Zawgyi

ASUS ကေန ျပီးခဲ့တဲ့ ဇူလုိင္လ ၁၀ ရက္ေန႔တုန္းက ျမန္မာႏုိင္ငံေစ်းကြက္ထဲကို ေစ်းႏႈန္းအနိမ့္ပိုင္းကေန အျမင့္ပုိင္းအထိ Gaming Laptop ေတြအမ်ားအျပားကို ေရာင္းခ်ေပးခဲ့ပါတယ္။ အဲ့ဒီထဲကမွ Entry ပိုင္းလည္းမဟုတ္၊ Flagship Zephyrus Series လည္းမဟုတ္တဲ့ ASUS Strix Series Gaming Laptop ေတြက Gamer အမ်ားစုဝယ္ယူဖုိ႔ စဥ္းစားမိတဲ့ Laptop ေတြျဖစ္လာမွာပါ။

အခုဒီ Article မွာေတာ့ ASUS ကေန မိတ္ဆက္ေပးခဲ့တဲ့ Strix G (G531) နဲ႔ Strix Scar III (G731) Gaming Laptop ၂ ခုအေၾကာင္းကို ေဖာ္ျပေပးသြားမွာျဖစ္ျပီးေတာ့ ဒီ Gaming Laptop ၂ မ်ိဳးက ဘာေတြကြာျခားတယ္၊ ဘယ္သူေတြက ဘယ္ Laptop ကို ပိုျပီးဝယ္သင့္သလဲဆုိတာကို Comparison လုပ္ေပးသြားမွာပါ။

Screen Size

ဒီ ASUS Strix G (G531) နဲ႔ Strix Scar II (G731) Gaming Laptop မွာ အဓိကကြာျခားတာက Screen Size ပဲျဖစ္ပါတယ္။ Strix G တျဖစ္လဲ G531 က 15.6″ 120Hz IPS Display ကို အသံုးျပဳေပးထားျပီးေတာ့ Strix Scar III (G731) ကေတာ့ 17.3″ ရွိတဲ့ 144Hz IPS Display ကို သံုးေပးထားတာပဲျဖစ္ပါတယ္။ ဒီ Strix Scar III မွာဆုိရင္ Response Time ကလည္း 3ms ပဲရွိတဲ့အတြက္ ကိုယ့္အတြက္ Portable ျဖစ္ဖုိ႔ထက္ Gaming ပိုင္းမွာ ပိုျပီး Smooth ျဖစ္ဖို႔၊ Immersive ျဖစ္ဖုိ႔က ပိုအေရးၾကီးတယ္ဆုိရင္ Strix Scar III ကို ေရြးခ်ယ္တာက ပိုျပီး အဆင္ေျပမွာပါ။

ဒါေပမယ့္ ဒီ Gaming Laptop ၂ ခုစလံုးက Full HD IPS Panel ကို သံုးေပးထားတဲ့အတြက္ Color ပိုင္းေတြ၊ Brightness ပိုင္းေတြမွာေတာ့ အားနည္းေနမွာမဟုတ္ပါဘူး။

Performance

Performance ပိုင္းမွာေတာ့ ကိုယ္ကေစ်းအနည္းဆံုးေပးျပီး Performance ကိုလည္း အေကာင္းဆံုးလုိခ်င္တယ္ဆိုရင္ေတာ့ Strix G (G531) ကေတာ္ေတာ္ေလးကို အဆင္ေျပေနတာကိုေတြ႕ရပါတယ္။ ဘာေၾကာင့္လဲဆုိရင္ Strix G ရဲ႕ ေစ်းႏႈန္းက ေဒၚလာ ၁၀၀၀ ဝန္းက်င္ကေန စတင္တာျဖစ္ျပီးေတာ့ အဲ့ဒီေစ်းမွာဆုိရင္ေတာင္မွ 9th Gen i7 – 9750H Processor ၊ 8GB RAM ၊ 512GB PCI-E SSD နဲ႔ Nvidia GTX 1050 Graphic ေတြကို ရရွိမွာျဖစ္ပါတယ္။ Graphic ပိုင္းကိုျမွင့္ခ်င္တယ္ဆုိရင္ Nvidia GTX 1660Ti အထိ ေရြးခ်ယ္ႏုိင္ျပီး အဲ့ဒီအျမင့္ဆံုး GTX 1660Ti Version ဆုိရင္ေတာင္ $1,389 ပဲ က်သင့္မွာျဖစ္ပါတယ္။

