[Zawgyi]

Asus ကေတာ့ သူ႔ရဲ႕ Zenfone Max M2 နဲ႔ Max Pro M2 ကို ထင္ထားတာထက္ ေစာၿပီးေတာ့ ပြဲထုတ္လိုက္တယ္လို႔ ဆိုရမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ မနက္ျဖန္ဆို အင္ဒိုနီးရွားမွာ ပြဲထုတ္မွာျဖစ္ၿပီး ဒီဇင္ဘာလ ၁၈ ရက္ေန႔ေရာက္ရင္ေတာ့ အိႏၵိယမွာ ပြဲထုတ္ေတာ့မယ္လို႔ ေၾကညာလိုက္တာေၾကာင့္ ျဖစ္ပါတယ္။

အင္ဒိုမွာကေတာ့ Lazada က Max (M2) အတြက္ အေရာင္းကိုယ္စားလွယ္အျဖစ္ ေဆာင္႐ြက္သြားမယ္လို႔ သိရပါတယ္။ ေဈးႏႈန္းကေတာ့ IDR 2,300,000 ($158) ႏွစ္သိန္းငါးေသာင္း ဝန္းက်င္ ျဖစ္တယ္လို႔ သိရပါတယ္။ Shopee ကေတာ့ Max Pro M2 အတြက္ အေရာင္းကိုယ္စားလွယ္အျဖစ္ ေဆာင္႐ြက္သြားမွာျဖစ္ၿပီး ေဈးႏႈန္းကေတာ့ IDR 2,800,000 ($193) သုံးသိန္းဝန္းက်င္ ျဖစ္တယ္လို႔ သိရပါတယ္။ အင္ဒိုအတြက္ ေရာင္းခ်မႈမွာ အြန္လိုင္းကေန ဝယ္ယူလို႔ရမွာမဟုတ္ေပမယ့္ ဒီဇင္ဘာ ၁၄ ရက္ေန႔ကစၿပီး တစ္ႏိုင္ငံလုံးက Ausus ရဲ႕ မိတ္ဖက္ အေရာင္းဆိုင္ ၁၂ ဆိုင္မွာ ဝယ္ယူလို႔ ရမယ္လို႔ သိရပါတယ္။

အိႏၵိယမွာေတာ့ Flipkart ကပဲ ေမာ္ဒယ္ႏွစ္မ်ိဳးလုံးအတြက္ အေရာင္းကိုယ္စားလွယ္အျဖစ္ ေဆာင္႐ြက္သြားမယ္လို႔ သိရပါတယ္။ Zenfone Max (M2) ရဲ႕ ေဈးႏႈန္းကေတာ့ INR 10,000 ($139) ႏွစ္သိန္းႏွစ္ေသာင္းဝန္းက်င္ျဖစ္ၿပီး Max Pro M2 ရဲ႕ ေဈးႏႈန္းက INR 13,000 ($180) ႏွစ္သိန္းရွစ္ေသာင္းဝန္းက်င္ေလာက္ ျဖစ္မယ္လို႔ သိရပါတယ္။ ယွဥ္ၾကည့္မယ္ဆိုရင္ေတာ့ အိႏၵိယမွာက ပိုၿပီး ေဈးသက္သာတယ္လို႔ ဆိုရမွာပါ။

ဖုန္းႏွစ္လုံးအေၾကာင္းကို အက်ဥ္းအားျဖင့္ မိတ္ဆက္ရမယ္ဆိုရင္ေတာ့ လာမယ့္ ဇန္နဝါရီလမွာ Adroid 9 Pie နဲ႔အတူ Google Drive Storage 100GB ကိုလည္း ရရွိမယ္လို႔ သိရပါတယ္။ Zenfone Max Pro M2 ကေတာ့ Snapdragon 660 Chipset နဲ႔ျဖစ္ၿပီး Notch ပါဝင္တဲ့ မ်က္ႏွာျပင္ဟာ 6.26-inch ျဖစ္ပါတယ္။ Base model မွာ RAM 3GB နဲ႔ Storage 32GB တို႔ ပါဝင္မွာ ျဖစ္ပါတယ္။ သူ႔ထက္ျမင့္တဲ့ အမ်ိဳးအစားမွာေတာ့ RAM 6GB နဲ႔ Storage 64GB ျဖစ္ပါတယ္။ 12+5MP ကင္မရာႏွစ္လုံးက ေနာက္ေက်ာမွာရွိၿပီး အေရွ႕ဘက္မွာေတာ့ 13+5MP Selfie ကင္မရာ ႏွစ္လုံး ရွိေနမွာ ျဖစ္ပါတယ္။ Fingerprint Reader ကလည္း ေက်ာဘက္မွာပဲ ျဖစ္ပါတယ္။

Zenfone Max (M2) ကေတာ့ 6.26-inch မ်က္ႏွာျပင္အ႐ြယ္အစားနဲ႔ပဲျဖစ္ေပမယ့္ Resolution ကေတာ့ 720p+ ပဲ ရမွာျဖစ္ပါတယ္။ Snapdragon 632 ကို အသုံးျပဳထားၿပီး 4,000mAh ဘက္ထရီနဲ႔ ျဖစ္ပါတယ္။ အေနာက္ကင္မရာေတြကေတာ့ 13MP+2MP ျဖစ္ၿပီး 4K Video လည္း ႐ိုက္ကူးလို႔ရမွာ ျဖစ္ပါတယ္။ Selfie ကင္မရာကေတာ့ 8MP တစ္လုံးတည္း တပ္ဆင္ေပးထားမွာ ျဖစ္ပါတယ္။

