Zawgyi

ASUS ကေန ၿပီးခဲ့တဲ့ ဇြန္လတုန္းက Taiwan ႏိုင္ငံ ၊ Taipei ၿမိဳ႕မွာ ျပဳလုပ္ခဲ့တဲ့ Computex 2019 Event မွာ ပထမဆုံး Dual Display ပါဝင္လာတဲ့ ASUS ZenBook Pro Duo Laptop ေတြကို တရားဝင္မိတ္ဆက္သြားခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့ ASUS ZenBook Pro Duo နဲ႔ ZenBook Duo ေတြက ျမန္မာႏိုင္ငံေစ်းကြက္ထဲကို ပထမဆုံးအေနနဲ႔ Dual Display ပါဝင္တဲ့ Laptop ေတြအျဖစ္ စတင္ေရာင္းခ်သြားေတာ့မွာလည္းျဖစ္ပါတယ္။

အခု ASUS ကေန ေရာင္းခ်ေတာ့မယ့္ ASUS ZenBook Pro Duo ဟာ ေစ်းႏႈန္းေတြအေနနဲ႔ဆိုရင္ Intel Core i7 Version ကို $3,199 နဲ႔ Core i9 Version ကို $3,999 က်သင့္မွာျဖစ္ၿပီးေတာ့ ျမန္မာေငြအေနနဲ႔ဆိုရင္ သိန္း ၅၀ နဲ႔ သိန္း ၆၀ ဝန္းက်င္ခန္႔ အသီးသီးက်သင့္မွာျဖစ္ပါတယ္။ ဒီပမာဏက ပုံမွန္ Ultrabook ေတြနဲ႔ ယွဥ္ရင္ေတာင္မွ မ်ားတယ္လို႔ ေျပာႏိုင္တဲ့ ပမာဏတစ္ခုျဖစ္ေပမယ့္လည္း ASUS ZenBook Pro Duo က ေပးရတဲ့ေစ်းနဲ႔ တန္တယ္လို႔ ေျပာလို႔ရတဲ့ စြမ္းေဆာင္ရည္နဲ႔ Feature ေတြကို ပိုင္ဆိုင္ထားတယ္လို႔ေတာင္ သတ္မွတ္ရမွာပါ။ အဲ့ေတာ့ အခု ZenBook Pro Duo က Creative နဲ႔ Professional ေတြအတြက္ ဘယ္လိုမ်ိဳး Feature ေတြပါဝင္မလဲဆိုတာကို ၾကည့္လိုက္ရေအာင္။

အရင္ဆုံး ASUS ZenBook Pro Duo ရဲ႕ Specification ေတြအေနနဲ႔ကေတာ့ Processor ပိုင္းမွာ Intel Core i9-9980HK ဒါမွမဟုတ္ Intel Core i7 – 9750H Processor ေတြကို ေ႐ြးခ်ယ္ႏိုင္မွာျဖစ္ပါတယ္။ RAM အေနနဲ႔ကေတာ့ 32GB ပါဝင္မွာျဖစ္ၿပီးေတာ့ Storage ကေတာ့ 1TB PCI-E SSD ကို တပ္ဆင္လာမွာလည္းျဖစ္ပါတယ္။ ဒါတင္မဟုတ္ေသးဘဲ Intel Core i9 Model မွာဆိုရင္ 1TB SSD Storage ကိုမွ 24GB Intel Optane Memory နည္းပညာကို ထည့္သြင္းထားဦးမွာပါ။

Processor ပိုင္းတင္ ဒီ ASUS ZenBook Pro Duo က ေကာင္းမြန္ေနတာမဟုတ္ဘဲ Graphic ပိုင္းမွာလည္း Nvidia ရဲ႕ High End Graphic Card ျဖစ္တဲ့ RTX 2060 6GB GDDR6 VRAM ကို အသုံးျပဳေပးထားတာပါ။ အဲ့ဒီအတြက္ Gaming ပိုင္းမွာပဲျဖစ္ျဖစ္၊ Video Editing ၊ Photo Editing ပိုင္းေတြမွာပါ စြမ္းေဆာင္ရည္ပိုင္းမွာ လုံးဝကို စိတ္ခ်ထားလို႔ရမွာပါ။ Game ေတြအေနနဲ႔ဆိုရင္လည္း ပုံမွန္ eSport Game ေတြကေန High End AAA Title Game ေတြအထိ စိတ္ႀကိဳက္ေဆာ့လို႔ရမွာျဖစ္ပါတယ္။

