Zawgyi

ASUS ကေန အခုအခ်ိန္မွာ Ultrabook Series ေတြထဲက ေအာင္ျမင္ၿပီးသား ZenBook Series Laptop အသစ္ေတြကို ထပ္ၿပီးေတာ့ မိတ္ဆက္ေပးခဲ့ပါတယ္။ အခု မိတ္ဆက္လိုက္တဲ့ ZenBook ေတြကေတာ့ ZenBook 14 UX434 နဲ႔ ZenBook 15 UX534 ေတြပဲျဖစ္ၿပီးေတာ့ Business User ေတြနဲ႔ ေက်ာင္းသားေတြစိတ္ႀကိဳက္ျဖစ္မွာပါ။

အခု ZenBook 14 နဲ႔ 15 Laptop ေတြရဲ႕ ထူးျခားခ်က္ကေတာ့ ပုံမွန္ Laptop ေတြ Ultrabook ေတြနဲ႔ လုံးဝ မတူညီတဲ့ TouchPad ပဲျဖစ္ပါတယ္။ အဆိုပါ TouchPad ကို ASUS ကေတာ့ ScreenPad 2.0 လို႔ ေခၚဆိုထားၿပီးေတာ့ ပုံမွန္ ျမင္ေနၾက TouchPad အစား Touch Screen Display တစ္ခုနဲ႔ လုံးဝ အစားထိုးလိုက္တာပဲျဖစ္ပါတယ္။ ဒီ Feature က ပုံမွန္ Laptop တစ္ခုကို အသုံးျပဳေနၾကပုံစံကေန လုံးဝကို ေျပာင္းလဲသြားေစတာပါ။

ScreenPad 2.0 မွာဆိုရင္ YouTube Video ေတြ၊ အသုံးမ်ားတဲ့ Spotify လို Application ေတြကို ScreenPad မွာပဲ ဖြင့္ထားၿပီး အသုံးျပဳလို႔ရမွာျဖစ္ၿပီး PowerPoint Slide ေတြ၊ တ႐ုတ္စာလိုမ်ိဳး Handwriting ေတြကို ဒီ ScreenPad 2.0 မွာ ေရးလိုက္႐ုံနဲ႔ Auto ေရးတဲ့ Feature ေတြပါဝင္လာပါတယ္။ ၿပီးေတာ့ Number Key ေတြ၊ Photoshop တို႔ Premiere Pro လိုမ်ိဳး Software ေတြမွာလည္း Shortcut Key ေတြကို သုံးလို႔ရမွာပါ။ ပုံမွန္ TouchPad ပုံစံမ်ိဳး သုံးခ်င္တယ္ဆိုရင္လည္း Three Finger Tap တစ္ခ်က္နဲ႔တင္ ျပန္ၿပီး သုံးလို႔ရဦးမွာပါ။ အဲ့ဒါေၾကာင့္ Multitasking ေတြ ေသခ်ာသုံးမယ့္သူေတြအတြက္ကေတာ့ လုံးဝအဆင္ေျပပါတယ္။

ေနာက္ထပ္ ScreenPad 2.0 ရဲ႕ Feature တစ္ခုကေတာ့ Secondary Display အေနနဲ႔ပါ အသုံးျပဳႏိုင္တာျဖစ္ၿပီးေတာ့ တကယ္လို႔ ကိုယ္က Netflix ၊ YouTube လိုမ်ိဳး Video ေတြၾကည့္ေနတယ္ဆိုရင္လည္း အေပၚက Primary Display ကို မထိဘဲနဲ႔ ေအာက္က ScreenPad 2.0 မွာဖြင့္ထားလို႔ရတာျဖစ္ပါတယ္။ ဒီ Feature က အလုပ္လုပ္ေနရင္းနဲ႔ YouTube ကေန သီခ်င္းနားေထာင္တတ္တဲ့သူေတြအတြက္ သေဘာက်စရာ Feature တစ္ခုျဖစ္ေနဦးမွာပါ။

