Zawgyi

Laptop တစ္လုံးကို ေစ်းလည္း အမ်ားႀကီးမသုံးခ်င္ဘဲ စြမ္းေဆာင္ရည္ေကာင္းေကာင္းလိုခ်င္တဲ့သူေတြအတြက္ ASUS ကေန အသစ္ဝင္ေရာက္လာတဲ့ VivoBook အသစ္ေတြျဖစ္တဲ့ VivoBook A412 နဲ႔ A512 Laptop ေတြက ေတာ္ေတာ္ေလးကို အဆင္ေျပတဲ့ ေ႐ြးခ်ယ္စရာေတြလို႔ေျပာလို႔ရပါတယ္။ ဒါကလည္း အဓိကအေနနဲ႔ ေပးရတဲ့ေစ်းႏႈန္းအေပါမွာ ပိုၿပီးေကာင္းတဲ့ စြမ္းေဆာင္ရည္ရွိေနတာေၾကာင့္ပါ။

အခု VivoBook A412DA နဲ႔ A512DA Laptop ေတြဟာ 14″ နဲ႔ 15.6″ Model ေတြျဖစ္ေပမယ့္ ေစ်းႏႈန္းအရကြာျခားျခင္းမရွိဘဲ $459 ပဲ က်သင့္မွာျဖစ္ပါတယ္။ အဲ့ဒီအတြက္ Screen Size ပိုႀကီးတဲ့ Laptop ကို ေ႐ြးခ်ယ္လိုက္လို႔ ေစ်းပိုေပးရတာမ်ိဳးရွိမွာမဟုတ္ေတာ့ပါဘူး။

Specification ေတြအေနနဲ႔ကေတာ့ Processor ကို Intel အစား AMD Ryzen R5 – 3500U Processor ကို အသုံးျပဳေပးထားတာျဖစ္ပါတယ္။ RAM အေနနဲ႔ 8GB ပါဝင္မယ့္အျပင္ Storage ကိုလည္း 512GB PCI-E SSD ကို ထည့္သြင္းေပးထားတာပါ။ ဒီလိုမ်ိဳး ေဒၚလာ ၄၀၀ ေက်ာ္တန္ Laptop တစ္ခုမွာ SSD ပါဝင္တယ္ဆိုတာကလည္း ေစ်းကြက္ထဲက တျခား Laptop ေတြနဲ႔ယွဥ္ရင္ သိသာတဲ့ အားသာခ်က္တစ္ခုလို႔ေတာင္ ေျပာလို႔ရပါတယ္။

ေနာက္ထပ္ အားသာခ်က္တစ္ခုကေတာ့ AMD Ryzen 5 Processor မွာ စြမ္းေဆာင္ရည္ျမင့္မားတဲ့ AMD Radeon Vega 8 Graphic ပါ ပါဝင္လာတာပဲျဖစ္ပါတယ္။ အခုလိုမ်ိဳး Radeon Vega 8 Graphic ပါဝင္လာတာေၾကာင့္ CS:Go ၊ Dota 2 လိုမ်ိဳး eSports Game ေတြကိုလည္း ေကာင္းေကာင္းေဆာ့ကစားႏိုင္မွာျဖစ္ပါတယ္။ ဒီအခ်က္ကလည္း အလားတူေစ်းဝန္းက်င္ Laptop ေတြနဲ႔ ယွဥ္ရင္ Graphic ပိုင္းမွာ ပိုေကာင္းေနျပန္ပါတယ္။

Display ပိုင္းအေနနဲ႔ကေတာ့ 14″ ပဲျဖစ္ျဖစ္ 15.6″ Model ပဲျဖစ္ျဖစ္ Full HD Resolution ကို အေထာက္အပံ့ေပးမွာျဖစ္ၿပီး ပါးလႊာတဲ့ ေဘးေဘာင္ေတြေၾကာင့္ Screen-to-Body Ratio ကလည္း 87% အထိရွိေနမွာျဖစ္ပါတယ္။ အခုလိုမ်ိဳး Screen-to-Body Ratio ကမ်ားျပားတဲ့အတြက္ တျခားေသာ 14″ နဲ႔ 15.6″ Laptop ေတြနဲ႔ယွဥ္ရင္ Laptop အ႐ြယ္အစားကလည္း ပိုၿပီးေသးငယ္ေနမွာပါ။