ဒါေပမယ့္ ဒီ ASUS ZenBook Pro Duo မွာ စြမ္းေဆာင္ရည္ပိုင္းထက္ စိတ္ဝင္စားဖို႔ေကာင္းတာက Display ပိုင္းပဲျဖစ္မွာပါ။ Primary Display အေနနဲ႔ 15.6″ ရွိတဲ့ OLED 4K Touch Screen Display ကို အသုံးျပဳေပးထားၿပီးေတာ့ Color Accuracy ကလည္း 100% DCI-P3 အျပည့္ရွိတဲ့အျပင္ Pantone Validated Display အမ်ိဳးအစားျဖစ္တဲ့အတြက္ Professional Video Editing ေတြ၊ Photo Editing ေတြမွာ Color မမွန္မွာကိုလည္း စိုးရိမ္ေနစရာမလိုပါဘူး။ Secondary Display ဒါမွမဟုတ္ ScreenPad Plus ကေတာ့ 14″ 4K Touch Screen Display ကို တပ္ဆင္ေပးထားတာျဖစ္ပါတယ္။ အဲ့ဒီအတြက္ ေျပာရရင္ ပုံမွန္ Laptop တစ္ခုအစား 15.6″ Laptop တစ္ခုနဲ႔ 14″ Laptop တစ္ခုကို ေပါင္းစပ္ထားသလို ခံစားရမွာပါ။ ၿပီးေတာ့ အခု ZenBook Pro Duo မွာ Design ပိုင္း ပုံဆြဲတာေတြအတြက္ ပိုၿပီးလြယ္ကူဖို႔ Pen တစ္ခုလည္းပါဝင္မွာျဖစ္ပါတယ္။

ေနာက္ၿပီးေတာ့ အဆိုပါ ASUS ScreenPad Plus က Windows 10 မွာလည္း Secondary Display ပုံစံအတိုင္း အလုပ္လုပ္မွာျဖစ္ပါတယ္။ အဲ့ဒီအတြက္ Desktop PC မွာ Dual Monitor သုံးသလိုမ်ိဳး ကိုယ္ႀကိဳက္တဲ့ Windows ကို ကိုယ္ႀကိဳက္တဲ့ Screen မွာဖြင့္ထားလို႔ရတယ္၊ ဖြင့္ေနၾက Apps ေတြကို Favorite ထားလို႔ရတယ္၊ Task Group ဆိုၿပီး ဖြဲ႕ထားေပးလို႔ရတယ္… ၿပီးေတာ့ အႀကိဳက္ဆုံးအခ်က္တစ္ခုကေတာ့ ေအာက္က ScreenPad Plus Display မွာတင္ Windows ၃ ခုထိ ထားထားလို႔ရပါတယ္။ အဲ့ေတာ့ ဥပမာ Primary Display မွာ ႐ုပ္ရွင္ၾကည့္ေနတယ္ဆိုရင္ ေအာက္က Secondary Display မွာတင္ Facebook ၊ Messenger နဲ႔ ႀကိဳက္တဲ့ App တစ္ခုခုကို ဖြင့္ထားလို႔ရတယ္ – အဲ့ေတာ့ Productivity အတြက္ မတရားကို ပိုေကာင္းလာတာပါ – Video Editing သမားေတြဆိုရင္လည္း Timeline ကို Secondary Display မွာထည့္ထားလို႔ရတယ္၊ ၿပီးေတာ့ Game Streaming သမားေတြဆိုရင္လည္း Primary Display မွာ Game ေဆာ့ေနတုန္းေအာက္မွာ Comment ေတြဖတ္လို႔ရတာမ်ိဳးပါ။ ဒီလိုမ်ိဳး ေနာက္ထပ္ Display တစ္ခုပါလာတာက Multitasking သမားေတြအတြက္ေတာ့ စမ္းသုံးၾကည့္ၿပီးရင္ ပုံမွန္ Laptop တစ္ခုကို ျပန္သြားဖို႔ခက္ခဲတဲ့ Feature တစ္ခုဆိုရင္လည္းမမွားပါဘူး။

