Zawgyi

လာမယ့္ေမလ ၁၆ ရက္ေန႔မွာ တရားဝင္မိတ္ဆက္လာမွာျဖစ္တဲ့ Asus ZenFone 6 ဖုန္းအသစ္နဲ႔ ပတ္သက္ၿပီး Asus က အခ်က္အလက္တစ္ခ်ဳိ႕ကို ၾကိဳတင္အတည္ျပဳေပးလုိက္ပါတယ္။

Asus ကုမၸဏီဟာ သူတုိ႔ရဲ႕ တြစ္တာအေကာင့္မွာ ZenFone 6 အတြင္း၌ Snapdragon 855 ခ်စ္ပ္ဆက္ကို အသုံးျပဳလာမယ္ဆုိတာ ေဖာ္ျပထားတဲ့ ပုံၾကမ္းကို တင္ေပးခဲ့ၿပီးသားပါ။ ဒီဖုန္းမွာ Notification LED ကို အသုံးျပဳလာမွာျဖစ္ၿပီး USB-C အားသြင္းေပါက္ေဘးမွာ 3.5mm Audio Jack ေပါက္လည္း ပါဝင္တယ္။

ဖုန္းရဲ႕ညာဘက္မွာေတာ့ အသံတုိးခ်ဲ႕ခလုတ္နဲ႔ ပါဝါခလုတ္တို႔ ေဘးမွာ Smart Key တစ္ခု ပါဝင္လာၿပီး ဘယ္ဘက္မွာေတာ့ SIM နဲ႔ MicroSD ကတ္ေတြထည့္ဖို႔ Slot သုံးခုပါတာကို ျမင္ရမွာပါ။

ဒါတင္မကေသးဘဲ Asus အၾကီးအကဲေတြက ZenFone 6 နဲ႔ပတ္သက္တဲ့ အခ်က္အလက္တစ္ခ်ဳိ႕ကို အင္စတာဂရမ္မွာ အခ်က္ေပးေၾကးနန္းစာပုံစံနဲ႔ တင္ခဲ့ပါေသးတယ္။ အဲ့ဒါကို ဘာသာျပန္ၾကည့္ရင္ေတာ့ ဒီဖုန္းမွာ 48MP + 13MP Dual-camera ပါတယ္ဆုိတာနဲ႔ 5,000 mAh ဘကၳရီႀကီး သုံးစြဲလာတယ္ဆုိတာ သိရပါတယ္။ ဒီႏွစ္မ်ဳိးစလုံးဟာ လြန္ခဲ့တဲ့ ZenFone 5z ဖုန္းထက္ သိသာတဲ့ တုိးျမွင့္ေျပာင္းလဲမႈေတြပါပဲ။

ZenFone 6 ဟာ Notch မပါတဲ့ Display တစ္ခုကို အသုံးျပဳလာမွာျဖစ္ၿပီး AnTuTu မွရတဲ့ အခ်က္အလက္အရဆုိရင္ 2340 x 1080p Resolution ပိုင္ဆုိင္ပါတယ္။ ဒီဖုန္းအသစ္ကို ျမင္ရဖို႔ တစ္ပတ္ပဲ က်န္ေတာ့တဲ့အခ်ိန္မွာ ထုိင္ဝမ္အေျခစိုက္ ကုမၸဏီက သူတုိ႔ရဲ႕ ၂၀၁၉ Flagship စမတ္ဖုန္းကို ဘာေတြထပ္ၿပီး Tease လုပ္လာဦးမလဲဆုိတာ ၾကည့္ရဦးမွာျဖစ္ပါတယ္။

Ref – GSM Arena

Unicode

လာမယ့်မေလ ၁၆ ရက်နေ့မှာ တရားဝင်မိတ်ဆက်လာမှာဖြစ်တဲ့ Asus ZenFone 6 ဖုန်းအသစ်နဲ့ ပတ်သက်ပြီး Asus က အချက်အလက်တစ်ချို့ကို ကြိုတင်အတည်ပြုပေးလိုက်ပါတယ်။

Asus ကုမ္ပဏီဟာ သူတို့ရဲ့ တွစ်တာအကောင့်မှာ ZenFone 6 အတွင်း၌ Snapdragon 855 ချစ်ပ်ဆက်ကို အသုံးပြုလာမယ်ဆိုတာ ဖော်ပြထားတဲ့ ပုံကြမ်းကို တင်ပေးခဲ့ပြီးသားပါ။ ဒီဖုန်းမှာ Notification LED ကို အသုံးပြုလာမှာဖြစ်ပြီး USB-C အားသွင်းပေါက်ဘေးမှာ 3.5mm Audio Jack ပေါက်လည်း ပါဝင်တယ်။

ဖုန်းရဲ့ညာဘက်မှာတော့ အသံတိုးချဲ့ခလုတ်နဲ့ ပါဝါခလုတ်တို့ ဘေးမှာ Smart Key တစ်ခု ပါဝင်လာပြီး ဘယ်ဘက်မှာတော့ SIM နဲ့ MicroSD ကတ်တွေထည့်ဖို့ Slot သုံးခုပါတာကို မြင်ရမှာပါ။

ဒါတင်မကသေးဘဲ Asus အကြီးအကဲတွေက ZenFone 6 နဲ့ပတ်သက်တဲ့ အချက်အလက်တစ်ချို့ကို အင်စတာဂရမ်မှာ အချက်ပေးကြေးနန်းစာပုံစံနဲ့ တင်ခဲ့ပါသေးတယ်။ အဲ့ဒါကို ဘာသာပြန်ကြည့်ရင်တော့ ဒီဖုန်းမှာ 48MP + 13MP Dual-camera ပါတယ်ဆိုတာနဲ့ 5,000 mAh ဘက္ထရီကြီး သုံးစွဲလာတယ်ဆိုတာ သိရပါတယ်။ ဒီနှစ်မျိုးစလုံးဟာ လွန်ခဲ့တဲ့ ZenFone 5z ဖုန်းထက် သိသာတဲ့ တိုးမြှင့်ပြောင်းလဲမှုတွေပါပဲ။

ZenFone 6 ဟာ Notch မပါတဲ့ Display တစ်ခုကို အသုံးပြုလာမှာဖြစ်ပြီး AnTuTu မှရတဲ့ အချက်အလက်အရဆိုရင် 2340 x 1080p Resolution ပိုင်ဆိုင်ပါတယ်။ ဒီဖုန်းအသစ်ကို မြင်ရဖို့ တစ်ပတ်ပဲ ကျန်တော့တဲ့အချိန်မှာ ထိုင်ဝမ်အခြေစိုက် ကုမ္ပဏီက သူတို့ရဲ့ ၂၀၁၉ Flagship စမတ်ဖုန်းကို ဘာတွေထပ်ပြီး Tease လုပ်လာဦးမလဲဆိုတာ ကြည့်ရဦးမှာဖြစ်ပါတယ်။

Ref – GSM Arena