Zawgyi

ASUS ကေန အခုအခ်ိန္မွာ ျမန္မာႏုိင္ငံေစ်းကြက္ထဲကို ေနာက္ဆံုးထြက္ Processor ေတြ၊ Graphic Card ေတြပါဝင္လာတဲ့ အလန္းစား TUF ၊ Strix နဲ႔ Zephyrus Series Gaming Laptop ေတြကို မိတ္ဆက္လုိက္ျပီျဖစ္ပါတယ္။ ဒီထဲကမွ ေစ်းသက္သာျပီး စြမ္းေဆာင္ရည္ပိုင္းမွာလည္း လံုးဝအားမနည္းတဲ့ ASUS TUF FX505 Gaming Laptop ကို Review လုပ္ေပးလုိက္ပါတယ္။

ASUS TUF FX505 Gaming Laptop က ေစ်းႏႈန္းအေနနဲ႔ ေဒၚလာ ၈၀၀ ဝန္းက်င္ကေန စတင္မွာျဖစ္ျပီးေတာ့ အျမင့္ဆံုးအေနနဲ႔ ေဒၚလာ ၁၁၀၀ ဝန္းက်င္ပဲရွိမွာျဖစ္တဲ့အတြက္ လက္ရွိ Gaming Laptop ေတြနဲ႔ ယွဥ္ရင္ ေစ်းေတာင္ ပိုသက္သာေနတယ္လုိ႔ ေျပာလုိ႔ရပါတယ္။

ဒီ FX505 Gaming Laptop ကို အရင္ဆံုးၾကည့္လုိက္တာနဲ႔ ေနာက္ဖက္က Sand Blasted Back Cover ကို ျမင္ရမွာျဖစ္ျပီးေတာ့ တျခားေသာ Plastic Back Cover ေတြနဲ႔ ယွဥ္မယ္ဆုိရင္ ေတာ္ေတာ္ေလးကို လွေနတာပါ။ ဒါတင္မဟုတ္ေသးဘဲ ေနာက္ဖက္က ASUS Logo ကလည္း Backlit ျဖစ္တဲ့အတြက္ ညဘက္မွာဆိုရင္ မီးလင္းေနဦးမွာပါ။ အျပင္ပန္း ဒီဇုိင္းအရေတာ့ ဒီ FX505 Gaming Laptop ကေတာ္ေတာ္ေလးကိုေကာင္းေနျပီးေတာ့ Premium Feeling ကိုပါ ျပန္ရတယ္လုိ႔ ေျပာလုိ႔ရပါတယ္။

Specification အေနနဲ႔ဆုိရင္ အျမင့္ဆံုးအေနနဲ႔ AMD Ryzen 7 – 3750H Processor ကို အသံုးျပဳထားျပီးေတာ့ Graphic Card အေနနဲ႔ Nvidia GTX 1660Ti 6GB ကို သံုးေပးထားတာျဖစ္ပါတယ္။ ဒါ့အျပင္ Storage အတြက္လည္း ေတာ္ေတာ္ကို ျမန္ဆန္တဲ့ 512GB PCI-E SSD ကိုထည့္ေပးထားျပီးေတာ့ Storage မေလာက္ရင္ SATA HDD ကိုလည္း ထပ္တုိးႏုိင္မယ့္ Slot ပါဝင္မွာပါ။ အဲ့ဒီအတြက္ Specs အရလည္း ယခင္တုန္းက ေဒၚလာ ၁၀၀၀ ဝန္းက်င္ Gaming Laptop ေတြနဲ႔ ယွဥ္ရင္ အရမ္းကို သိသိသာသာေကာင္းလာတယ္လုိ႔ ေျပာရမွာပါ။

