လက်ရှိအချိန်မှာ စမတ်ဖုန်းဈေးကွက်မှာ Gaming Phone ဆိုတဲ့ စကားလုံးက တဖြည်းဖြည်းခေတ်စားလာပြီဖြစ်ပါတယ်။ အခုလိုမျိုး Gaming Phone ဆိုတာတွေကို အစပြုခဲ့တာက မနှစ်တုန်းက Razer Phone ပဲဖြစ်ပြီးတော့ ဒီနှစ်မှာ Xiaomi Blackshark နဲ့ ZTE Nubia Red Magic Gaming Phone တွေက လိုက်ပြီးထုတ်လာခဲ့တာဖြစ်ပါတယ်။

အခု Gaming Smartphone တွေက ဂိမ်မာတွေအတွက် အဓိကရည်ရွယ်ထားတဲ့အတွက် အမြင့်မားဆုံးစွမ်းဆောင်ရည်၊ Battery နဲ့ ဂိမ်းဆော့နေတဲ့အချိန်မှာ Heat မတက်ဖို့ကို အဓိကရည်ရွယ်ပြီး ထုတ်လုပ်လာကြတာဖြစ်ပါတယ်။ အခု Razer ၊ Xiaomi နဲ့ ZTE တွေအပြင် နောက်လမှာ နောက်ထပ် စမတ်ဖုန်းထုတ်လုပ်သူတစ်ယောက်ကလည်း Gaming Phone ကို ထုတ်လုပ်တော့မှာဖြစ်ပါတယ်။

အခု နောက်ထပ် Gaming Phone တစ်ခုကို ထုတ်လုပ်မယ့်သူကတော့ Asus ပဲဖြစ်ပြီးတော့ Asus ဟာ သူရဲ့ ဂိမ်မာတွေကြားမှာ နာမည်ကြီးပြီးသားဖြစ်တဲ့ Republic of Gamers နာမည်နဲ့ပဲ Gaming Phone တစ်လုံးကို လာမယ့် ဂျွန်လမှာ ကျင်းပတော့မယ့် Computex ပွဲမှာ ပြသသွားမှာဖြစ်ပါတယ်။

Asus ရဲ့ ROG Gaming Phone စမတ်ဖုန်းက လက်ရှိမှာ အကောင်းဆုံး Processor ဖြစ်တဲ့ Qualcomm Snapdragon 845 Processor ကို အသုံးပြုလာမှာဖြစ်ပြီးတော့ RAM 8GB လည်းပါဝင်မှာဖြစ်ပါတယ်။ Storage ကိုတော့ 64GB ဒါမှမဟုတ် 128GB ဆိုပြီး ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။

နောက်လမှာ ကြေညာသွားမယ်ဆိုပေမယ့် အခုအချိန်အထိတော့ Asus ရဲ့ Gaming Phone ဒီဇိုင်းနဲ့ သီးခြား ပါဝင်လာမယ့် Features တွေကိုတော့ သိရှိရခြင်းမရှိသေးပါဘူး။ လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရတော့ Asus ROG Gaming Phone က Razer Phone လိုမျိုးပဲ 120Hz Display ပါဝင်လာမယ်လို့ သိရပါတယ်။

Xiaomi နဲ့ ZTE တို့နဲ့ မတူတာကတော့ Asus ဟာ Republic of Gamers နာမည်နဲ့ Gaming Products တွေကို လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်ထဲက ထုတ်လုပ်နေတာဖြစ်တဲ့အတွက် Gaming Products တွေထုတ်လုပ်တဲ့နေရာမှာ ပိုပြီး အတွေ့အကြုံရှိတယ်လို့ ပြောလို့ရပြီးတော့ အခု Asus Gaming Phone ကလည်း စိတ်ဝင်စားဖွယ်ဖုန်းတစ်ခုဖြစ်လာမှာပါ။