Zawgyi

၂၀၁၈ ခုႏွစ္အေစာပိုင္းမွာပဲ ASUS ကေနျပီး နာမည္ၾကီး Zenfone Series ရဲ႕ ေနာက္ဆက္တြဲ Zenfone 5 ကိုမိတ္ဆက္ခဲ့ပါတယ္။ Zenfone 5 Series မွာ Zenfone 5, Zenfone 5Z နဲ႔ Zenfone 5 Lite ဆိုျပီး သံုးမ်ိဳးထုတ္ခဲ့တာပါ။ Zenfone 5 က Higher Mid-Range ျဖစ္ျပီး Zenfone 5Z က Flagship အဆင့္ျဖစ္ကာ Zenfone 5 Lite ကေတာ့ Mid-Range ျဖစ္ပါတယ္။ ျပည္တြင္းကိုေတာ့ Zenfone 5 တစ္မ်ိဳးတည္းဝင္ျပီး Price-to-Performance ေကာင္းမြန္တဲ့ ဖုန္းေတြကိုမွ ကိုင္ခ်င္တဲ့ သူေတြၾကားမွာ မ်က္ႏွာပန္းလွခဲ့ပါတယ္။ ဒါေပမယ့္ ၂၀၁၈ ႏွစ္လယ္ပိုင္းမွာေတာ့ Xiaomi ရဲ႕ Snapdragon 660 နဲ႔ 710 သံုး ဖုန္းေတြေပၚလာတာေၾကာင့္ Zenfone 5 က နာမည္သိပ္မၾကီးေတာ့ပါဘူး။ ဘာပဲျဖစ္ျဖစ္ AI Charging နဲ႔ DTS Headphone X လို တစ္မူထူးျခားတဲ့ နည္းပညာေတြပါဝင္တာေၾကာင့္ Zenfone 5 အသံုးျပဳေနတဲ့ သူေတြျပည္တြင္းမွာ ဒုနဲ႔ေဒးပါပဲ။ အခုဆိုရင္ေတာ့ ေနာက္ဆံုးထြက္ Android OS ျဖစ္တဲ့ Android Pie ကို Zenfone 5 မွာ အသံုးျပဳလို႔ရပါျပီ။

Zenfone 5 အသံုးျပဳသူေတြဆိုရင္ System ထဲက Software Update ထဲမွာ Android Pie အေျခခံ Software Update ရမရ ဝင္ေရာက္စစ္ေဆးျပီး OTA Update ကို ေဒါင္းကာ အလြယ္တကူ Update လုပ္ႏိုင္ပါတယ္။ OTA Update မရေသးရင္လည္း Official Website ကေနျပီး FOTA လို႔ေခၚတဲ့ Full OTA Update ကို ေဒါင္းကာ Local Update အေနနဲ႔ သြင္းလို႔ရပါတယ္။ ဒါေပမယ့္ ေနရာေဒသေပၚလိုက္ျပီး Update File ေတြကြဲျပားနိုင္တာေၾကာင့္ ကိုယ့္ဖုန္းရဲ႕ System Update ထဲကေန OTA Update ရမွာသာ Update လုပ္သင့္ပါတယ္။ OTA Size 1.1GB ရွိတာမို႔ WiFi နဲ႔ေဒါင္းမွ သာ ေဘကုန္သက္သာမွာပါ။ Mobile Data နဲ႔ ေဒါင္းမယ္ဆိုရင္လည္း Data Pack ၾကီးၾကီးဝယ္ထားဖို႔ လိုပါလိမ့္မယ္။

Zenfone 5 ရဲ႕ Android Pie Update မွာ UI ပိုင္း အေျပာင္းအလဲေတြေတြ႔ရမွာျဖစ္ျပီး စာေတြကို Copy/Paste လုပ္ရာမွာ ပိုမိုလြယ္ကူလာေစတဲ့ Magnifier Feature အသစ္လည္းပါဝင္လာမွာပါ။ အဲ့အျပင္ Android Pie ရဲ႕ လုပ္ေဆာင္ခ်က္ အသစ္ေတြျဖစ္တဲ့ Adaptive Battery Life နဲ႔ Adaptive Brightness တို႔လည္း ပါလာဦးမွာပါ။ ဖုန္းရဲ႕ စြမ္းေဆာင္ရည္လည္း အမ်ားၾကီးတိုးတက္လာမွာျဖစ္ျပီး Oreo နဲ႔ယွဥ္ရင္ အသံုးျပဳရတာ အေတာ္ေလးေခ်ာေမြ႔ေနတာ ေတြ႔ရမွာပါ။

Zenfone 5 ရဲ႕ ေနာင္ေတာ္ၾကီးျဖစ္တဲ့ Zenfone 5Z အတြက္ Android Pie ကေတာ့ ေနာက္ႏွစ္ ဇန္နဝါရီ လကုန္ခါနီးမွာ ရမွာျဖစ္ပါတယ္။ Flagship ျဖစ္တဲ့ Zenfone 5Z အတြက္ Android Pie အရင္မရပဲ Higher Mid-Range ျဖစ္တဲ့ Zenfone 5 အတြက္ Android Pie အရင္ထုတ္ေပးတဲ့ ASUS ကေတာ့ အထူးအဆန္း ကုမၸဏီပါပဲ။