စြမ္းေဆာင္ရည္ပိုင္းမွာ စမ္းၾကည့္တဲ့အခ်ိန္မွာေတာ့ Intel Processor ေတြအစား AMD Ryzen 7 Processor ကို အသံုးျပဳတာက တစ္ခ်ိဳ႕ေနရာမွာေတာ့ အားနည္းခ်က္အခ်ိဳ႕ကုိေတြ႕ရပါတယ္။ ဒါက CPU ကို အဓိကအသံုးျပဳဖုိ႔လုိအပ္တဲ့ Video Editing နဲ႔ Multitasking လုိမ်ိဳး အေျခအေနတစ္ခ်ိဳ႕မွာ Intel i7 Processor ေတြထက္ အနည္းငယ္ေႏွးေနတာပါ။ ဒါေပမယ့္ TUF FX505 က Gaming ပိုင္းမွာေတာ့ ဒီအားနည္းခ်က္က လံုးဝမရွိဘူးလုိ႔ေျပာလုိ႔ရပါတယ္။

Game ေတြအေနနဲ႔ ၾကည့္မယ္ဆိုရင္ CS : Go ၊ PUBG ၊ Apex Legends ၊ GTA V လို Game ေတြအကုန္လံုးမွာ Frame Rate က Graphics Setting ကို High မွာထားတယ္ဆုိရင္ေတာင္မွ 80 ကေန 120fps အထိရွိေနတာျဖစ္ပါတယ္။ အဲ့ဒီအတြက္ Frame Rate ကို 60fps အထက္ ပိုလုိအပ္တဲ့ CS : Go လုိ Game ေတြမွာ သိသိသာသာကို ေဆာ့ရတာပိုေကာင္းေနပါတယ္။ ေနာက္ျပီး AMD Ryzen Processor က Heat အေနနဲ႔လည္း ေတာ္ေတာ္ေလးကို သေဘာက်ဖုိ႔ေကာင္းေနျပီးေတာ့ တစ္ေနကုန္ Game ေဆာ့ေနတယ္ဆုိရင္ေတာင္မွ Heat တက္တာမ်ိဳး မရွိပါဘူး။

ေနာက္ျပီး Display ပိုင္းအေနနဲ႔ဆိုရင္ေတာ့ ASUS FX505 Gaming Laptop က 15.6″ Full HD 120Hz IPS Display ကို သံုးေပးထားတာပါ။ ဒီ Display က Brightness ပိုင္းေတြ၊ Color Accuracy ေတြမွာလည္း ေတာ္ေတာ္ကို ေကာင္းတယ္လုိ႔ ေျပာလုိ႔ရျပီးေတာ့ အားနည္းခ်က္မရွိသေလာက္ပါပဲ။

က်န္တဲ့ Keyboard မွာလည္း WASD Keys ေတြကို Highlight ျပဳလုပ္ထားတဲ့အျပင္ ဒီေစ်းဝန္းက်င္ Gaming Laptop ေတြမွာ သိပ္မေတြ႕ရတဲ့ RGB Keyboard ကိုပါ သံုးေပးထားတာျဖစ္ပါတယ္။ Keyboard အေနနဲ႔ကေတာ့ Game ေဆာ့တာပဲျဖစ္ျဖစ္၊ စာရုိက္တာပဲျဖစ္ျဖစ္ ေတာ္ေတာ္ေလးကိုေကာင္းတယ္လုိ႔ ေျပာလုိ႔ရပါတယ္။ ေနာက္ျပီး TouchPad ကလည္း Windows Precision Driver ကို သံုးထားတဲ့အတြက္ သံုးလုိ႔ အဆင္ေျပေနမွာပါ။

Speakers ပိုင္းကိုၾကည့္မယ္ဆုိရင္ေတာ့ 2x2W Stereo Speakers ေတြကို သံုးေပးထားျပီးေတာ့ DTS Surround Sound နည္းပညာကို သံုးေပးထားပါတယ္။ Speakers Quality အေနနဲ႔ဆုိရင္ေတာ့ ပုိျပီးေစ်းၾကီးတဲ့ ASUS Strix Series Gaming Laptop ေတြကို မမွီဘူးဆုိေပမယ့္ ပံုမွန္ Gaming နဲ႔ ရုပ္ရွင္ၾကည့္တာေတြအတြက္ကေတာ့ ေကာင္းတဲ့အဆင့္မွာရွိပါတယ္။