ၿပီးေတာ့ အခု ScreenPad Plus ကို ကိုယ္ႀကိဳက္တဲ့ Windows ေတြကို ထည့္သြင္းဖို႔ကလည္း အရမ္းကိုလြယ္ကူၿပီးေတာ့ အေပၚဘက္က Primary Display ကေန ScreenPad Plus မွာ အသုံးျပဳခ်င္တဲ့ Windows ကို Touch နဲ႔ Drag & Drop လုပ္ၿပီး ေပၚလာတဲ့ Option ၃ ခုထဲက ေအာက္ဖက္က ScreenPad Plus ကို Stack လုပ္မယ့္ Option ကိုေ႐ြးလိုက္႐ုံပါပဲ။ အခု ScreenPad Plus ရဲ႕ Brightness ၊ Resolution နဲ႔ Custom Wallpaper ေတြကို စိတ္ႀကိဳက္ေျပာင္းလဲလို႔ရတာကလည္း အားသာခ်က္တစ္ခုလို႔ ေျပာလို႔ရပါတယ္။

အခုလိုမ်ိဳး Secondary Display ပါလာတဲ့အတြက္ Keyboard ေနရာက ပုံမွန္ထက္ ေအာက္ကိုေရာက္သြားၿပီးေတာ့ TouchPad ကလည္း ညာဘက္ျခမ္းကို ေရာက္သြားပါတယ္။ ဒါေပမယ့္ စာ႐ိုက္ဖို႔အဆင္ေျပေအာင္ Wrist Rest ပါဝင္မွာျဖစ္တဲ့အျပင္ TouchPad ကလည္း Digital Numpad အေနနဲ႔ပါ အလုပ္လုပ္မွာျဖစ္ပါတယ္။

ASUS ZenBook Pro Duo ရဲ႕ Body တစ္ခုလုံးကို Aluminum Body နဲ႔လုပ္ထားတဲ့အျပင္ Mil-STD 810G ပါ ပါဝင္မွာလည္းျဖစ္ပါတယ္၊ အခုလိုမ်ိဳး Mil-STD 810G ရရွိဖို႔အတြက္ အျမင့္ကေန လႊတ္ခ်တာေတြ၊ အပူအခ်ိန္အမ်ိဳးမ်ိဳး နဲ႔ ရာသီဥတုအေျခအေနအမ်ိဳးမ်ိဳးမွာ စစ္ေဆးခံထားရတဲ့အတြက္ Dual Display နဲ႔ Laptop တစ္ခုျဖစ္ေပမယ့္ စိတ္ပူေနရမလိုဘဲ တျခား Laptop ေတြထက္ ပိုၿပီး အၾကမ္းခံမွာျဖစ္ပါတယ္။ Port ေတြအေနနဲ႔လည္း USB ၂ ေပါက္ ၊ HDMI နဲ႔ Thunderbolt Support လုပ္တဲ့ USB-C Port ေတြပါဝင္မွာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီေနရာမွာေတာ့ SD Card Reader ပါဝင္ျခင္းမရွိတာက အနည္းငယ္အားနည္းခ်က္ျဖစ္ေနတယ္လို႔ ေျပာရမွာပါ။

Battery Life အေနနဲ႔ကေတာ့ Dual Display အေနနဲ႔ သုံးမယ္ဆိုရင္ ပုံမွန္အသုံးျပဳတဲ့အခ်ိန္မွာ ၄ နာရီနဲ႔ ၅ ဝန္းက်င္ဝန္းက်င္ပဲ အသုံးျပဳႏိုင္မွာျဖစ္ပါတယ္၊ နာရီဝက္အားျပန္သြင္းတာနဲ႔ 50% အထိ အားျပန္ျပည့္ႏိုင္တဲ့ Fast Charging စနစ္ပါဝင္တာကေတာ့ အားသာခ်က္တစ္ခုလို႔ ေျပာရမွာပါ။ ေနာက္ၿပီး Digital Assistant တစ္ခုျဖစ္တဲ့ Alexa ကိုလည္း အသုံးျပဳႏိုင္မွာျဖစ္ၿပီး ခိုင္းေစတဲ့အခ်ိန္မွာလည္း Alexa Light Bar က လင္းေနဦးမွာျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ အခု ASUS ZenBook Pro Duo ဟာ ေစ်းႏႈန္းအရေတာ့ ျမင့္မားတယ္ဆိုေပမယ့္ တကယ့္ Creative ေတြ၊ Professional ေတြအတြက္ေတာ့ လုံးဝ Multitasking နဲ႔ Productivity အတြက္ အေကာင္းဆုံး Laptop တစ္ခုျဖစ္လာတယ္ဆိုရင္လည္း မမွားပါဘူး။