အခုလိုမ်ိဳး တျခားေသာအလားတူ တူညီတဲ့ Screen Size ရွိတဲ့ Laptop ေတြနဲ႔ယွဥ္ရင္ သိသိသာသာကို ပိုၿပီးေသးငယ္ေနမွာျဖစ္ၿပီးေတာ့ ဒီအခ်က္က အျပင္ကို Laptop ယူသြားၿပီး အလုပ္လုပ္ေနရတဲ့သူေတြအတြက္ဆိုရင္ အားသာခ်က္တစ္ခုလို႔ေတာင္ ေျပာလို႔ရပါတယ္။ အေလးခ်ိန္အေနနဲ႔လည္း 1.5Kg ကေန စတင္တဲ့အတြက္ Ultrabook တစ္ခုနီးပါးကို ေပါ့ပါးေနဦးမွာပါ။

Keyboard ပိုင္းမွာလည္း စာ႐ိုက္တဲ့အခ်ိန္မွာ အနည္းငယ္ျမႇင့္ေပးႏိုင္တဲ့ ErgoLift Design နဲ႔ ျပဳလုပ္ထားၿပီးေတာ့ စာ႐ိုက္ရတဲ့ Experience အျပင္ Audio Quality ကိုပါ ပိုေကာင္းလာေစမွာပါ။ ဒ့ါအျပင္ TouchPad မွာလည္း Fingerprint Sensor ပါဝင္မွာျဖစ္တဲ့ Log In ဝင္ဖို႔ Password ႐ိုက္ေနစရာလည္း လိုအပ္မွာမဟုတ္ပါဘူး။

Ports ေတြအေနနဲ႔လည္း USB ၂ ေပါက္၊ HDMI ၊ USB-C နဲ႔ MicroSD Card Reader ေတြပါဝင္မွာျဖစ္ပါတယ္။ Battery အေနနဲ႔ကေတာ့ 42WHr Battery ပါဝင္မွာျဖစ္ၿပီး တေနကုန္ေကာင္းေကာင္း အသုံးျပဳလို႔ရမွာပါ။ ဒါ့အျပင္ ၄၉ မိနစ္အတြင္းမွာ 60% အထိ အားျပန္လည္သြင္းေပးႏိုင္တဲ့ Fast Charging စနစ္လည္း ပါဝင္မွာျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ အခု ASUS VivoBook A412/A512 Laptop ေတြဟာ အခုလိုမ်ိဳး AMD Ryzen 5 Processor ၊ 512GB SSD ေတြနဲ႔ Radeon Vega 8 Graphic ေတြေၾကာင့္ ေစ်းလည္းအမ်ားႀကီးမသုံးခ်င္ဘဲ စြမ္းေဆာင္ရည္ေကာင္းေကာင္း Laptop တစ္ခုကိုရွာေနတဲ့သူေတြအတြက္ အေကာင္းဆုံးေ႐ြးခ်ယ္စရာလို႔ ေျပာရင္လည္းမမွားပါဘူး။

Unicode

Laptop တစ်လုံးကို စျေးလည်း အများကြီးမသုံးချင်ဘဲ စွမ်းဆောင်ရည်ကောင်းကောင်းလိုချင်တဲ့သူတွေအတွက် ASUS ကနေ အသစ်ဝင်ရောက်လာတဲ့ VivoBook အသစ်တွေဖြစ်တဲ့ VivoBook A412 နဲ့ A512 Laptop တွေက တော်တော်လေးကို အဆင်ပြေတဲ့ ရွေးချယ်စရာတွေလို့ပြောလို့ရပါတယ်။ ဒါကလည်း အဓိကအနေနဲ့ ပေးရတဲ့စျေးနှုန်းအပေါမှာ ပိုပြီးကောင်းတဲ့ စွမ်းဆောင်ရည်ရှိနေတာကြောင့်ပါ။

အခု VivoBook A412DA နဲ့ A512DA Laptop တွေဟာ 14″ နဲ့ 15.6″ Model တွေဖြစ်ပေမယ့် စျေးနှုန်းအရကွာခြားခြင်းမရှိဘဲ $459 ပဲ ကျသင့်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Screen Size ပိုကြီးတဲ့ Laptop ကို ရွေးချယ်လိုက်လို့ စျေးပိုပေးရတာမျိုးရှိမှာမဟုတ်တော့ပါဘူး။

Specification တွေအနေနဲ့ကတော့ Processor ကို Intel အစား AMD Ryzen R5 – 3500U Processor ကို အသုံးပြုပေးထားတာဖြစ်ပါတယ်။ RAM အနေနဲ့ 8GB ပါဝင်မယ့်အပြင် Storage ကိုလည်း 512GB PCI-E SSD ကို ထည့်သွင်းပေးထားတာပါ။ ဒီလိုမျိုး ဒေါ်လာ ၄၀၀ ကျော်တန် Laptop တစ်ခုမှာ SSD ပါဝင်တယ်ဆိုတာကလည်း စျေးကွက်ထဲက တခြား Laptop တွေနဲ့ယှဥ်ရင် သိသာတဲ့ အားသာချက်တစ်ခုလို့တောင် ပြောလို့ရပါတယ်။