ေနာက္ျပီး ဒီ ASUS TUF FX505 Gaming Laptop မွာ အားသာခ်က္တစ္ခုရွိေနပါေသးတယ္။ ဒါကေတာ့ Mil-STD 810G Standard နဲ႔ ထုတ္ေပးထားတာပဲျဖစ္ပါတယ္။ အခု ဒီ Standard က Durable ျဖစ္မျဖစ္ကို စမ္းသပ္ထားတဲ့ Test တစ္ခုျဖစ္ျပီးေတာ့ တကယ္လုိ႔ ေအာက္ျပဳတ္က်သြားတယ္ဆုိရင္ေတာင္မွ ဘာမွ ၾကီးၾကီးမားမားထိခုိက္မွာမဟုတ္ပါဘူး။ အဲ့ေတာ့ Gaming Laptop တစ္လံုးကို ၾကာၾကာနဲ႔ အၾကမ္းခံတဲ့အမ်ိဳးအစားတစ္ခုကို ရွာေနတယ္ဆိုရင္ ဒီ TUF FX505 Gaming Laptop က အၾကိဳက္ေတြ႕မွာေသခ်ာပါတယ္။

Ports ေတြအေနနဲ႔ဆုိရင္ေတာ့ USB 3.0 ၂ ေပါက္ ၊ USB 2.0 ၁ ေပါက္နဲ႔ HDMI ၊ LAN ၊ Headphone Jack ေတြပါဝင္မွာပါ။ ASUS ရဲ႕ ေျပာၾကားခ်က္အရေတာ့ ကိုယ္ဝယ္ယူတဲ့ဆုိင္ေပၚမႈတည္ျပီး Discount နဲ႔ Promotion ေတြရွိတဲ့အတြက္ ဒီ ေဒၚလာ ၈၀၀ နဲ႔ ၁၀၀၀ ဝန္းက်င္ Gaming Laptop တစ္ခုကို ရွာေနတယ္ဆုိရင္ ဒီ FX505 က က်ိန္းေသေရြးခ်ယ္သင့္တဲ့ Gaming Laptop တစ္ခုျဖစ္လာပါျပီ။

Unicode

ASUS ကနေ အခုအချိန်မှာ မြန်မာနိုင်ငံဈေးကွက်ထဲကို နောက်ဆုံးထွက် Processor တွေ၊ Graphic Card တွေပါဝင်လာတဲ့ အလန်းစား TUF ၊ Strix နဲ့ Zephyrus Series Gaming Laptop တွေကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ဒီထဲကမှ ဈေးသက်သာပြီး စွမ်းဆောင်ရည်ပိုင်းမှာလည်း လုံးဝအားမနည်းတဲ့ ASUS TUF FX505 Gaming Laptop ကို Review လုပ်ပေးလိုက်ပါတယ်။

ASUS TUF FX505 Gaming Laptop က ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၈၀၀ ဝန်းကျင်ကနေ စတင်မှာဖြစ်ပြီးတော့ အမြင့်ဆုံးအနေနဲ့ ဒေါ်လာ ၁၁၀၀ ဝန်းကျင်ပဲရှိမှာဖြစ်တဲ့အတွက် လက်ရှိ Gaming Laptop တွေနဲ့ ယှဉ်ရင် ဈေးတောင် ပိုသက်သာနေတယ်လို့ ပြောလို့ရပါတယ်။