Ref: GSMarena

 

[Unicode]

Asus ကတော့ သူ့ရဲ့ Zenfone Max M2 နဲ့ Max Pro M2 ကို ထင်ထားတာထက် စောပြီးတော့ ပွဲထုတ်လိုက်တယ်လို့ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ မနက်ဖြန်ဆို အင်ဒိုနီးရှားမှာ ပွဲထုတ်မှာဖြစ်ပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့ရောက်ရင်တော့ အိန္ဒိယမှာ ပွဲထုတ်တော့မယ်လို့ ကြေညာလိုက်တာကြောင့် ဖြစ်ပါတယ်။

အင်ဒိုမှာကတော့ Lazada က Max (M2) အတွက် အရောင်းကိုယ်စားလှယ်အဖြစ် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဈေးနှုန်းကတော့ IDR 2,300,000 ($158) နှစ်သိန်းငါးသောင်း ဝန်းကျင် ဖြစ်တယ်လို့ သိရပါတယ်။ Shopee ကတော့ Max Pro M2 အတွက် အရောင်းကိုယ်စားလှယ်အဖြစ် ဆောင်ရွက်သွားမှာဖြစ်ပြီး ဈေးနှုန်းကတော့ IDR 2,800,000 ($193) သုံးသိန်းဝန်းကျင် ဖြစ်တယ်လို့ သိရပါတယ်။ အင်ဒိုအတွက် ရောင်းချမှုမှာ အွန်လိုင်းကနေ ဝယ်ယူလို့ရမှာမဟုတ်ပေမယ့် ဒီဇင်ဘာ ၁၄ ရက်နေ့ကစပြီး တစ်နိုင်ငံလုံးက Ausus ရဲ့ မိတ်ဖက် အရောင်းဆိုင် ၁၂ ဆိုင်မှာ ဝယ်ယူလို့ ရမယ်လို့ သိရပါတယ်။

အိန္ဒိယမှာတော့ Flipkart ကပဲ မော်ဒယ်နှစ်မျိုးလုံးအတွက် အရောင်းကိုယ်စားလှယ်အဖြစ် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ Zenfone Max (M2) ရဲ့ ဈေးနှုန်းကတော့ INR 10,000 ($139) နှစ်သိန်းနှစ်သောင်းဝန်းကျင်ဖြစ်ပြီး Max Pro M2 ရဲ့ ဈေးနှုန်းက INR 13,000 ($180) နှစ်သိန်းရှစ်သောင်းဝန်းကျင်လောက် ဖြစ်မယ်လို့ သိရပါတယ်။ ယှဉ်ကြည့်မယ်ဆိုရင်တော့ အိန္ဒိယမှာက ပိုပြီး ဈေးသက်သာတယ်လို့ ဆိုရမှာပါ။

ဖုန်းနှစ်လုံးအကြောင်းကို အကျဉ်းအားဖြင့် မိတ်ဆက်ရမယ်ဆိုရင်တော့ လာမယ့် ဇန်နဝါရီလမှာ Adroid 9 Pie နဲ့အတူ Google Drive Storage 100GB ကိုလည်း ရရှိမယ်လို့ သိရပါတယ်။ Zenfone Max Pro M2 ကတော့ Snapdragon 660 Chipset နဲ့ဖြစ်ကြီး Notch ပါဝင်တဲ့ မျက်နှာပြင်ဟာ 6.26-inch ဖြစ်ပါတယ်။ Base model မှာ RAM 3GB နဲ့ Storage 32GB တို့ ပါဝင်မှာ ဖြစ်ပါတယ်။ သူ့ထက်မြင့်တဲ့ အမျိုးအစားမှာတော့ RAM 6GB နဲ့ Storage 64GB ဖြစ်ပါတယ်။ 12+5MP ကင်မရာနှစ်လုံးက နောက်ကျောမှာရှိပြီး အရှေ့ဘက်မှာတော့ 13+5MP Selfie ကင်မရာ နှစ်လုံး ရှိနေမှာ ဖြစ်ပါတယ်။ Fingerprint reader ကလည်း ကျောဘက်မှာပဲ ဖြစ်ပါတယ်။

Zenfone Max (M2) ကတော့ 6.26-inch မျက်နှာပြင်အရွယ်အစားနဲ့ပဲဖြစ်ပေမယ့် Resolution ကတော့ 720p+ ပဲ ရမှာဖြစ်ပါတယ်။ Snapdragon 632 ကို အသုံးပြုထားပြီး 4,000mAh ဘက်ထရီနဲ့ ဖြစ်ပါတယ်။ အနောက်ကင်မရာတွေကတော့ 13MP+2MP ဖြစ်ပြီး 4K video လည်း ရိုက်ကူးလို့ရမှာ ဖြစ်ပါတယ်။ Selfie ကင်မရာကတော့ 8MP တစ်လုံးတည်း တပ်ဆင်ပေးထားမှာ ဖြစ်ပါတယ်။

Ref: GSMarena