နောက်ထပ် အားသာချက်တစ်ခုကတော့ AMD Ryzen 5 Processor မှာ စွမ်းဆောင်ရည်မြင့်မားတဲ့ AMD Radeon Vega 8 Graphic ပါ ပါဝင်လာတာပဲဖြစ်ပါတယ်။ အခုလိုမျိုး Radeon Vega 8 Graphic ပါဝင်လာတာကြောင့် CS:Go ၊ Dota 2 လိုမျိုး eSports Game တွေကိုလည်း ကောင်းကောင်းဆော့ကစားနိုင်မှာဖြစ်ပါတယ်။ ဒီအချက်ကလည်း အလားတူစျေးဝန်းကျင် Laptop တွေနဲ့ ယှဥ်ရင် Graphic ပိုင်းမှာ ပိုကောင်းနေပြန်ပါတယ်။

Display ပိုင်းအနေနဲ့ကတော့ 14″ ပဲဖြစ်ဖြစ် 15.6″ Model ပဲဖြစ်ဖြစ် Full HD Resolution ကို အထောက်အပံ့ပေးမှာဖြစ်ပြီး ပါးလွှာတဲ့ ဘေးဘောင်တွေကြောင့် Screen-to-Body Ratio ကလည်း 87% အထိရှိနေမှာဖြစ်ပါတယ်။ အခုလိုမျိုး Screen-to-Body Ratio ကများပြားတဲ့အတွက် တခြားသော 14″ နဲ့ 15.6″ Laptop တွေနဲ့ယှဥ်ရင် Laptop အရွယ်အစားကလည်း ပိုပြီးသေးငယ်နေမှာပါ။

အခုလိုမျိုး တခြားသောအလားတူ တူညီတဲ့ Screen Size ရှိတဲ့ Laptop တွေနဲ့ယှဥ်ရင် သိသိသာသာကို ပိုပြီးသေးငယ်နေမှာဖြစ်ပြီးတော့ ဒီအချက်က အပြင်ကို Laptop ယူသွားပြီး အလုပ်လုပ်နေရတဲ့သူတွေအတွက်ဆိုရင် အားသာချက်တစ်ခုလို့တောင် ပြောလို့ရပါတယ်။ အလေးချိန်အနေနဲ့လည်း 1.5Kg ကနေ စတင်တဲ့အတွက် Ultrabook တစ်ခုနီးပါးကို ပေါ့ပါးနေဦးမှာပါ။

Keyboard ပိုင်းမှာလည်း စာရိုက်တဲ့အချိန်မှာ အနည်းငယ်မြှင့်ပေးနိုင်တဲ့ ErgoLift Design နဲ့ ပြုလုပ်ထားပြီးတော့ စာရိုက်ရတဲ့ Experience အပြင် Audio Quality ကိုပါ ပိုကောင်းလာစေမှာပါ။ ဒ့ါအပြင် TouchPad မှာလည်း Fingerprint Sensor ပါဝင်မှာဖြစ်တဲ့ Log In ဝင်ဖို့ Password ရိုက်နေစရာလည်း လိုအပ်မှာမဟုတ်ပါဘူး။

Ports တွေအနေနဲ့လည်း USB ၂ ပေါက်၊ HDMI ၊ USB-C နဲ့ MicroSD Card Reader တွေပါဝင်မှာဖြစ်ပါတယ်။ Battery အနေနဲ့ကတော့ 42WHr Battery ပါဝင်မှာဖြစ်ပြီး တနေကုန်ကောင်းကောင်း အသုံးပြုလို့ရမှာပါ။ ဒါ့အပြင် ၄၉ မိနစ်အတွင်းမှာ 60% အထိ အားပြန်လည်သွင်းပေးနိုင်တဲ့ Fast Charging စနစ်လည်း ပါဝင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခု ASUS VivoBook A412/A512 Laptop တွေဟာ အခုလိုမျိုး AMD Ryzen 5 Processor ၊ 512GB SSD တွေနဲ့ Radeon Vega 8 Graphic တွေကြောင့် စျေးလည်းအများကြီးမသုံးချင်ဘဲ စွမ်းဆောင်ရည်ကောင်းကောင်း Laptop တစ်ခုကိုရှာနေတဲ့သူတွေအတွက် အကောင်းဆုံးရွေးချယ်စရာလို့ ပြောရင်လည်းမမှားပါဘူး။