ဒီ FX505 Gaming Laptop ကို အရင်ဆုံးကြည့်လိုက်တာနဲ့ နောက်ဖက်က Sand Blasted Back Cover ကို မြင်ရမှာဖြစ်ပြီးတော့ တခြားသော Plastic Back Cover တွေနဲ့ ယှဉ်မယ်ဆိုရင် တော်တော်လေးကို လှနေတာပါ။ ဒါတင်မဟုတ်သေးဘဲ နောက်ဖက်က ASUS Logo ကလည်း Backlit ဖြစ်တဲ့အတွက် ညဘက်မှာဆိုရင် မီးလင်းနေဦးမှာပါ။ အပြင်ပန်း ဒီဇိုင်းအရတော့ ဒီ FX505 Gaming Laptop ကတော်တော်လေးကိုကောင်းနေပြီးတော့ Premium Feeling ကိုပါ ပြန်ရတယ်လို့ ပြောလို့ရပါတယ်။

Specification အနေနဲ့ဆိုရင် အမြင့်ဆုံးအနေနဲ့ AMD Ryzen 7 – 3750H Processor ကို အသုံးပြုထားပြီးတော့ Graphic Card အနေနဲ့ Nvidia GTX 1660Ti 6GB ကို သုံးပေးထားတာဖြစ်ပါတယ်။ ဒါ့အပြင် Storage အတွက်လည်း တော်တော်ကို မြန်ဆန်တဲ့ 512GB PCI-E SSD ကိုထည့်ပေးထားပြီးတော့ Storage မလောက်ရင် SATA HDD ကိုလည်း ထပ်တိုးနိုင်မယ့် Slot ပါဝင်မှာပါ။ အဲ့ဒီအတွက် Specs အရလည်း ယခင်တုန်းက ဒေါ်လာ ၁၀၀၀ ဝန်းကျင် Gaming Laptop တွေနဲ့ ယှဉ်ရင် အရမ်းကို သိသိသာသာကောင်းလာတယ်လို့ ပြောရမှာပါ။

စွမ်းဆောင်ရည်ပိုင်းမှာ စမ်းကြည့်တဲ့အချိန်မှာတော့ Intel Processor တွေအစား AMD Ryzen 7 Processor ကို အသုံးပြုတာက တစ်ချို့နေရာမှာတော့ အားနည်းချက်အချို့ကိုတွေ့ရပါတယ်။ ဒါက CPU ကို အဓိကအသုံးပြုဖို့လိုအပ်တဲ့ Video Editing နဲ့ Multitasking လိုမျိုး အခြေအနေတစ်ချို့မှာ Intel i7 Processor တွေထက် အနည်းငယ်နှေးနေတာပါ။ ဒါပေမယ့် TUF FX505 က Gaming ပိုင်းမှာတော့ ဒီအားနည်းချက်က လုံးဝမရှိဘူးလို့ပြောလို့ရပါတယ်။

Game တွေအနေနဲ့ ကြည့်မယ်ဆိုရင် CS : Go ၊ PUBG ၊ Apex Legends ၊ GTA V လို Game တွေအကုန်လုံးမှာ Frame Rate က Graphics Setting ကို High မှာထားတယ်ဆိုရင်တောင်မှ 80 ကနေ 120fps အထိရှိနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Frame Rate ကို 60fps အထက် ပိုလိုအပ်တဲ့ CS : Go လို Game တွေမှာ သိသိသာသာကို ဆော့ရတာပိုကောင်းနေပါတယ်။ နောက်ပြီး AMD Ryzen Processor က Heat အနေနဲ့လည်း တော်တော်လေးကို သဘောကျဖို့ကောင်းနေပြီးတော့ တစ်နေကုန် Game ဆော့နေတယ်ဆိုရင်တောင်မှ Heat တက်တာမျိုး မရှိပါဘူး။