Ref: Gizmo China

Unicode

၂၀၁၈ ခုနှစ်အစောပိုင်းမှာပဲ ASUS ကနေပြီး နာမည်ကြီး Zenfone Series ရဲ့ နောက်ဆက်တွဲ Zenfone 5 ကိုမိတ်ဆက်ခဲ့ပါတယ်။ Zenfone 5 Series မှာ Zenfone 5, Zenfone 5Z နဲ့ Zenfone 5 Lite ဆိုပြီး သုံးမျိုးထုတ်ခဲ့တာပါ။ Zenfone 5 က Higher Mid-Range ဖြစ်ပြီး Zenfone 5Z က Flagship အဆင့်ဖြစ်ကာ Zenfone 5 Lite ကတော့ Mid-Range ဖြစ်ပါတယ်။ ပြည်တွင်းကိုတော့ Zenfone 5 တစ်မျိုးတည်းဝင်ပြီး Price-to-Performance ကောင်းမွန်တဲ့ ဖုန်းတွေကိုမှ ကိုင်ချင်တဲ့ သူတွေကြားမှာ မျက်နှာပန်းလှခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၈ နှစ်လယ်ပိုင်းမှာတော့ Xiaomi ရဲ့ Snapdragon 660 နဲ့ 710 သုံး ဖုန်းတွေပေါ်လာတာကြောင့် Zenfone 5 က နာမည်သိပ်မကြီးတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် AI Charging နဲ့ DTS Headphone X လို တစ်မူထူးခြားတဲ့ နည်းပညာတွေပါဝင်တာကြောင့် Zenfone 5 အသုံးပြုနေတဲ့ သူတွေပြည်တွင်းမှာ ဒုနဲ့ဒေးပါပဲ။ အခုဆိုရင်တော့ နောက်ဆုံးထွက် Android OS ဖြစ်တဲ့ Android Pie ကို Zenfone 5 မှာ အသုံးပြုလို့ရပါပြီ။

Zenfone 5 အသုံးပြုသူတွေဆိုရင် System ထဲက Software Update ထဲမှာ Android Pie အခြေခံ Software Update ရမရ ဝင်ရောက်စစ်ဆေးပြီး OTA Update ကို ဒေါင်းကာ အလွယ်တကူ Update လုပ်နိုင်ပါတယ်။ OTA Update မရသေးရင်လည်း Official Website ကနေပြီး FOTA လို့ခေါ်တဲ့ Full OTA Update ကို ဒေါင်းကာ Local Update အနေနဲ့ သွင်းလို့ရပါတယ်။ ဒါပေမယ့် နေရာဒေသပေါ်လိုက်ပြီး Update File တွေကွဲပြားနိုင်တာကြောင့် ကိုယ့်ဖုန်းရဲ့ System Update ထဲကနေ OTA Update ရမှာသာ Update လုပ်သင့်ပါတယ်။ OTA Size 1.1GB ရှိတာမို့ WiFi နဲ့ဒေါင်းမှ သာ ဘေကုန်သက်သာမှာပါ။ Mobile Data နဲ့ ဒေါင်းမယ်ဆိုရင်လည်း Data Pack ကြီးကြီးဝယ်ထားဖို့ လိုပါလိမ့်မယ်။

Zenfone 5 ရဲ့ Android Pie Update မှာ UI ပိုင်း အပြောင်းအလဲတွေတွေ့ရမှာဖြစ်ပြီး စာတွေကို Copy/Paste လုပ်ရာမှာ ပိုမိုလွယ်ကူလာစေတဲ့ Magnifier Feature အသစ်လည်းပါဝင်လာမှာပါ။ အဲ့အပြင် Android Pie ရဲ့ လုပ်ဆောင်ချက် အသစ်တွေဖြစ်တဲ့ Adaptive Battery Life နဲ့ Adaptive Brightness တို့လည်း ပါလာဦးမှာပါ။ ဖုန်းရဲ့ စွမ်းဆောင်ရည်လည်း အများကြီးတိုးတက်လာမှာဖြစ်ပြီး Oreo နဲ့ယှဉ်ရင် အသုံးပြုရတာ အတော်လေးချောမွေ့နေတာ တွေ့ရမှာပါ။

Zenfone 5 ရဲ့ နောင်တော်ကြီးဖြစ်တဲ့ Zenfone 5Z အတွက် Android Pie ကတော့ နောက်နှစ် ဇန်နဝါရီ လကုန်ခါနီးမှာ ရမှာဖြစ်ပါတယ်။ Flagship ဖြစ်တဲ့ Zenfone 5Z အတွက် Android Pie အရင်မရပဲ Higher Mid-Range ဖြစ်တဲ့ Zenfone 5 အတွက် Android Pie အရင်ထုတ်ပေးတဲ့ ASUS ကတော့ အထူးအဆန်း ကုမ္ပဏီပါပဲ။

Ref: Gizmo China