တဖက္မွာေတာ့ Strix Scar III (G731) က လံုးဝကို Performance အျမင့္ဆံုးလုိခ်င္တဲ့သူေတြအတြက္ ပုိျပီး သင့္ေတာ္တယ္လုိ႔ ေျပာလို႔ရပါတယ္။ ဘာေၾကာင့္လဲဆုိရင္ အနိမ့္ဆံုး Version က Intel i7 – 9750H Processor ၊ RAM 8GB ၊ 512GB PCI-E SSD နဲ႔ Nvidia GTX 1660Ti ပါဝင္တာျခင္းတူညီေပမယ့္ ေစ်းႏႈန္းအေနနဲ႔ $1,599 က်သင့္မွာျဖစ္ပါတယ္။ ဒါေပမယ့္ လံုးဝ Performance အေကာင္းဆံုးကို လုိခ်င္တဲ့သူေတြအတြက္ကေတာ့ 9th Gen i7 အျပင္ Nvidia RTX 2070 Graphic ၊ 16GB RAM နဲ႔ 512GB PCI-E SSD အျပင္ 1TB SSHD ပါဝင္တဲ့ Version ကို ေရြးခ်ယ္ႏုိင္မွာျဖစ္ျပီး ဒီ Gaming Desktop ေတြကို အစားထုိးႏုိင္တဲ့ Performance နဲ႔ ဒီ အျမင့္ဆံုး Version က $2,399 ပဲက်သင့္မွာျဖစ္ပါတယ္။

Keystone

ဒီ ASUS ရဲ႕ ကိုယ္ပိုင္ Keystone Feature ကေတာ့ Strix G (G531) မွာပါဝင္ျခင္းမရွိဘဲ Strix Scar III (G731) မွာပဲ သီးသန္႔ပါဝင္တဲ့ Feature တစ္ခုျဖစ္ပါတယ္။ ဒီ Keystone Feature က ကိုယ့္ရဲ႕ Personal Game Profile ေတြ၊ Shadow Drive လုိ႔ေခၚတဲ့ လံုးဝ Private Folder တစ္ခုငကို သီးသန္႔ သိမ္းဆည္းထားႏုိင္မွာျဖစ္တဲ့အတြက္ ေတာ္ေတာ္ေလးကို ထူးဆန္းသလုိ အသံုးဝင္တဲ့ Feature တစ္ခုလုိ႔ေတာင္ ေျပာလို႔ရပါတယ္။

ဒါေတြကေတာ့ ဒီ ASUS Strix G (G531) နဲ႔ Strix Scar III (G731) တို႔ရဲ႕ အဓိကကြာျခားခ်က္ေတြပဲျဖစ္ပါတယ္။ ဒါေပမယ့္ ဒီလုိမ်ိဳး ကြာျခားခ်က္ေတြတင္မဟုတ္ဘဲ ဒီ Gaming Laptop ၂ ခုစလံုးမွာ တျခားေသာ Gaming Laptop ေတြနဲ႔ မတူဘဲ ထူးျခားေနတဲ့ အားသာခ်က္ေတြရွိပါေသးတယ္။

RGB Light Bar

ဒီ ASUS Strix G ေရာ၊ Strix Scar III ေရာ ၾကည့္လုိက္တာနဲ႔ တကယ့္ High End Gaming Laptop ေတြမွန္းသိသာေစတဲ့အခ်က္က ဒီ RGB Light Bar ဆုိရင္လည္းမမွားပါဘူး။ ပံုမွန္ RGB Keyboard အျပင္ Laptop ရဲ႕ ေအာက္ဘက္နဲ႔ ေဘးပတ္ပတ္လည္ကို RGB Color ေျပးေနေအာင္ လုပ္ထားတဲ့ ဒီ Light Bar က Gamer ေတြအတြက္ မတရားကို မိုက္ျပီးေတာ့ ညဘက္ ကိုယ့္အိမ္မွာကို Game ေဆာ့ေဆာ့၊ အျပင္ကို ယူသြားျပီးပဲသံုးသံုး စိတ္ေက်နပ္မႈကို အျမဲတမ္းရရွိေနမွာပါ။