ေနာက္ၿပီး Specs ပိုင္းမွာလည္း ဒီ ZenBook 14 နဲ႔ 15 Laptop ေတြဟာ လုံးဝ အားမနည္းတဲ့အျပင္ လက္ရွိမွာအေကာင္းဆုံးလို႔ေတာင္ ေျပာလို႔ရေနျပန္ပါတယ္။ Intel ရဲ႕ ေနာက္ဆုံးထြက္ 10th Gen i7 Processor ကို အသုံးျပဳထားသလို 16GB RAM လည္းပါဝင္မွာျဖစ္ၿပီး 1TB SSD ကိုလည္း ထည့္သြင္းထားေသးတာျဖစ္ပါတယ္။ Wi-Fi Connectivity မွာလည္း လက္ရွိမွာ အေကာင္းဆုံးျဖစ္ေနတဲ့ Wi-Fi 6 ကို ထည့္သြင္းေပးထားပါေသးတယ္။ Graphic ပိုင္းအေနနဲ႔မွာေတာ့ ZenBook 14 မွာ Nvidia MX250 Graphic Card ပါဝင္မွာျဖစ္ၿပီးေတာ့ ZenBook 15 မွာေတာ့ Nvidia GTX 1650 Graphic Cardေတြပါဝင္မွာပါ။ အဲ့ဒီအတြက္ ပုံမွန္ Ultrabook ေတြထက္ပိုၿပီးေတ့ာ CS:GO ၊ Dota 2 လိုမ်ိဳး eSport Game ေတြကေန GTA V ၊ Battlefield အစရွိတဲ့ AAA Game ေတြအထိ ေကာင္းေကာင္းေဆာ့ကစားႏိုင္မွာျဖစ္သလို Video Editing ေတြအတြက္ပါ အဆင္ေျပမွာပါ။

Display အေနနဲ႔ကေတာ့ ZenBook 14 မွာ 14″ Display နဲ႔ ZenBook 15 မွာ 15.6″ Display ေတြပါဝင္မွာျဖစ္ၿပီးေတာ့ Screen-to-Body Ratio က 95% အထိရွိေနမွာျဖစ္ပါတယ္။ အဲ့ဒီအတြက္ လုံးဝကို Immersive ျဖစ္တဲ့ Viewing Experience ကို ရရွိမွာပါ။ ဒ့ါအျပင္ Display ရဲ႕ အေပၚဘက္မွာလည္း ကိုယ့္မ်က္ႏွာနဲ႔ Unlock ျပဳလုပ္ႏိုင္တဲ့ Windows Hello IR Camera ေတြကို တပ္ဆင္ထားပါေသးတယ္။

ေနာက္ၿပီးေတာ့ ZenBook 14 နဲ႔ 15 Laptop ေတြရဲ႕ Keyboard က စာ႐ိုက္မယ္ဆိုရင္ အေပၚဘက္ကို အနည္းငယ္ပင့္တင္ေပးထားတဲ့ ErgoLift Design နဲ႔ ျပဳလုပ္ထားတာျဖစ္ပါတယ္။ အဲ့ဒီအတြက္ စာ႐ိုက္မယ့္သူေတြအတြက္ ပိုၿပီး အဆင္ေျပသလို Cooling နဲ႔ Audio Speaker ပိုင္းမွာလည္း ပိုၿပီး ေကာင္းလာေစတာျဖစ္ပါတယ္။ Speakers ေတြအေနနဲ႔လည္း Harman Kardon Speaker ေတြကို အသုံးျပဳေပးထားတာပါ။

Ports ေတြအေနနဲ႔ဆိုရင္ USB Port ၂ ခု ၊ USB-C ၊ HDMI ၊ MicroSD သို႔မဟုတ္ SD Card Slot ၊ 3.5mm Audio Jack ေတြထည့္သြင္းေပးထားပါတယ္။ ဒီ ASUS ZenBook 14 နဲ႔ 15 Laptop ေတြမွာ ပုံမွန္ထက္သိသိသာသာ အၾကမ္းပိုခံတဲ့ MIL-STD 810G Standard ကိုလည္း ရရွိထားတဲ့အတြက္ ပုံမွန္ထိခိုက္မႈေတြကေန ပ်က္စီးမွာကိုလည္း စိုးရိမ္စရာမရွိပါဘူး။ အဆိုပါ Mil-STD 810G ဟာ ပုံမွန္ Ultrabook ေတြမွာ ေတြ႕ရခဲၿပီးေတာ့ အခုလိုမ်ိဳး Certified ျဖစ္ဖို႔အတြက္လည္း ASUS ZenBook ေတြက အျမင့္ကေနျပဳတ္က်တာ၊ Laptop အေပၚကေန အေလးခ်ိန္တစ္ခုခုတင္ထားတာ၊ ရာသီဥတုနဲ႔ အပူခ်ိန္အမ်ိဳးမ်ိဳးမွာ စစ္ေဆးခံထားၿပီးမွ ရရွိခဲ့တာျဖစ္ပါတယ္။

အခု ASUS ကေန အသစ္မိတ္ဆက္လိုက္တဲ့ ZenBook 14 နဲ႔ 15 Ultrabook အသစ္ေတြဟာ Intel ရဲ႕ ေနာက္ဆုံးထြက္ 10th Gen Processor ေတြသုံးထားတဲ့အျပင္ ဘယ္ Laptop မွာမွ မရွိေသးတဲ့ ScreenPad 2.0 လို နည္းပညာေတြထည့္သြင္းေပးထားတဲ့အတြက္ Multitasking ပိုင္း ေသခ်ာသုံးခ်င္တဲ့သူေတြအေနနဲ႔ က်ိန္းေသေ႐ြးခ်ယ္သင့္တဲ့ Laptop ေတြလို႔ ေျပာလို႔ရပါတယ္။ ေစ်းႏႈန္းေတြအေနနဲ႔ေတာ့ ZenBook 14 UX434 က $1,399 နဲ႔ ZenBook 15 UX534 က $1,549 က်သင့္မွာျဖစ္ပါတယ္။

