Zawgyi

ေက်ာင္းအတြက္ပဲျဖစ္ျဖစ္၊ ရုံးလုပ္ငန္းေတြအတြက္ပဲျဖစ္ျဖစ္ ေစ်းသက္သက္သာသာနဲ႔ သံုးရတာအဆင္ေျပတဲ့ Laptop တစ္လံုးကို ရွာေနတဲ့သူေတြအတြက္ ASUS ကေန အသစ္ဝင္ေရာက္လာတဲ့ ASUS X509 Laptop ကို Review လုပ္ေပးလုိက္ပါတယ္။ ဒီ ASUS X509 Laptop က ေစ်းအရလည္း ေဒၚလာ ၅၀၀ ဝန္းက်င္ပဲရွိမွာျဖစ္ျပီး စြမ္းေဆာင္ရည္ပိုင္းအရ All Rounder Laptop တစ္ခုလုိ႔ေတာင္ ေျပာလို႔ရပါတယ္။

ဒီ ASUS X509 Laptop ဟာ Screen Size အေနနဲ႔ 15.6″ ရွိတဲ့ Laptop တစ္ခုျဖစ္ျပီးေတာ့ Screen Size ပိုေသးတာကိုၾကိဳက္တဲ့သူေတြအတြက္လည္း ASUS ကေန X409 နာမည္နဲ႔ 14″ Laptop တစ္ခုကိုေရာင္းခ်ေနတာျဖစ္ပါတယ္။ ဒါ့အျပင္ ေစ်းႏႈန္းလည္း ၄၄၉ ေဒၚလာကေန စတင္မွာျဖစ္တဲ့အတြက္ ေစ်းသက္သာတယ္လုိ႔ေတာင္ ေျပာရမွာပါ။

အခု Review ျပဳလုပ္ျဖစ္တဲ့ ASUS X509 Laptop က Specification အေနနဲ႔ Intel i3 – 8145U Processor ၊ RAM 4GB နဲ႔ Storage 1TB HDD ေတြပါဝင္မွာျဖစ္သလုိ Graphic ပိုင္းမွာလည္း Intel HD Graphic တင္မဟုတ္ဘဲ Nvidia Geforce MX230 Graphic ပါဝင္မွာျဖစ္ပါတယ္။ အဲ့ဒီအတြက္ စြမ္းေဆာင္ရည္ပိုင္းအရဆုိရင္လည္း Entry Level Laptop ဆုိေပမယ့္ ေတာ္ေတာ္ေလးကိုမဆုိးဘူးလုိ႔ေျပာလုိ႔ရေနပါတယ္။ ဒီေကာင္က စြမ္းေဆာင္ရည္ပိုင္းနဲ႔ Design ပိုင္းေတြမွာလည္း အရင္တုန္းက ASUS Entry Laptop ေတြထက္ ေတာ္ေတာ္ကို Improve ျဖစ္လာတာပါ။

Display ပိုင္းမွာလည္း 15.6″ Full HD Display ကို အသံုးျပဳထားျပီးေတာ့ Brightness အေနနဲ႔ကေတာ့ 200 Nits ပဲရွိမွာပါ။ အဲ့ဒါေၾကာင့္ Outdoor အသံုးျပဳတာေတြထက္ Indoor မွာသံုးတာက ပိုျပီးအဆင္ေျပမွာပါ။ Display ရဲ႕ ေဘးေဘာင္ေတြေသးငယ္တာကေတာ့ ေတာ္ေတာ္ေလးကို သေဘာက်ဖုိ႔ေကာင္းသလုိ Screen-to-Body Ratio ကလည္း 82.5% အထိရွိတဲ့အတြက္ ယခင္ Generation Laptop ေတြထက္ သိသိသာသာေကာင္းလာတယ္လုိ႔ေျပာလုိ႔ရပါတယ္။ Display Quality ပိုင္းအေနနဲ႔လည္း ေတာ္ေတာ္ေလးကိုအဆင္ေျပေနတာျဖစ္ပါတယ္။

Performance အေနနဲ႔ကေတာ့ သာမန္စာစီစာရုိက္နဲ႔ ရုံးသံုးလုပ္ငန္းေတြအတြက္က အဆင္ေျပတယ္လုိ႔ေျပာလုိ႔ရျပီးေတာ့ Nvidia MX230 Graphic Card လည္းပါေတာ့ Dota 2 ၊ CS : Go လုိ eSport Game ေတြကိုလည္း Medium Setting ေလာက္နဲ႔ ေကာင္းေကာင္းေဆာ့ကစားႏုိင္တာကိုေတြ႕ရပါတယ္။ အဲ့ဒါေၾကာင့္ ပံုမွန္သံုးထားေတြထက္ Game ေတြ တခါတေလေဆာ့ခ်င္တယ္ဆုိရင္လည္း အဆင္ေျပဦးမွာပါ။

