[Zawgyi]

ASUS ကေန မၾကာခင္မွာ ျမန္မာႏိုင္ငံေဈးကြက္ထဲကို Gaming Laptop အသစ္ေတြကို ေရာင္းခ်လာေတာ့မွာပဲျဖစ္ပါတယ္။ အဲ့ဒီ Gaming Laptop ေတြထဲကမွ ေဈးလည္း အမ်ားႀကီးမသုံးခ်င္တဲ့သူေတြအတြက္ ေ႐ြးခ်ယ္စရာျဖစ္လာႏိုင္တဲ့ ASUS TUF Gaming FX505DU Laptop အေၾကာင္းကို အနည္းငယ္ရွင္းျပသြားမွာျဖစ္ပါတယ္။

ASUS ကေန အသစ္ထုတ္လုပ္ထားတဲ့ TUF Gaming FX505DU က ယခင္ TUF Series ေတြနဲ႔ ယွဥ္ရင္ အေျမာက္အမ်ားကို Upgrade ျပဳလုပ္ထားတယ္လို႔ ေျပာလို႔ရပါတယ္။ အဲ့ဒီထဲက ပထမဆုံးအခ်က္ကေတာ့ Processor ပိုင္းပဲျဖစ္ပါတယ္။

ယခင္တုန္းက ASUS TUF Gaming Laptop ေတြက Intel Core i5 ကေန စတင္ထြက္ရွိထားေပမယ့္ အခု FX505DU မွာေတာ့ စြမ္းေဆာင္ရည္ အမ်ားႀကီးပိုေကာင္းလာတဲ့ AMD Ryzen 7 3750H Processor ကို အသုံးျပဳလာတာပဲျဖစ္ပါတယ္။ အဲ့ဒီအတြက္ Gaming ပိုင္းေရာ.. Multitasking ပိုင္းေတြမွာပါ High End Laptop တစ္ခုလိုမ်ိဳး စြမ္းေဆာင္ႏိုင္မွာပါ။

 

ဒါေပမယ့္ ေနာက္ထပ္ထူးျခားခ်က္ရွိပါေသးတယ္။ ဒါကေတာ့ AMD Ryzen 7 Processor ကို အသုံးျပဳထားေပမယ့္ Gaming ပိုင္းအတြက္ အေရးႀကီးတဲ့ Graphic Card ကို Nvidia ရဲ႕ Geforce GTX 1660Ti ကို သုံးေပးထားတာပါ။ ဒီ GTX 1660Ti ဟာဆိုရင္ လူႀကိဳက္မ်ားတဲ့ GTX 1060 ထက္ေတာင္ စြမ္းေဆာင္ရည္ပိုေကာင္းၿပီးေတာ့ GTX 1070 ဝန္းက်င္ စြမ္းေဆာင္ရည္ကို ေပးစြမ္းႏိုင္မွာပဲျဖစ္ပါတယ္။ အဲ့ဒီအတြက္ Gamer ေတြအတြက္ကေတာ့ စိတ္ႀကိဳက္ စြမ္းေဆာင္ရည္ကို ရရွိႏိုင္မွာပါ။

ဒါ့အျပင္ Display ပိုင္းမွာလည္း TUF Gaming FX505DU Laptop က ေတာ္ေတာ္ေလးကို အဆင္ေျပေနပါတယ္။ 15.6″ Full HD vIPS Level Display ကိုမွ Refresh Rate က 120Hz အထိရွိတဲ့အတြက္ Game ေတြအေတာ္မ်ားမ်ားကို Refresh Rate အျမင့္နဲ႔ ေဆာ့ကစားႏိုင္မွာပါ။

ေနာက္ထပ္ေျပာင္းလဲမႈတစ္ခုကေတာ့ ဒီ TUF Gaming FX505DU မွာ Keyboard ကို RGB Color အေနနဲ႔ စိတ္ႀကိဳက္ေျပာင္းလဲႏိုင္ၿပီျဖစ္ပါတယ္။ ဒါကလည္း ယခင္ကလိုမ်ိဳး Entry Gaming Laptop တစ္ခုျဖစ္ေနလို႔ Single Color Keyboard ပဲရႏိုင္တာနဲ႔ ယွဥ္ရင္ သိသိသာသာကို ပိုေကာင္းလာတာပါ။

က်န္တဲ့ Specification အေနနဲ႔ကေတာ့ RAM အေနနဲ႔ DDR4 2400MHz Speed ကိုမွ 32GB အထိ ထည့္သြင္းႏိုင္မွာျဖစ္ၿပီး Storage အေနနဲ႔လည္း 1TB HDD Storage ပါဝင္မွာျဖစ္ၿပီး SSD ကိုလည္း 512GB အထိ ထပ္စိုက္လို႔ရဦးမွာျဖစ္ပါတယ္။

ASUS Myanmar အေနနဲ႔ေတာ့ ဒီ TUF Gaming FX505DU Laptop ကို လာမယ့္ ဇူလိုင္လအေစာပိုင္းေလာက္မွာ ေဈးကြက္ထဲမွာ ေရာင္းခ်သြားမွာျဖစ္ၿပီးေတာ့ ေဈးႏႈန္းအေနနဲ႔ေတာ့ ေဒၚလာ ၁၀၀၀ ဝန္းက်င္နဲ႔ ေရာင္းခ်လာႏိုင္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ဒီ Specification နဲ႔ ယွဥ္ရင္ေတာ့ ေတာ္ေတာ္ေလးကို တန္ေနတဲ့ Laptop တစ္ခုလို႔ေတာင္ ေျပာလို႔ရမွာပါ။