Digital Numpad

ေနာက္ျပီး ဒီ ASUS Strix Gaming Laptop ၂ ခုမွာ Numpad ကိုပံုမွန္ Keyboard မွာပဲ ထည့္သြင္းေပးထားမယ့္အစား Touchpad မွာ သီးသန္႔ Button တစ္ခုနဲ႔ Digital Numpad ပံုစံလုပ္ေပးထားတာပဲျဖစ္ပါတယ္။ ဒါကလည္း အရမ္းၾကီး ထူးျခားေနတာမ်ိဳးမဟုတ္ေပမယ့္ တျခားေသာ Gaming Laptop ေတြမွာ ပါဝင္ျခင္းမရွိေသးတဲ့ Feature တစ္ခုျဖစ္ေနေတာ့ ေတာ္ေတာ္ကို မိုက္ေနျပန္ပါတယ္။

က်န္တဲ့အခ်က္ေတြကို ေျပာမယ္ဆိုရင္ေတာ့ ဒီ ASUS Strix G နဲ႔ Strix Scar III Gaming Laptop ၂ မ်ိဳးစလံုးမွာ ROG Intelligent Cooling ျဖစ္တဲ့ 3D Thermal Design ကို သံုးေပးထားျပီးေတာ့ ပံုမွန္ထက္ပိုေကာင္းတဲ့ Cooling ကို ေပးႏုိင္မွာျဖစ္ပါတယ္။ ေနာက္ျပီး Strix Scar III မွာဆုိရင္လည္း Laptop ရဲ႕ ေက်ာဘက္ ROG Logo က Backlit ျဖစ္ေနမွာပါ။

အဲ့ဒါေၾကာင့္ ဒီ ASUS Strix Series Gaming Laptop ေတြထဲက ဘယ္ Laptop ကို ေရြးခ်ယ္သင့္သလဲဆုိရင္ အခုနက ေျပာသြားတဲ့အတုိင္း ကိုယ္ကေစ်းအနည္းဆံုးေပးျပီး Performance ကိုလည္း အေကာင္းဆံုးလုိခ်င္တယ္ဆိုရင္ေတာ့ Strix G (G531) က ေရြးခ်ယ္သင့္ျပီးေတာ့ Nvidia RTX 2070 လုိမ်ိဳး Desktop တစ္ခုကို ေကာင္းေကာင္းအစားထုိးႏုိင္တဲ့ Performance ကို ေစ်းကို မၾကည့္ဘဲေရြးခ်ယ္မယ္ဆိုရင္ေတာ့ Strix Scar III (G731) Gaming Laptop က အေကာင္းဆံုးျဖစ္ေနမွာပါ။

Unicode

ASUS ကနေ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့တုန်းက မြန်မာနိုင်ငံဈေးကွက်ထဲကို ဈေးနှုန်းအနိမ့်ပိုင်းကနေ အမြင့်ပိုင်းအထိ Gaming Laptop တွေအများအပြားကို ရောင်းချပေးခဲ့ပါတယ်။ အဲ့ဒီထဲကမှ Entry ပိုင်းလည်းမဟုတ်၊ Flagship Zephyrus Series လည်းမဟုတ်တဲ့ ASUS Strix Series Gaming Laptop တွေက Gamer အများစုဝယ်ယူဖို့ စဉ်းစားမိတဲ့ Laptop တွေဖြစ်လာမှာပါ။

အခုဒီ Article မှာတော့ ASUS ကနေ မိတ်ဆက်ပေးခဲ့တဲ့ Strix G (G531) နဲ့ Strix Scar III (G731) Gaming Laptop ၂ ခုအကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပြီးတော့ ဒီ Gaming Laptop ၂ မျိုးက ဘာတွေကွာခြားတယ်၊ ဘယ်သူတွေက ဘယ် Laptop ကို ပိုပြီးဝယ်သင့်သလဲဆိုတာကို Comparison လုပ်ပေးသွားမှာပါ။

