့ဆော့၊ ရုပ်ရှင်ပဲကြည့်ကြည့် အလန်းဖြစ်နေမှာပါ။

Ports တွေအနေနဲ့လည်း စုံလင်ပြီးတော့ 1 x USB 3.1 Gen 2 (Type-C) ၊ 3 x USB 3.1 Gen1, 1 x USB 2.0 ၊ 1x Mini Display Port 1.2 ၊ 1x HDMI 1.4 ၊ 1x RJ-45 Jack ၊ 1 × SD card slot ၊ 1x 3.5mm headphone နဲ့ microphone combo jack တွေပါဝင်မှာဖြစ်ပါတယ်။

Battery အနေနဲ့ကတော့ 4 Cells 64Whrs Battery ပါဝင်ပြီးတော့ ဂိမ်းမဆော့တဲ့အချိန်တွေမှာတော့ ပုံမှန် Battery နဲ့ ၄ နာရီကနေ ၅ နာရီကြားအသုံးပြုလို့ရတာကို တွေ့ရပါတယ်။

နိဂုံးအနေနဲ့ပြောရရင် ASUS ROG Strix GL503 Gaming Laptop က လောလောဆယ်မှာ ဒေါ်လာ ၁၂၄၉ နဲ့ ရောင်းချနေပြီးတော့ ပေးရတဲ့ ဈေးထက် Build Quality ပိုင်း၊ စွမ်းဆောင်ရည်ပိုင်းက ပိုတဲ့ Laptop တစ်ခုလို့ ပြောလို့ရပါတယ်။ အဲ့ဒီအတွက် တကယ်လို့ မြင်လိုက်တာနဲ့ အလန်းစား Gaming Laptop တစ်ခုကိုလည်း လိုချင်တယ်၊ စွမ်းဆောင်ရည်အရလည်း ကောင်းနေဖို့လိုတယ်ဆိုရင် အခု ASUS Strix GL 503 Gaming Laptop က ထည့်သွင်းစဉ်းစားသင့်တဲ့ထဲပါပါတယ်။