Keyboard အေနနဲ႔ကေတာ့ ဒီ X509 Laptop က စာရုိက္ရတဲ့ Spacing ပုိင္းမွာအဆင္ေျပသလုိ 15.6″ Laptop တစ္ခုျဖစ္တဲ့အတြက္ Numpad ကိုလည္း Keyboard ရဲ႕ ညာဘက္ျခမ္းမွာ ထည့္သြင္းထားတာကိုေတြ႕ရပါတယ္။ စာရုိက္တဲ့ေနရာမွာလည္း အဆင္ေျပသလုိ TouchPad ကေတာ့ Windows Precision Driver ကို အသံုးျပဳထားတဲ့အတြက္ ေတာ္ေတာ္ေလးကို ေကာင္းေနပါတယ္။

ဒါ့အျပင္ ဒီ ASUS X509 Laptop မွာ Windows Hello ကို Support ျပဳလုပ္တဲ့ Fingerprint Sensor ကိုလည္း TouchPad အေပၚဘက္မွာ ထည့္သြင္းထားပါေသးတယ္။ ဒီလုိမ်ိုး Fingerprint ပါလာတာက Laptop ကို Sign In ဝင္ဖုိ႔ အျမဲတမ္း Password ရုိက္ထည့္စရာမလုိေတာ့တဲ့အတြက္ ေတာ္ေတာ္ေလးကို အဆင္ေျပလာတယ္လုိ႔ေျပာရမွာပါ။

ေနာက္ျပီး ဒီ ASUS X509 Laptop က Ports ေတြအေနနဲ႔လည္း USB 2.0 ၂ ေပါက္၊ USB 3.0 ၁ ေပါက္နဲ႔ USB-C Port ေတြပါ ပါဝင္တဲ့အတြက္ Ports ေတြမွာလည္း Entry Laptop ေတြထဲမွာ ေတာ္ေတာ္စံုလင္တယ္လုိ႔ ေျပာလုိ႔ရပါတယ္။ ဒါ့အျပင္ SD Card Reader နဲ႔ HDMI လုိ Ports ေတြလည္း ပါဝင္ဦးမွာပါ။ Battery အေနနဲ႔ကေတာ့ 32WHrs Battery ပါဝင္မွာျဖစ္ျပီးေတာ့ ၄ နာရီနဲ႔ ၅ နာရီဝန္းက်င္ေလာက္အသံုးခံမွာပါ။ ျပီးေတာ့ အေလးခ်ိန္ကလည္း 1.8Kg ပဲရွိတဲ့အတြက္ 15.6″ Laptop ေတြထဲမွာ အရြယ္အစားေသးငယ္တာတင္မဟုတ္ဘဲ အေလးခ်ိန္ကလည္း သိိသိသာသာကို ေပါ့ေနတာျဖစ္ပါတယ္။

ASUS ကေန X509 Laptop မွာ သာမန္ Laptop တစ္ခုထက္ ပိုအၾကမ္းခံႏုိင္ေစဖုိ႔အတြက္ တကယ္လုိ႔ေအာက္ျပဳတ္က်တာ၊ ထိခုိက္မိတာတို႔ျဖစ္သြားလုိ႔ Hard Drive မပ်က္ရေအာင္ ကာကြယ္ေပးထားတဲ့ EAR HDD Protection နည္းပညာကိုလည္း ထည့္သြင္းေပးထားတာျဖစ္ပါတယ္။ ဒါက ကိုယ့္ရဲ႕ Data ေတြကို မေတာ္တဆမႈတစ္ခုခုေၾကာင့္ ပ်က္စီးဆံုးရႈံးတာကို အတိုင္းအတာတစ္ခုထိ ကာကြယ္ေပးႏုိင္ဦးမွာပါ။ ျပီးေတာ့ Body Chassis နဲ႔ Laptop Lid ေတြကိုလည္း ပံုမွန္ထက္ပိုျပီး အၾကမ္းခံေအာင္ Reinforced လုပ္ထားေပးေသးပါတယ္။