Unicode

ASUS ကနေ ပြီးခဲ့တဲ့ ဇွန်လတုန်းက Taiwan နိုင်ငံ ၊ Taipei မြို့မှာ ပြုလုပ်ခဲ့တဲ့ Computex 2019 Event မှာ ပထမဆုံး Dual Display ပါဝင်လာတဲ့ ASUS ZenBook Pro Duo Laptop တွေကို တရားဝင်မိတ်ဆက်သွားခဲ့ပါတယ်။ အခုအချိန်မှာတော့ ASUS ZenBook Pro Duo နဲ့ ZenBook Duo တွေက မြန်မာနိုင်ငံစျေးကွက်ထဲကို ပထမဆုံးအနေနဲ့ Dual Display ပါဝင်တဲ့ Laptop တွေအဖြစ် စတင်ရောင်းချသွားတော့မှာလည်းဖြစ်ပါတယ်။

အခု ASUS ကနေ ရောင်းချတော့မယ့် ASUS ZenBook Pro Duo ဟာ စျေးနှုန်းတွေအနေနဲ့ဆိုရင် Intel Core i7 Version ကို $3,199 နဲ့ Core i9 Version ကို $3,999 ကျသင့်မှာဖြစ်ပြီးတော့ မြန်မာငွေအနေနဲ့ဆိုရင် သိန်း ၅၀ နဲ့ သိန်း ၆၀ ဝန်းကျင်ခန့် အသီးသီးကျသင့်မှာဖြစ်ပါတယ်။ ဒီပမာဏက ပုံမှန် Ultrabook တွေနဲ့ ယှဥ်ရင်တောင်မှ များတယ်လို့ ပြောနိုင်တဲ့ ပမာဏတစ်ခုဖြစ်ပေမယ့်လည်း ASUS ZenBook Pro Duo က ပေးရတဲ့စျေးနဲ့ တန်တယ်လို့ ပြောလို့ရတဲ့ စွမ်းဆောင်ရည်နဲ့ Feature တွေကို ပိုင်ဆိုင်ထားတယ်လို့တောင် သတ်မှတ်ရမှာပါ။ အဲ့တော့ အခု ZenBook Pro Duo က Creative နဲ့ Professional တွေအတွက် ဘယ်လိုမျိုး Feature တွေပါဝင်မလဲဆိုတာကို ကြည့်လိုက်ရအောင်။

အရင်ဆုံး ASUS ZenBook Pro Duo ရဲ့ Specification တွေအနေနဲ့ကတော့ Processor ပိုင်းမှာ Intel Core i9-9980HK ဒါမှမဟုတ် Intel Core i7 – 9750H Processor တွေကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ RAM အနေနဲ့ကတော့ 32GB ပါဝင်မှာဖြစ်ပြီးတော့ Storage ကတော့ 1TB PCI-E SSD ကို တပ်ဆင်လာမှာလည်းဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Intel Core i9 Model မှာဆိုရင် 1TB SSD Storage ကိုမှ 24GB Intel Optane Memory နည်းပညာကို ထည့်သွင်းထားဦးမှာပါ။