Unicode

ASUS ကနေ အခုအချိန်မှာ Ultrabook Series တွေထဲက အောင်မြင်ပြီးသား ZenBook Series Laptop အသစ်တွေကို ထပ်ပြီးတော့ မိတ်ဆက်ပေးခဲ့ပါတယ်။ အခု မိတ်ဆက်လိုက်တဲ့ ZenBook တွေကတော့ ZenBook 14 UX434 နဲ့ ZenBook 15 UX534 တွေပဲဖြစ်ပြီးတော့ Business User တွေနဲ့ ကျောင်းသားတွေစိတ်ကြိုက်ဖြစ်မှာပါ။

အခု ZenBook 14 နဲ့ 15 Laptop တွေရဲ့ ထူးခြားချက်ကတော့ ပုံမှန် Laptop တွေ Ultrabook တွေနဲ့ လုံးဝ မတူညီတဲ့ TouchPad ပဲဖြစ်ပါတယ်။ အဆိုပါ TouchPad ကို ASUS ကတော့ ScreenPad 2.0 လို့ ခေါ်ဆိုထားပြီးတော့ ပုံမှန် မြင်နေကြ TouchPad အစား Touch Screen Display တစ်ခုနဲ့ လုံးဝ အစားထိုးလိုက်တာပဲဖြစ်ပါတယ်။ ဒီ Feature က ပုံမှန် Laptop တစ်ခုကို အသုံးပြုနေကြပုံစံကနေ လုံးဝကို ပြောင်းလဲသွားစေတာပါ။

ScreenPad 2.0 မှာဆိုရင် YouTube Video တွေ၊ အသုံးများတဲ့ Spotify လို Application တွေကို ScreenPad မှာပဲ ဖွင့်ထားပြီး အသုံးပြုလို့ရမှာဖြစ်ပြီး PowerPoint Slide တွေ၊ တရုတ်စာလိုမျိုး Handwriting တွေကို ဒီ ScreenPad 2.0 မှာ ရေးလိုက်ရုံနဲ့ Auto ရေးတဲ့ Feature တွေပါဝင်လာပါတယ်။ ပြီးတော့ Number Key တွေ၊ Photoshop တို့ Premiere Pro လိုမျိုး Software တွေမှာလည်း Shortcut Key တွေကို သုံးလို့ရမှာပါ။ ပုံမှန် TouchPad ပုံစံမျိုး သုံးချင်တယ်ဆိုရင်လည်း Three Finger Tap တစ်ချက်နဲ့တင် ပြန်ပြီး သုံးလို့ရဦးမှာပါ။ အဲ့ဒါကြောင့် Multitasking တွေ သေချာသုံးမယ့်သူတွေအတွက်ကတော့ လုံးဝအဆင်ပြေပါတယ်။

နောက်ထပ် ScreenPad 2.0 ရဲ့ Feature တစ်ခုကတော့ Secondary Display အနေနဲ့ပါ အသုံးပြုနိုင်တာဖြစ်ပြီးတော့ တကယ်လို့ ကိုယ်က Netflix ၊ YouTube လိုမျိုး Video တွေကြည့်နေတယ်ဆိုရင်လည်း အပေါ်က Primary Display ကို မထိဘဲနဲ့ အောက်က ScreenPad 2.0 မှာဖွင့်ထားလို့ရတာဖြစ်ပါတယ်။ ဒီ Feature က အလုပ်လုပ်နေရင်းနဲ့ YouTube ကနေ သီချင်းနားထောင်တတ်တဲ့သူတွေအတွက် သဘောကျစရာ Feature တစ်ခုဖြစ်နေဦးမှာပါ။