ဒီ ASUS X509 Laptop က ေစ်းႏႈန္းအေနနဲ႔ ၅၁၉ ေဒၚလာနဲ႔ေရာင္းခ်ေနျပီးေတာ့ ဒီေစ်းဝန္းက်င္မွာ စြမ္းေဆာင္ရည္အသင့္အတင့္နဲ႔ All Rounder Laptop တစ္ခုကို ရွာေနတဲ့သူေတြအတြက္ Recommend ေပးလုိ႔ေကာင္းတဲ့ Laptop တစ္ခုလုိ႔ပဲေျပာရမွာပါ။

Unicode

ကျောင်းအတွက်ပဲဖြစ်ဖြစ်၊ ရုံးလုပ်ငန်းတွေအတွက်ပဲဖြစ်ဖြစ် ဈေးသက်သက်သာသာနဲ့ သုံးရတာအဆင်ပြေတဲ့ Laptop တစ်လုံးကို ရှာနေတဲ့သူတွေအတွက် ASUS ကနေ အသစ်ဝင်ရောက်လာတဲ့ ASUS X509 Laptop ကို Review လုပ်ပေးလိုက်ပါတယ်။ ဒီ ASUS X509 Laptop က ဈေးအရလည်း ဒေါ်လာ ၅၀၀ ဝန်းကျင်ပဲရှိမှာဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်းအရ All Rounder Laptop တစ်ခုလို့တောင် ပြောလို့ရပါတယ်။

ဒီ ASUS X509 Laptop ဟာ Screen Size အနေနဲ့ 15.6″ ရှိတဲ့ Laptop တစ်ခုဖြစ်ပြီးတော့ Screen Size ပိုသေးတာကိုကြိုက်တဲ့သူတွေအတွက်လည်း ASUS ကနေ X409 နာမည်နဲ့ 14″ Laptop တစ်ခုကိုရောင်းချနေတာဖြစ်ပါတယ်။ ဒါ့အပြင် ဈေးနှုန်းလည်း ၄၄၉ ဒေါ်လာကနေ စတင်မှာဖြစ်တဲ့အတွက် ဈေးသက်သာတယ်လို့တောင် ပြောရမှာပါ။

အခု Review ပြုလုပ်ဖြစ်တဲ့ ASUS X509 Laptop က Specification အနေနဲ့ Intel i3 – 8145U Processor ၊ RAM 4GB နဲ့ Storage 1TB HDD တွေပါဝင်မှာဖြစ်သလို Graphic ပိုင်းမှာလည်း Intel HD Graphic တင်မဟုတ်ဘဲ Nvidia Geforce MX230 Graphic ပါဝင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် စွမ်းဆောင်ရည်ပိုင်းအရဆိုရင်လည်း Entry Level Laptop ဆိုပေမယ့် တော်တော်လေးကိုမဆိုးဘူးလို့ပြောလို့ရနေပါတယ်။ ဒီကောင်က စွမ်းဆောင်ရည်ပိုင်းနဲ့ Design ပိုင်းတွေမှာလည်း အရင်တုန်းက ASUS Entry Laptop တွေထက် တော်တော်ကို Improve ဖြစ်လာတာပါ။

Display ပိုင်းမှာလည်း 15.6″ Full HD Display ကို အသုံးပြုထားပြီးတော့ Brightness အနေနဲ့ကတော့ 200 Nits ပဲရှိမှာပါ။ အဲ့ဒါကြောင့် Outdoor အသုံးပြုတာတွေထက် Indoor မှာသုံးတာက ပိုပြီးအဆင်ပြေမှာပါ။ Display ရဲ့ ဘေးဘောင်တွေသေးငယ်တာကတော့ တော်တော်လေးကို သဘောကျဖို့ကောင်းသလို Screen-to-Body Ratio ကလည်း 82.5% အထိရှိတဲ့အတွက် ယခင် Generation Laptop တွေထက် သိသိသာသာကောင်းလာတယ်လို့ပြောလို့ရပါတယ်။ Display Quality ပိုင်းအနေနဲ့လည်း တော်တော်လေးကိုအဆင်ပြေနေတာဖြစ်ပါတယ်။

Performance အနေနဲ့ကတော့ သာမန်စာစီစာရိုက်နဲ့ ရုံးသုံးလုပ်ငန်းတွေအတွက်က အဆင်ပြေတယ်လို့ပြောလို့ရပြီးတော့ Nvidia MX230 Graphic Card လည်းပါတော့ Dota 2 ၊ CS : Go လို eSport Game တွေကိုလည်း Medium Setting လောက်နဲ့ ကောင်းကောင်းဆော့ကစားနိုင်တာကိုတွေ့ရပါတယ်။ အဲ့ဒါကြောင့် ပုံမှန်သုံးထားတွေထက် Game တွေ တခါတလေဆော့ချင်တယ်ဆိုရင်လည်း အဆင်ပြေဦးမှာပါ။