နောက်ပြီး Display ပိုင်းအနေနဲ့ဆိုရင်တော့ ASUS FX505 Gaming Laptop က 15.6″ Full HD 120Hz IPS Display ကို သုံးပေးထားတာပါ။ ဒီ Display က Brightness ပိုင်းတွေ၊ Color Accuracy တွေမှာလည်း တော်တော်ကို ကောင်းတယ်လို့ ပြောလို့ရပြီးတော့ အားနည်းချက်မရှိသလောက်ပါပဲ။

ကျန်တဲ့ Keyboard မှာလည်း WASD Keys တွေကို Highlight ပြုလုပ်ထားတဲ့အပြင် ဒီဈေးဝန်းကျင် Gaming Laptop တွေမှာ သိပ်မတွေ့ရတဲ့ RGB Keyboard ကိုပါ သုံးပေးထားတာဖြစ်ပါတယ်။ Keyboard အနေနဲ့ကတော့ Game ဆော့တာပဲဖြစ်ဖြစ်၊ စာရိုက်တာပဲဖြစ်ဖြစ် တော်တော်လေးကိုကောင်းတယ်လို့ ပြောလို့ရပါတယ်။ နောက်ပြီး TouchPad ကလည်း Windows Precision Driver ကို သုံးထားတဲ့အတွက် သုံးလို့ အဆင်ပြေနေမှာပါ။

Speakers ပိုင်းကိုကြည့်မယ်ဆိုရင်တော့ 2x2W Stereo Speakers တွေကို သုံးပေးထားပြီးတော့ DTS Surround Sound နည်းပညာကို သုံးပေးထားပါတယ်။ Speakers Quality အနေနဲ့ဆိုရင်တော့ ပိုပြီးဈေးကြီးတဲ့ ASUS Strix Series Gaming Laptop တွေကို မမှီဘူးဆိုပေမယ့် ပုံမှန် Gaming နဲ့ ရုပ်ရှင်ကြည့်တာတွေအတွက်ကတော့ ကောင်းတဲ့အဆင့်မှာရှိပါတယ်။

နောက်ပြီး ဒီ ASUS TUF FX505 Gaming Laptop မှာ အားသာချက်တစ်ခုရှိနေပါသေးတယ်။ ဒါကတော့ Mil-STD 810G Standard နဲ့ ထုတ်ပေးထားတာပဲဖြစ်ပါတယ်။ အခု ဒီ Standard က Durable ဖြစ်မဖြစ်ကို စမ်းသပ်ထားတဲ့ Test တစ်ခုဖြစ်ပြီးတော့ တကယ်လို့ အောက်ပြုတ်ကျသွားတယ်ဆိုရင်တောင်မှ ဘာမှ ကြီးကြီးမားမားထိခိုက်မှာမဟုတ်ပါဘူး။ အဲ့တော့ Gaming Laptop တစ်လုံးကို ကြာကြာနဲ့ အကြမ်းခံတဲ့အမျိုးအစားတစ်ခုကို ရှာနေတယ်ဆိုရင် ဒီ TUF FX505 Gaming Laptop က အကြိုက်တွေ့မှာသေချာပါတယ်။

Ports တွေအနေနဲ့ဆိုရင်တော့ USB 3.0 ၂ ပေါက် ၊ USB 2.0 ၁ ပေါက်နဲ့ HDMI ၊ LAN ၊ Headphone Jack တွေပါဝင်မှာပါ။ ASUS ရဲ့ ပြောကြားချက်အရတော့ ကိုယ်ဝယ်ယူတဲ့ဆိုင်ပေါ်မှုတည်ပြီး Discount နဲ့ Promotion တွေရှိတဲ့အတွက် ဒီ ဒေါ်လာ ၈၀၀ နဲ့ ၁၀၀၀ ဝန်းကျင် Gaming Laptop တစ်ခုကို ရှာနေတယ်ဆိုရင် ဒီ FX505 က ကျိန်းသေရွေးချယ်သင့်တဲ့ Gaming Laptop တစ်ခုဖြစ်လာပါပြီ။