Processor ပိုင်းတင် ဒီ ASUS ZenBook Pro Duo က ကောင်းမွန်နေတာမဟုတ်ဘဲ Graphic ပိုင်းမှာလည်း Nvidia ရဲ့ High End Graphic Card ဖြစ်တဲ့ RTX 2060 6GB GDDR6 VRAM ကို အသုံးပြုပေးထားတာပါ။ အဲ့ဒီအတွက် Gaming ပိုင်းမှာပဲဖြစ်ဖြစ်၊ Video Editing ၊ Photo Editing ပိုင်းတွေမှာပါ စွမ်းဆောင်ရည်ပိုင်းမှာ လုံးဝကို စိတ်ချထားလို့ရမှာပါ။ Game တွေအနေနဲ့ဆိုရင်လည်း ပုံမှန် eSport Game တွေကနေ High End AAA Title Game တွေအထိ စိတ်ကြိုက်ဆော့လို့ရမှာဖြစ်ပါတယ်။

ဒါပေမယ့် ဒီ ASUS ZenBook Pro Duo မှာ စွမ်းဆောင်ရည်ပိုင်းထက် စိတ်ဝင်စားဖို့ကောင်းတာက Display ပိုင်းပဲဖြစ်မှာပါ။ Primary Display အနေနဲ့ 15.6″ ရှိတဲ့ OLED 4K Touch Screen Display ကို အသုံးပြုပေးထားပြီးတော့ Color Accuracy ကလည်း 100% DCI-P3 အပြည့်ရှိတဲ့အပြင် Pantone Validated Display အမျိုးအစားဖြစ်တဲ့အတွက် Professional Video Editing တွေ၊ Photo Editing တွေမှာ Color မမှန်မှာကိုလည်း စိုးရိမ်နေစရာမလိုပါဘူး။ Secondary Display ဒါမှမဟုတ် ScreenPad Plus ကတော့ 14″ 4K Touch Screen Display ကို တပ်ဆင်ပေးထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ပြောရရင် ပုံမှန် Laptop တစ်ခုအစား 15.6″ Laptop တစ်ခုနဲ့ 14″ Laptop တစ်ခုကို ပေါင်းစပ်ထားသလို ခံစားရမှာပါ။ ပြီးတော့ အခု ZenBook Pro Duo မှာ Design ပိုင်း ပုံဆွဲတာတွေအတွက် ပိုပြီးလွယ်ကူဖို့ Pen တစ်ခုလည်းပါဝင်မှာဖြစ်ပါတယ်။

နောက်ပြီးတော့ အဆိုပါ ASUS ScreenPad Plus က Windows 10 မှာလည်း Secondary Display ပုံစံအတိုင်း အလုပ်လုပ်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Desktop PC မှာ Dual Monitor သုံးသလိုမျိုး ကိုယ်ကြိုက်တဲ့ Windows ကို ကိုယ်ကြိုက်တဲ့ Screen မှာဖွင့်ထားလို့ရတယ်၊ ဖွင့်နေကြ Apps တွေကို Favorite ထားလို့ရတယ်၊ Task Group ဆိုပြီး ဖွဲ့ထားပေးလို့ရတယ်… ပြီးတော့ အကြိုက်ဆုံးအချက်တစ်ခုကတော့ အောက်က ScreenPad Plus Display မှာတင် Windows ၃ ခုထိ ထားထားလို့ရပါတယ်။ အဲ့တော့ ဥပမာ Primary Display မှာ ရုပ်ရှင်ကြည့်နေတယ်ဆိုရင် အောက်က Secondary Display မှာတင် Facebook ၊ Messenger နဲ့ ကြိုက်တဲ့ App တစ်ခုခုကို ဖွင့်ထားလို့ရတယ် – အဲ့တော့ Productivity အတွက် မတရားကို ပိုကောင်းလာတာပါ – Video Editing သမားတွေဆိုရင်လည်း Timeline ကို Secondary Display မှာထည့်ထားလို့ရတယ်၊ ပြီးတော့ Game Streaming သမားတွေဆိုရင်လည်း Primary Display မှာ Game ဆော့နေတုန်းအောက်မှာ Comment တွေဖတ်လို့ရတာမျိုးပါ။ ဒီလိုမျိုး နောက်ထပ် Display တစ်ခုပါလာတာက Multitasking သမားတွေအတွက်တော့ စမ်းသုံးကြည့်ပြီးရင် ပုံမှန် Laptop တစ်ခုကို ပြန်သွားဖို့ခက်ခဲတဲ့ Feature တစ်ခုဆိုရင်လည်းမမှားပါဘူး။