Keyboard အနေနဲ့ကတော့ ဒီ X509 Laptop က စာရိုက်ရတဲ့ Spacing ပိုင်းမှာအဆင်ပြေသလို 15.6″ Laptop တစ်ခုဖြစ်တဲ့အတွက် Numpad ကိုလည်း Keyboard ရဲ့ ညာဘက်ခြမ်းမှာ ထည့်သွင်းထားတာကိုတွေ့ရပါတယ်။ စာရိုက်တဲ့နေရာမှာလည်း အဆင်ပြေသလို TouchPad ကတော့ Windows Precision Driver ကို အသုံးပြုထားတဲ့အတွက် တော်တော်လေးကို ကောင်းနေပါတယ်။

ဒါ့အပြင် ဒီ ASUS X509 Laptop မှာ Windows Hello ကို Support ပြုလုပ်တဲ့ Fingerprint Sensor ကိုလည်း TouchPad အပေါ်ဘက်မှာ ထည့်သွင်းထားပါသေးတယ်။ ဒီလိုမျိုး Fingerprint ပါလာတာက Laptop ကို Sign In ဝင်ဖို့ အမြဲတမ်း Password ရိုက်ထည့်စရာမလိုတော့တဲ့အတွက် တော်တော်လေးကို အဆင်ပြေလာတယ်လို့ပြောရမှာပါ။

နောက်ပြီး ဒီ ASUS X509 Laptop က Ports တွေအနေနဲ့လည်း USB 2.0 ၂ ပေါက်၊ USB 3.0 ၁ ပေါက်နဲ့ USB-C Port တွေပါ ပါဝင်တဲ့အတွက် Ports တွေမှာလည်း Entry Laptop တွေထဲမှာ တော်တော်စုံလင်တယ်လို့ ပြောလို့ရပါတယ်။ ဒါ့အပြင် SD Card Reader နဲ့ HDMI လို Ports တွေလည်း ပါဝင်ဦးမှာပါ။ Battery အနေနဲ့ကတော့ 32WHrs Battery ပါဝင်မှာဖြစ်ပြီးတော့ ၄ နာရီနဲ့ ၅ နာရီဝန်းကျင်လောက်အသုံးခံမှာပါ။ ပြီးတော့ အလေးချိန်ကလည်း 1.8Kg ပဲရှိတဲ့အတွက် 15.6″ Laptop တွေထဲမှာ အရွယ်အစားသေးငယ်တာတင်မဟုတ်ဘဲ အလေးချိန်ကလည်း သိသိသာသာကို ပေါ့နေတာဖြစ်ပါတယ်။

ASUS ကနေ X509 Laptop မှာ သာမန် Laptop တစ်ခုထက် ပိုအကြမ်းခံနိုင်စေဖို့အတွက် တကယ်လို့အောက်ပြုတ်ကျတာ၊ ထိခိုက်မိတာတို့ဖြစ်သွားလို့ Hard Drive မပျက်ရအောင် ကာကွယ်ပေးထားတဲ့ EAR HDD Protection နည်းပညာကိုလည်း ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ ဒါက ကိုယ့်ရဲ့ Data တွေကို မတော်တဆမှုတစ်ခုခုကြောင့် ပျက်စီးဆုံးရှုံးတာကို အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးနိုင်ဦးမှာပါ။ ပြီးတော့ Body Chassis နဲ့ Laptop Lid တွေကိုလည်း ပုံမှန်ထက်ပိုပြီး အကြမ်းခံအောင် Reinforced လုပ်ထားပေးသေးပါတယ်။

ဒီ ASUS X509 Laptop က ဈေးနှုန်းအနေနဲ့ ၅၁၉ ဒေါ်လာနဲ့ရောင်းချနေပြီးတော့ ဒီဈေးဝန်းကျင်မှာ စွမ်းဆောင်ရည်အသင့်အတင့်နဲ့ All Rounder Laptop တစ်ခုကို ရှာနေတဲ့သူတွေအတွက် Recommend ပေးလို့ကောင်းတဲ့ Laptop တစ်ခုလို့ပဲပြောရမှာပါ။