နောက်ပြီး Specs ပိုင်းမှာလည်း ဒီ ZenBook 14 နဲ့ 15 Laptop တွေဟာ လုံးဝ အားမနည်းတဲ့အပြင် လက်ရှိမှာအကောင်းဆုံးလို့တောင် ပြောလို့ရနေပြန်ပါတယ်။ Intel ရဲ့ နောက်ဆုံးထွက် 10th Gen i7 Processor ကို အသုံးပြုထားသလို 16GB RAM လည်းပါဝင်မှာဖြစ်ပြီး 1TB SSD ကိုလည်း ထည့်သွင်းထားသေးတာဖြစ်ပါတယ်။ Wi-Fi Connectivity မှာလည်း လက်ရှိမှာ အကောင်းဆုံးဖြစ်နေတဲ့ Wi-Fi 6 ကို ထည့်သွင်းပေးထားပါသေးတယ်။ Graphic ပိုင်းအနေနဲ့မှာတော့ ZenBook 14 မှာ Nvidia MX250 Graphic Card ပါဝင်မှာဖြစ်ပြီးတော့ ZenBook 15 မှာတော့ Nvidia GTX 1650 Graphic Cardတွေပါဝင်မှာပါ။ အဲ့ဒီအတွက် ပုံမှန် Ultrabook တွေထက်ပိုပြီးတေ့ာ CS:GO ၊ Dota 2 လိုမျိုး eSport Game တွေကနေ GTA V ၊ Battlefield အစရှိတဲ့ AAA Game တွေအထိ ကောင်းကောင်းဆော့ကစားနိုင်မှာဖြစ်သလို Video Editing တွေအတွက်ပါ အဆင်ပြေမှာပါ။

Display အနေနဲ့ကတော့ ZenBook 14 မှာ 14″ Display နဲ့ ZenBook 15 မှာ 15.6″ Display တွေပါဝင်မှာဖြစ်ပြီးတော့ Screen-to-Body Ratio က 95% အထိရှိနေမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် လုံးဝကို Immersive ဖြစ်တဲ့ Viewing Experience ကို ရရှိမှာပါ။ ဒ့ါအပြင် Display ရဲ့ အပေါ်ဘက်မှာလည်း ကိုယ့်မျက်နှာနဲ့ Unlock ပြုလုပ်နိုင်တဲ့ Windows Hello IR Camera တွေကို တပ်ဆင်ထားပါသေးတယ်။

နောက်ပြီးတော့ ZenBook 14 နဲ့ 15 Laptop တွေရဲ့ Keyboard က စာရိုက်မယ်ဆိုရင် အပေါ်ဘက်ကို အနည်းငယ်ပင့်တင်ပေးထားတဲ့ ErgoLift Design နဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် စာရိုက်မယ့်သူတွေအတွက် ပိုပြီး အဆင်ပြေသလို Cooling နဲ့ Audio Speaker ပိုင်းမှာလည်း ပိုပြီး ကောင်းလာစေတာဖြစ်ပါတယ်။ Speakers တွေအနေနဲ့လည်း Harman Kardon Speaker တွေကို အသုံးပြုပေးထားတာပါ။

Ports တွေအနေနဲ့ဆိုရင် USB Port ၂ ခု ၊ USB-C ၊ HDMI ၊ MicroSD သို့မဟုတ် SD Card Slot ၊ 3.5mm Audio Jack တွေထည့်သွင်းပေးထားပါတယ်။ ဒီ ASUS ZenBook 14 နဲ့ 15 Laptop တွေမှာ ပုံမှန်ထက်သိသိသာသာ အကြမ်းပိုခံတဲ့ MIL-STD 810G Standard ကိုလည်း ရရှိထားတဲ့အတွက် ပုံမှန်ထိခိုက်မှုတွေကနေ ပျက်စီးမှာကိုလည်း စိုးရိမ်စရာမရှိပါဘူး။ အဆိုပါ Mil-STD 810G ဟာ ပုံမှန် Ultrabook တွေမှာ တွေ့ရခဲပြီးတော့ အခုလိုမျိုး Certified ဖြစ်ဖို့အတွက်လည်း ASUS ZenBook တွေက အမြင့်ကနေပြုတ်ကျတာ၊ Laptop အပေါ်ကနေ အလေးချိန်တစ်ခုခုတင်ထားတာ၊ ရာသီဥတုနဲ့ အပူချိန်အမျိုးမျိုးမှာ စစ်ဆေးခံထားပြီးမှ ရရှိခဲ့တာဖြစ်ပါတယ်။

အခု ASUS ကနေ အသစ်မိတ်ဆက်လိုက်တဲ့ ZenBook 14 နဲ့ 15 Ultrabook အသစ်တွေဟာ Intel ရဲ့ နောက်ဆုံးထွက် 10th Gen Processor တွေသုံးထားတဲ့အပြင် ဘယ် Laptop မှာမှ မရှိသေးတဲ့ ScreenPad 2.0 လို နည်းပညာတွေထည့်သွင်းပေးထားတဲ့အတွက် Multitasking ပိုင်း သေချာသုံးချင်တဲ့သူတွေအနေနဲ့ ကျိန်းသေရွေးချယ်သင့်တဲ့ Laptop တွေလို့ ပြောလို့ရပါတယ်။ စျေးနှုန်းတွေအနေနဲ့တော့ ZenBook 14 UX434 က $1,399 နဲ့ ZenBook 15 UX534 က $1,549 ကျသင့်မှာဖြစ်ပါတယ်။