[Unicode]

Entry Gaming Laptop ထဲမှာ စွမ်းဆောင်ရည်ပိုင်းစိတ်ချရမယ့် ASUS TUF Gaming FX505

ASUS ကနေ မကြာခင်မှာ မြန်မာနိုင်ငံဈေးကွက်ထဲကို Gaming Laptop အသစ်တွေကို ရောင်းချလာတော့မှာပဲဖြစ်ပါတယ်။ အဲ့ဒီ Gaming Laptop တွေထဲကမှ ဈေးလည်း အများကြီးမသုံးချင်တဲ့သူတွေအတွက် ရွေးချယ်စရာဖြစ်လာနိုင်တဲ့ ASUS TUF Gaming FX505DU Laptop အကြောင်းကို အနည်းငယ်ရှင်းပြသွားမှာဖြစ်ပါတယ်။

ASUS ကနေ အသစ်ထုတ်လုပ်ထားတဲ့ TUF Gaming FX505DU က ယခင် TUF Series တွေနဲ့ ယှဉ်ရင် အမြောက်အများကို Upgrade ပြုလုပ်ထားတယ်လို့ ပြောလို့ရပါတယ်။ အဲ့ဒီထဲက ပထမဆုံးအချက်ကတော့ Processor ပိုင်းပဲဖြစ်ပါတယ်။

ယခင်တုန်းက ASUS TUF Gaming Laptop တွေက Intel Core i5 ကနေ စတင်ထွက်ရှိထားပေမယ့် အခု FX505DU မှာတော့ စွမ်းဆောင်ရည် အများကြီးပိုကောင်းလာတဲ့ AMD Ryzen 7 3750H Processor ကို အသုံးပြုလာတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Gaming ပိုင်းရော.. Multitasking ပိုင်းတွေမှာပါ High End Laptop တစ်ခုလိုမျိုး စွမ်းဆောင်နိုင်မှာပါ။

ဒါပေမယ့် နောက်ထပ်ထူးခြားချက်ရှိပါသေးတယ်။ ဒါကတော့ AMD Ryzen 7 Processor ကို အသုံးပြုထားပေမယ့် Gaming ပိုင်းအတွက် အရေးကြီးတဲ့ Graphic Card ကို Nvidia ရဲ့ Geforce GTX 1660Ti ကို သုံးပေးထားတာပါ။ ဒီ GTX 1660Ti ဟာဆိုရင် လူကြိုက်များတဲ့ GTX 1060 ထက်တောင် စွမ်းဆောင်ရည်ပိုကောင်းပြီးတော့ GTX 1070 ဝန်းကျင် စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Gamer တွေအတွက်ကတော့ စိတ်ကြိုက် စွမ်းဆောင်ရည်ကို ရရှိနိုင်မှာပါ။

ဒါ့အပြင် Display ပိုင်းမှာလည်း TUF Gaming FX505DU Laptop က တော်တော်လေးကို အဆင်ပြေနေပါတယ်။ 15.6″ Full HD vIPS Level Display ကိုမှ Refresh Rate က 120Hz အထိရှိတဲ့အတွက် Game တွေအတော်များများကို Refresh Rate အမြင့်နဲ့ ဆော့ကစားနိုင်မှာပါ။

နောက်ထပ်ပြောင်းလဲမှုတစ်ခုကတော့ ဒီ TUF Gaming FX505DU မှာ Keyboard ကို RGB Color အနေနဲ့ စိတ်ကြိုက်ပြောင်းလဲနိုင်ပြီဖြစ်ပါတယ်။ ဒါကလည်း ယခင်ကလိုမျိုး Entry Gaming Laptop တစ်ခုဖြစ်နေလို့ Single Color Keyboard ပဲရနိုင်တာနဲ့ ယှဉ်ရင် သိသိသာသာကို ပိုကောင်းလာတာပါ။

ကျန်တဲ့ Specification အနေနဲ့ကတော့ RAM အနေနဲ့ DDR4 2400MHz Speed ကိုမှ 32GB အထိ ထည့်သွင်းနိုင်မှာဖြစ်ပြီး Storage အနေနဲ့လည်း 1TB HDD Storage ပါဝင်မှာဖြစ်ပြီး SSD ကိုလည်း 512GB အထိ ထပ်စိုက်လို့ရဦးမှာဖြစ်ပါတယ်။

ASUS Myanmar အနေနဲ့တော့ ဒီ TUF Gaming FX505DU Laptop ကို လာမယ့် ဇူလိုင်လအစောပိုင်းလောက်မှာ ဈေးကွက်ထဲမှာ ရောင်းချသွားမှာဖြစ်ပြီးတော့ ဈေးနှုန်းအနေနဲ့တော့ ဒေါ်လာ ၁၀၀၀ ဝန်းကျင်နဲ့ ရောင်းချလာနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီ Specification နဲ့ ယှဉ်ရင်တော့ တော်တော်လေးကို တန်နေတဲ့ Laptop တစ်ခုလို့တောင် ပြောလို့ရမှာပါ။