Screen Size

ဒီ ASUS Strix G (G531) နဲ့ Strix Scar II (G731) Gaming Laptop မှာ အဓိကကွာခြားတာက Screen Size ပဲဖြစ်ပါတယ်။ Strix G တဖြစ်လဲ G531 က 15.6″ 120Hz IPS Display ကို အသုံးပြုပေးထားပြီးတော့ Strix Scar III (G731) ကတော့ 17.3″ ရှိတဲ့ 144Hz IPS Display ကို သုံးပေးထားတာပဲဖြစ်ပါတယ်။ ဒီ Strix Scar III မှာဆိုရင် Response Time ကလည်း 3ms ပဲရှိတဲ့အတွက် ကိုယ့်အတွက် Portable ဖြစ်ဖို့ထက် Gaming ပိုင်းမှာ ပိုပြီး Smooth ဖြစ်ဖို့၊ Immersive ဖြစ်ဖို့က ပိုအရေးကြီးတယ်ဆိုရင် Strix Scar III ကို ရွေးချယ်တာက ပိုပြီး အဆင်ပြေမှာပါ။

ဒါပေမယ့် ဒီ Gaming Laptop ၂ ခုစလုံးက Full HD IPS Panel ကို သုံးပေးထားတဲ့အတွက် Color ပိုင်းတွေ၊ Brightness ပိုင်းတွေမှာတော့ အားနည်းနေမှာမဟုတ်ပါဘူး။

Performance

Performance ပိုင်းမှာတော့ ကိုယ်ကဈေးအနည်းဆုံးပေးပြီး Performance ကိုလည်း အကောင်းဆုံးလိုချင်တယ်ဆိုရင်တော့ Strix G (G531) ကတော်တော်လေးကို အဆင်ပြေနေတာကိုတွေ့ရပါတယ်။ ဘာကြောင့်လဲဆိုရင် Strix G ရဲ့ ဈေးနှုန်းက ဒေါ်လာ ၁၀၀၀ ဝန်းကျင်ကနေ စတင်တာဖြစ်ပြီးတော့ အဲ့ဒီဈေးမှာဆိုရင်တောင်မှ 9th Gen i7 – 9750H Processor ၊ 8GB RAM ၊ 512GB PCI-E SSD နဲ့ Nvidia GTX 1050 Graphic တွေကို ရရှိမှာဖြစ်ပါတယ်။ Graphic ပိုင်းကိုမြှင့်ချင်တယ်ဆိုရင် Nvidia GTX 1660Ti အထိ ရွေးချယ်နိုင်ပြီး အဲ့ဒီအမြင့်ဆုံး GTX 1660Ti Version ဆိုရင်တောင် $1,389 ပဲ ကျသင့်မှာဖြစ်ပါတယ်။

တဖက်မှာတော့ Strix Scar III (G731) က လုံးဝကို Performance အမြင့်ဆုံးလိုချင်တဲ့သူတွေအတွက် ပိုပြီး သင့်တော်တယ်လို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုရင် အနိမ့်ဆုံး Version က Intel i7 – 9750H Processor ၊ RAM 8GB ၊ 512GB PCI-E SSD နဲ့ Nvidia GTX 1660Ti ပါဝင်တာခြင်းတူညီပေမယ့် ဈေးနှုန်းအနေနဲ့ $1,599 ကျသင့်မှာဖြစ်ပါတယ်။ ဒါပေမယ့် လုံးဝ Performance အကောင်းဆုံးကို လိုချင်တဲ့သူတွေအတွက်ကတော့ 9th Gen i7 အပြင် Nvidia RTX 2070 Graphic ၊ 16GB RAM နဲ့ 512GB PCI-E SSD အပြင် 1TB SSHD ပါဝင်တဲ့ Version ကို ရွေးချယ်နိုင်မှာဖြစ်ပြီး ဒီ Gaming Desktop တွေကို အစားထိုးနိုင်တဲ့ Performance နဲ့ ဒီ အမြင့်ဆုံး Version က $2,399 ပဲကျသင့်မှာဖြစ်ပါတယ်။

Keystone

ဒီ ASUS ရဲ့ ကိုယ်ပိုင် Keystone Feature ကတော့ Strix G (G531) မှာပါဝင်ခြင်းမရှိဘဲ Strix Scar III (G731) မှာပဲ သီးသန့်ပါဝင်တဲ့ Feature တစ်ခုဖြစ်ပါတယ်။ ဒီ Keystone Feature က ကိုယ့်ရဲ့ Personal Game Profile တွေ၊ Shadow Drive လို့ခေါ်တဲ့ လုံးဝ Private Folder တစ်ခုငကို သီးသန့် သိမ်းဆည်းထားနိုင်မှာဖြစ်တဲ့အတွက် တော်တော်လေးကို ထူးဆန်းသလို အသုံးဝင်တဲ့ Feature တစ်ခုလို့တောင် ပြောလို့ရပါတယ်။

