[Zawgyi]

ASUS ရဲ႕ ZenFone 6 ဟာ အားလုံးမထင္မွတ္ထားတဲ့ ပုံစံျဖစ္တဲ့ Flip-up mechanism ကင္မရာႏွစ္လုံးနဲ႔ ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။ ဒီေန႔ေခတ္ Flagship စမတ္ဖုန္းတစ္လုံးမွာ စုစုေပါင္း ကင္မရာႏွစ္လုံးပဲပါတယ္ဆိုတာ နည္းပါးတဲ့ ပမာဏလို႔ဆိုရမွာပါ။

ဒါေပမယ့္ ZenFone 6 ဟာ DxOMark ရဲ႕ Selfie ကင္မရာအဆင့္ သတ္မွတ္မႈမွာ အံ့အားသင့္စရာ ပမာဏကို ရရွိခဲ့တာ ျဖစ္ပါတယ္။ DxOMark ဟာ ၂၀၀၈ ခုႏွစ္ကတည္းက စမတ္ဖုန္း၊ ကင္မရာနဲ႔ မွန္ဘီလူးေတြရဲ႕ ပုံရိပ္အရည္အေသြးကို တိုင္းတာၿပီး အဆင့္သတ္မွတ္ခ်က္ေတြ ေပးခဲ့တာ ျဖစ္ပါတယ္။

DxOMark ရဲ႕ ဇယားမွာ ASUS ZenFone 6 ရဲ႕ 48MP Selfie ကင္မရာဟာ Selfie ကင္မရာေတြထဲမွာ အေကာင္းဆုံးအျဖစ္ ရပ္တည္ခဲ့တဲ့ Samsung Galaxy S10 5G ကို ေက်ာ္လြန္ၿပီး ထိပ္ဆုံးကို ေရာက္ရွိခဲ့တာျဖစ္ပါတယ္။ ZenFone 6 ဟာ စုစုေပါင္းရမွတ္ ၉၈ မွတ္ရရွိခဲ့ပါတယ္။ ဓါတ္ပုံအတြက္ရမွတ္ဟာ ၁၀၁ ျဖစ္ၿပီး ဗြီဒီယိုရမွတ္ကေတာ့ ၉၃ ျဖစ္တာကိုလည္း ေတြ႕ျမင္ရပါတယ္။

ZenFone 6 ဟာ ပိုႀကီးတဲ့ 1/2-inch Quad Bayer sensor ကို Selfie အတြက္ အသုံးျပဳထားျခင္းကို DxO က ခ်ီးက်ဴးခဲ့တာလည္း ျဖစ္ပါတယ္။ ဒီလိုအသုံးျပဳထားျခင္းက Texture-to-noise trade-off မွာ အေကာင္းဆုံးျဖစ္ေၾကာင္းကို DxO Labs ကေတြ႕ရွိခဲ့တယ္လို႔လည္း ဆိုပါတယ္။ ZenFone 6 ဟာ အေသးစိတ္က်တဲ့ပုံရိပ္ေတြကို ဖမ္းယူႏိုင္ၿပီး Dynamic range နဲ႔ Skin tone ေတြကလည္း အေကာင္းဆုံးလို႔ သတ္မွတ္ႏိုင္တာလည္း ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

DxOMark မှာ အမြင့်မားဆုံး Selfie ကင်မရာရမှတ်ကို ရခဲ့တဲ့ ASUS ZenFone 6

ASUS ရဲ့ ZenFone 6 ဟာ အားလုံးမထင်မှတ်ထားတဲ့ ပုံစံဖြစ်တဲ့ Flip-up mechanism ကင်မရာနှစ်လုံးနဲ့ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒီနေ့ခေတ် Flagship စမတ်ဖုန်းတစ်လုံးမှာ စုစုပေါင်း ကင်မရာနှစ်လုံးပဲပါတယ်ဆိုတာ နည်းပါးတဲ့ ပမာဏလို့ဆိုရမှာပါ။

ဒါပေမယ့် ZenFone 6 ဟာ DxOMark ရဲ့ Selfie ကင်မရာအဆင့် သတ်မှတ်မှုမှာ အံ့အားသင့်စရာ ပမာဏကို ရရှိခဲ့တာ ဖြစ်ပါတယ်။ DxOMark ဟာ ၂၀၀၈ ခုနှစ်ကတည်းက စမတ်ဖုန်း၊ ကင်မရာနဲ့ မှန်ဘီလူးတွေရဲ့ ပုံရိပ်အရည်အသွေးကို တိုင်းတာပြီး အဆင့်သတ်မှတ်ချက်တွေ ပေးခဲ့တာ ဖြစ်ပါတယ်။

DxOMark ရဲ့ ဇယားမှာ ASUS ZenFone 6 ရဲ့ 48MP Selfie ကင်မရာဟာ Selfie ကင်မရာတွေထဲမှာ အကောင်းဆုံးအဖြစ် ရပ်တည်ခဲ့တဲ့ Samsung Galaxy S10 5G ကို ကျော်လွန်ပြီး ထိပ်ဆုံးကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ZenFone 6 ဟာ စုစုပေါင်းရမှတ် ၉၈ မှတ်ရရှိခဲ့ပါတယ်။ ဓါတ်ပုံအတွက်ရမှတ်ဟာ ၁၀၁ ဖြစ်ပြီး ဗွီဒီယိုရမှတ်ကတော့ ၉၃ ဖြစ်တာကိုလည်း တွေ့မြင်ရပါတယ်။

ZenFone 6 ဟာ ပိုကြီးတဲ့ 1/2-inch Quad Bayer sensor ကို Selfie အတွက် အသုံးပြုထားခြင်းကို DxO က ချီးကျူးခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလိုအသုံးပြုထားခြင်းက Texture-to-noise trade-off မှာ အကောင်းဆုံးဖြစ်ကြောင်းကို DxO Labs ကတွေ့ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ ZenFone 6 ဟာ အသေးစိတ်ကျတဲ့ပုံရိပ်တွေကို ဖမ်းယူနိုင်ပြီး Dynamic range နဲ့ Skin tone တွေကလည်း အကောင်းဆုံးလို့ သတ်မှတ်နိုင်တာလည်း ဖြစ်ပါတယ်။

Ref: GSMArena