[Zawgyi]

လာမယ့္ ေမလ ၁၆ ရက္ေန႔မွာ တရားဝင္မိတ္ဆက္ေတာ့မယ့္ ASUS ZenFone 6 ကေတာ့ Dual Slider နဲ႔ ဆိုတာေသခ်ာသြားပါၿပီ။ Snapdragon 855 Chipset အသုံးျပဳထားမယ့္ ZenFone 6 နဲ႔ပတ္သက္ၿပီး လူေတြစိတ္အဝင္စားဆုံးအပိုင္းကလည္း Dual Slider ဟုတ္၊ မဟုတ္ဆိုတာပါပဲ။

ၿပီးခဲ့တဲ့ရက္က ASUS ZenFone 6 အေၾကာင္းျပသတဲ့ ဗြီဒီယို ႏွစ္ခု ေပၚေပါက္လာပါတယ္။ ဒီဗြီဒီယိုေတြမွာ ျမင္ေတြ႕ရတာကေတာ့ ASUS ZenFone 6 ဟာ Dual Slider ဒီဇိုင္းနဲ႔ ျဖစ္ပါတယ္။ ပထမဗြီဒီယိုမွာေတာ့ Slider ကို ဆြဲလိုက္ခ်ိန္မွာ ထြက္ေပၚလာတဲ့ Dual Selfie ကင္မရာကို ျပသထားတာ ျဖစ္ပါတယ္။

Slider ကို အျခားတစ္ဘက္ဆီဆြဲလိုက္ရင္ေတာ့ ေအာက္ေျခမွာ Front-facing စပီကာ တပ္ဆင္ေပးထားကို ေတြ႕ျမင္ရပါတယ္။ ဒါ့အျပင္ ဒီဗြီဒီယိုထဲမွာ ZenFone 6 ကို Notchless display နဲ႔ ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။ ေက်ာဘက္မွာေတာ့ ကင္မရာႏွစ္လုံး တပ္ဆင္ထားတာကို ေတြ႕ျမင္ရၿပီး သူတို႔ရဲ႕ ေအာက္မွာေတာ့ Fingerprint Scanner ရွိေနတာကို ေတြ႕ျမင္ရမွာပါ။

ZenFone 6 ရဲ႕ ေအာက္ေျခမွာေတာ့ USB-C port အျပင္ Headphone jack ကိုလည္း ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။ ဒုတိယဗြီဒီယိုမွာေတာ့ ZenFone 6 ကို မတူညီတဲ့တည္ေဆာက္ပုံနဲ႔ ေတြ႕ျမင္ရေပမယ့္ Dual Slider ျပဳလုပ္ထားပုံကေတာ့ အတူတူပါပဲ။ ေက်ာဘက္မွာလည္း ကင္မရာႏွစ္လုံးနဲ႔အတူ Fingerprint Scanner ကို ျမင္ေတြ႕ရတာခ်င္းလည္း တူပါတယ္။

ဒါေပမယ့္ ေအာက္ေျခမွာ USB-C port နဲ႔အတူေတြ႕ျမင္ရတာက စပီကာေပါက္ ႏွစ္ေပါက္နဲ႔ မိုက္ခ႐ိုဖုန္းေပါက္ တစ္ေပါက္ပဲ ျဖစ္ပါတယ္။ ASUS ကေတာ့ ZenFone 6 နဲ႔ပါတ္သက္ၿပီး တရားဝင္အတည္ျပဳထားတာက Headphone jack က ေအာက္ေျခမွာရွိေနတယ္ဆိုတာနဲ႔ SoC အေၾကာင္းပါပဲ။

ဘယ္လိုပဲျဖစ္ျဖစ္ ဗြီဒီယိုဖိုင္ႏွစ္ခုစလုံးက အတုအေယာင္မဟုတ္ဘဲ ZenFone 6 အစစ္အမွန္ေတြကိုပဲ ျပသထားၾကတယ္လို႔ ယူဆရပါတယ္။ ဒီအတိုင္းသာအမွန္ဆိုရင္ေတာ့ ASUS ZenFone 6 ဟာ အမ်ိဳးအစား ႏွစ္မ်ိဳးနဲ႔ ထြက္ေပၚလာဖြယ္ရွိတယ္လို႔ပဲ ေကာက္ခ်က္ခ်ရေတာ့မွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Dual Slider နဲ့ ASUS ZenFone 6 ရဲ့ ဗွီဒီယို ထွက်ပေါ်လာ