ဒါတွေကတော့ ဒီ ASUS Strix G (G531) နဲ့ Strix Scar III (G731) တို့ရဲ့ အဓိကကွာခြားချက်တွေပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ကွာခြားချက်တွေတင်မဟုတ်ဘဲ ဒီ Gaming Laptop ၂ ခုစလုံးမှာ တခြားသော Gaming Laptop တွေနဲ့ မတူဘဲ ထူးခြားနေတဲ့ အားသာချက်တွေရှိပါသေးတယ်။

RGB Light Bar

ဒီ ASUS Strix G ရော၊ Strix Scar III ရော ကြည့်လိုက်တာနဲ့ တကယ့် High End Gaming Laptop တွေမှန်းသိသာစေတဲ့အချက်က ဒီ RGB Light Bar ဆိုရင်လည်းမမှားပါဘူး။ ပုံမှန် RGB Keyboard အပြင် Laptop ရဲ့ အောက်ဘက်နဲ့ ဘေးပတ်ပတ်လည်ကို RGB Color ပြေးနေအောင် လုပ်ထားတဲ့ ဒီ Light Bar က Gamer တွေအတွက် မတရားကို မိုက်ပြီးတော့ ညဘက် ကိုယ့်အိမ်မှာကို Game ဆော့ဆော့၊ အပြင်ကို ယူသွားပြီးပဲသုံးသုံး စိတ်ကျေနပ်မှုကို အမြဲတမ်းရရှိနေမှာပါ။

Digital Numpad

နောက်ပြီး ဒီ ASUS Strix Gaming Laptop ၂ ခုမှာ Numpad ကိုပုံမှန် Keyboard မှာပဲ ထည့်သွင်းပေးထားမယ့်အစား Touchpad မှာ သီးသန့် Button တစ်ခုနဲ့ Digital Numpad ပုံစံလုပ်ပေးထားတာပဲဖြစ်ပါတယ်။ ဒါကလည်း အရမ်းကြီး ထူးခြားနေတာမျိုးမဟုတ်ပေမယ့် တခြားသော Gaming Laptop တွေမှာ ပါဝင်ခြင်းမရှိသေးတဲ့ Feature တစ်ခုဖြစ်နေတော့ တော်တော်ကို မိုက်နေပြန်ပါတယ်။

ကျန်တဲ့အချက်တွေကို ပြောမယ်ဆိုရင်တော့ ဒီ ASUS Strix G နဲ့ Strix Scar III Gaming Laptop ၂ မျိုးစလုံးမှာ ROG Intelligent Cooling ဖြစ်တဲ့ 3D Thermal Design ကို သုံးပေးထားပြီးတော့ ပုံမှန်ထက်ပိုကောင်းတဲ့ Cooling ကို ပေးနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး Strix Scar III မှာဆိုရင်လည်း Laptop ရဲ့ ကျောဘက် ROG Logo က Backlit ဖြစ်နေမှာပါ။

အဲ့ဒါကြောင့် ဒီ ASUS Strix Series Gaming Laptop တွေထဲက ဘယ် Laptop ကို ရွေးချယ်သင့်သလဲဆိုရင် အခုနက ပြောသွားတဲ့အတိုင်း ကိုယ်ကဈေးအနည်းဆုံးပေးပြီး Performance ကိုလည်း အကောင်းဆုံးလိုချင်တယ်ဆိုရင်တော့ Strix G (G531) က ရွေးချယ်သင့်ပြီးတော့ Nvidia RTX 2070 လိုမျိုး Desktop တစ်ခုကို ကောင်းကောင်းအစားထိုးနိုင်တဲ့ Performance ကို ဈေးကို မကြည့်ဘဲရွေးချယ်မယ်ဆိုရင်တော့ Strix Scar III (G731) Gaming Laptop က အကောင်းဆုံးဖြစ်နေမှာပါ။