ပြီးတော့ အခု ScreenPad Plus ကို ကိုယ်ကြိုက်တဲ့ Windows တွေကို ထည့်သွင်းဖို့ကလည်း အရမ်းကိုလွယ်ကူပြီးတော့ အပေါ်ဘက်က Primary Display ကနေ ScreenPad Plus မှာ အသုံးပြုချင်တဲ့ Windows ကို Touch နဲ့ Drag & Drop လုပ်ပြီး ပေါ်လာတဲ့ Option ၃ ခုထဲက အောက်ဖက်က ScreenPad Plus ကို Stack လုပ်မယ့် Option ကိုရွေးလိုက်ရုံပါပဲ။ အခု ScreenPad Plus ရဲ့ Brightness ၊ Resolution နဲ့ Custom Wallpaper တွေကို စိတ်ကြိုက်ပြောင်းလဲလို့ရတာကလည်း အားသာချက်တစ်ခုလို့ ပြောလို့ရပါတယ်။

အခုလိုမျိုး Secondary Display ပါလာတဲ့အတွက် Keyboard နေရာက ပုံမှန်ထက် အောက်ကိုရောက်သွားပြီးတော့ TouchPad ကလည်း ညာဘက်ခြမ်းကို ရောက်သွားပါတယ်။ ဒါပေမယ့် စာရိုက်ဖို့အဆင်ပြေအောင် Wrist Rest ပါဝင်မှာဖြစ်တဲ့အပြင် TouchPad ကလည်း Digital Numpad အနေနဲ့ပါ အလုပ်လုပ်မှာဖြစ်ပါတယ်။

ASUS ZenBook Pro Duo ရဲ့ Body တစ်ခုလုံးကို Aluminum Body နဲ့လုပ်ထားတဲ့အပြင် Mil-STD 810G ပါ ပါဝင်မှာလည်းဖြစ်ပါတယ်၊ အခုလိုမျိုး Mil-STD 810G ရရှိဖို့အတွက် အမြင့်ကနေ လွှတ်ချတာတွေ၊ အပူအချိန်အမျိုးမျိုး နဲ့ ရာသီဥတုအခြေအနေအမျိုးမျိုးမှာ စစ်ဆေးခံထားရတဲ့အတွက် Dual Display နဲ့ Laptop တစ်ခုဖြစ်ပေမယ့် စိတ်ပူနေရမလိုဘဲ တခြား Laptop တွေထက် ပိုပြီး အကြမ်းခံမှာဖြစ်ပါတယ်။ Port တွေအနေနဲ့လည်း USB ၂ ပေါက် ၊ HDMI နဲ့ Thunderbolt Support လုပ်တဲ့ USB-C Port တွေပါဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီနေရာမှာတော့ SD Card Reader ပါဝင်ခြင်းမရှိတာက အနည်းငယ်အားနည်းချက်ဖြစ်နေတယ်လို့ ပြောရမှာပါ။

Battery Life အနေနဲ့ကတော့ Dual Display အနေနဲ့ သုံးမယ်ဆိုရင် ပုံမှန်အသုံးပြုတဲ့အချိန်မှာ ၄ နာရီနဲ့ ၅ ဝန်းကျင်ဝန်းကျင်ပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်၊ နာရီဝက်အားပြန်သွင်းတာနဲ့ 50% အထိ အားပြန်ပြည့်နိုင်တဲ့ Fast Charging စနစ်ပါဝင်တာကတော့ အားသာချက်တစ်ခုလို့ ပြောရမှာပါ။ နောက်ပြီး Digital Assistant တစ်ခုဖြစ်တဲ့ Alexa ကိုလည်း အသုံးပြုနိုင်မှာဖြစ်ပြီး ခိုင်းစေတဲ့အချိန်မှာလည်း Alexa Light Bar က လင်းနေဦးမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခု ASUS ZenBook Pro Duo ဟာ စျေးနှုန်းအရတော့ မြင့်မားတယ်ဆိုပေမယ့် တကယ့် Creative တွေ၊ Professional တွေအတွက်တော့ လုံးဝ Multitasking နဲ့ Productivity အတွက် အကောင်းဆုံး Laptop တစ်ခုဖြစ်လာတယ်ဆိုရင်လည်း မမှားပါဘူး။