လာမယ့် မေလ ၁၆ ရက်နေ့မှာ တရားဝင်မိတ်ဆက်တော့မယ့် ASUS ZenFone 6 ကတော့ Dual Slider နဲ့ ဆိုတာသေချာသွားပါပြီ။ Snapdragon 855 Chipset အသုံးပြုထားမယ့် ZenFone 6 နဲ့ပတ်သက်ပြီး လူတွေစိတ်အဝင်စားဆုံးအပိုင်းကလည်း Dual Slider ဟုတ်၊ မဟုတ်ဆိုတာပါပဲ။

ပြီးခဲ့တဲ့ရက်က ASUS ZenFone 6 အကြောင်းပြသတဲ့ ဗွီဒီယို နှစ်ခု ပေါ်ပေါက်လာပါတယ်။ ဒီဗွီဒီယိုတွေမှာ မြင်တွေ့ရတာကတော့ ASUS ZenFone 6 ဟာ Dual Slider ဒီဇိုင်းနဲ့ ဖြစ်ပါတယ်။ ပထမဗွီဒီယိုမှာတော့ Slider ကို ဆွဲလိုက်ချိန်မှာ ထွက်ပေါ်လာတဲ့ Dual Selfie ကင်မရာကို ပြသထားတာ ဖြစ်ပါတယ်။

Slider ကို အခြားတစ်ဘက်ဆီဆွဲလိုက်ရင်တော့ အောက်ခြေမှာ Front-facing စပီကာ တပ်ဆင်ပေးထားကို တွေ့မြင်ရပါတယ်။ ဒါ့အပြင် ဒီဗွီဒီယိုထဲမှာ ZenFone 6 ကို Notchless display နဲ့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ကျောဘက်မှာတော့ ကင်မရာနှစ်လုံး တပ်ဆင်ထားတာကို တွေ့မြင်ရပြီး သူတို့ရဲ့ အောက်မှာတော့ Fingerprint Scanner ရှိနေတာကို တွေ့မြင်ရမှာပါ။

ZenFone 6 ရဲ့ အောက်ခြေမှာတော့ USB-C port အပြင် Headphone jack ကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒုတိယဗွီဒီယိုမှာတော့ ZenFone 6 ကို မတူညီတဲ့တည်ဆောက်ပုံနဲ့ တွေ့မြင်ရပေမယ့် Dual Slider ပြုလုပ်ထားပုံကတော့ အတူတူပါပဲ။ ကျောဘက်မှာလည်း ကင်မရာနှစ်လုံးနဲ့အတူ Fingerprint Scanner ကို မြင်တွေ့ရတာချင်းလည်း တူပါတယ်။

ဒါပေမယ့် အောက်ခြေမှာ USB-C port နဲ့အတူတွေ့မြင်ရတာက စပီကာပေါက် နှစ်ပေါက်နဲ့ မိုက်ခရိုဖုန်းပေါက် တစ်ပေါက်ပဲ ဖြစ်ပါတယ်။ ASUS ကတော့ ZenFone 6 နဲ့ပါတ်သက်ပြီး တရားဝင်အတည်ပြုထားတာက Headphone jack က အောက်ခြေမှာရှိနေတယ်ဆိုတာနဲ့ SoC အကြောင်းပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် ဗွီဒီယိုဖိုင်နှစ်ခုစလုံးက အတုအယောင်မဟုတ်ဘဲ ZenFone 6 အစစ်အမှန်တွေကိုပဲ ပြသထားကြတယ်လို့ ယူဆရပါတယ်။ ဒီအတိုင်းသာအမှန်ဆိုရင်တော့ ASUS ZenFone 6 ဟာ အမျိုးအစား နှစ်မျိုးနဲ့ ထွက်ပေါ်လာဖွယ်ရှိတယ်လို့ပဲ ကောက်ချက်ချရတော့မှာ ဖြစ်ပါတယ်။

Ref: GSMArena