[Zawgyi]

ASUS ရဲ႕ ZenFone 6 ဟာ တရားဝင္ မိတ္မဆက္ခင္တုန္းကေတာ့ Dual Slider နဲ႔ျဖစ္မယ္လို႔ သတင္းေတြထြက္ေပၚခဲ့သလို ဗြီဒီယိုဖိုင္လည္း ထြက္ေပၚခဲ့ပါေသးတယ္။ အားလုံးက ZenFone 6 ရဲ႕ ထူးျခားတဲ့ Dual Slider ဒီဇိုင္းကို ေစာင့္ေမွ်ာ္ခဲ့ၾကေပမယ့္ လက္ေတြ႕မွာေတာ့ စုစုေပါင္းကင္မရာ ၂ လုံးသာ ပါဝင္တဲ့ စမတ္ဖုန္းကိုပဲ ေတြ႕ျမင္လိုက္ၾကရတာပါ။

Flip-up mechanism ကင္မရာႏွစ္လုံးဟာ အဓိကအားျဖင့္ အေနာက္ကင္မရာအေနနဲ႔ ရွိေနတာ ျဖစ္ပါတယ္။ ဒါေပမယ့္ Selfie ႐ိုက္ကူးဖို႔လိုအပ္လာခ်ိန္မွာေတာ့ သူ႔ရဲ႕ကင္မရာအိမ္ထဲကေန ထြက္ေပၚလာၿပီး ၁၈၀ ဒီဂရီလွည့္ကာ ေထာင္မတ္လိုက္ျခင္းေၾကာင့္ Selfie ကင္မရာအျဖစ္ ေကာင္းေကာင္းအသုံးျပဳႏိုင္တာပဲ ျဖစ္ပါတယ္။

48MP Sony IMX586 (1.8µm pixels, f/1.8 aperture) ကင္မရာနဲ႔ 13MP 125° ultra-wide angle ဒုတိယကင္မရာတို႔ရဲ႕ တြဲဖက္ထားမႈက Selfie mode မွာေတာင္ 60fps 4K ဗြီဒီယိုကိုလည္း ႐ိုက္ကူးႏိုင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ျမင္ကြင္းအတြင္းက အရာဝတၳဳေတြရဲ႕ လႈပ္ရွားသြားလာမႈကို အလိုအေလ်ာက္ေျခရာခံမွာျဖစ္ၿပီး HDR+ Enhanced နဲ႔ Night Mode ေတြကိုလည္း ေကာင္းမြန္စြာ ႐ိုက္ကူးႏိုင္မွာ ျဖစ္ပါတယ္။

6.4-inch IPS LCD မ်က္ႏွာျပင္ဟာ အေရွ႕ဘက္အျခမ္းရဲ႕ ၉၂% ကို ရယူထားတာျဖစ္ပါတယ္။ Flip-up ကင္မရာေၾကာင့္ Notch, Punch-hole ေတြသုံးစရာမလိုေတာ့ေပမယ့္ Fingerprint scanner ကိုေတာ့ သမား႐ိုးက်အတိုင္း ေက်ာဘက္မွာပဲ ထည့္သြင္းတပ္ဆင္ထားရတာ ျဖစ္ပါတယ္။

ZenFone 6 ဟာ Snapdragon 855 Chipset ကို အသုံးျပဳထားၿပီး 8/256GB နဲ႔အထက္ အတြဲအဖက္ေတြကို ေ႐ြးခ်ယ္ႏိုင္ပါတယ္။ ဘက္ထရီပမာဏကေတာ့ 5,000mAh ျဖစ္တဲ့အတြက္ လုံေလာက္တာထက္ ပိုတယ္လိုလို႔ဆိုရမွာပါ။ 18W အားသြင္းစနစ္သာ ေထာက္ပံ့ေပးထားတယ္ဆိုေပမယ့္ တပ္ဆင္ထားတဲ့ ဘက္ထရီပမာဏေၾကာင့္ အားနည္းခ်က္မျဖစ္ေတာ့ဘူးလို႔ ဆိုရမွာပါ။

Asus ZenFone 6 ရဲ႕ Flip-up ကင္မရာဟာ အႀကိမ္ေရ တစ္သိန္းေက်ာ္တဲ့အထိ ေကာင္းမြန္စြာ အသုံးျပဳႏိုင္တယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ တစ္ရက္မွာ ၂၈ ႀကိမ္ အသုံးျပဳရင္ ၅ ႏွစ္ေလာက္ အသုံးျပဳႏိုင္တယ္လို႔ ဆိုရမွာပါ။ ZenFone 6 ရဲ႕ ေဈးႏႈန္းဟာ ယူ႐ိုေငြ ၅၀၀ ျဖစ္တာေၾကာင့္ ျမန္မာေငြနဲ႔ဆိုရင္ေတာ့ ၈၆၀,၀၀၀ က်ပ္ ဝန္းက်င္ ျဖစ္ပါလိမ့္မယ္။ Asus.com မွာလည္း ဝယ္ယူႏိုင္သလို ေမလ ၂၃ ရက္ေန႔ကစၿပီး လက္လီဆိုင္ေတြမွာ စတင္ဝယ္ယူႏိုင္မယ္လို႔လည္း သိရပါတယ္။

Ref: GSMArena

[Unicode]

Flip Camera နဲ့ ASUS ZenFone 6 ကို တရားဝင် မိတ်ဆက်လိုက်ပြီ

ASUS ရဲ့ ZenFone 6 ဟာ တရားဝင် မိတ်မဆက်ခင်တုန်းကတော့ Dual Slider နဲ့ဖြစ်မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့သလို ဗွီဒီယိုဖိုင်လည်း ထွက်ပေါ်ခဲ့ပါသေးတယ်။ အားလုံးက ZenFone 6 ရဲ့ ထူးခြားတဲ့ Dual Slider ဒီဇိုင်းကို စောင့်မျှော်ခဲ့ကြပေမယ့် လက်တွေ့မှာတော့ စုစုပေါင်းကင်မရာ ၂ လုံးသာ ပါဝင်တဲ့ စမတ်ဖုန်းကိုပဲ တွေ့မြင်လိုက်ကြရတာပါ။

Flip-up mechanism ကင်မရာနှစ်လုံးဟာ အဓိကအားဖြင့် အနောက်ကင်မရာအနေနဲ့ ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် Selfie ရိုက်ကူးဖို့လိုအပ်လာချိန်မှာတော့ သူ့ရဲ့ကင်မရာအိမ်ထဲကနေ ထွက်ပေါ်လာပြီး ၁၈၀ ဒီဂရီလှည့်ကာ ထောင်မတ်လိုက်ခြင်းကြောင့် Selfie ကင်မရာအဖြစ် ကောင်းကောင်းအသုံးပြုနိုင်တာပဲ ဖြစ်ပါတယ်။

48MP Sony IMX586 (1.8µm pixels, f/1.8 aperture) ကင်မရာနဲ့ 13MP 125° ultra-wide angle ဒုတိယကင်မရာတို့ရဲ့ တွဲဖက်ထားမှုက Selfie mode မှာတောင် 60fps 4K ဗွီဒီယိုကိုလည်း ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြင်ကွင်းအတွင်းက အရာဝတ္ထုတွေရဲ့ လှုပ်ရှားသွားလာမှုကို အလိုအလျောက်ခြေရာခံမှာဖြစ်ပြီး HDR+ Enhanced နဲ့ Night Mode တွေကိုလည်း ကောင်းမွန်စွာ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

6.4-inch IPS LCD မျက်နှာပြင်ဟာ အရှေ့ဘက်အခြမ်းရဲ့ ၉၂% ကို ရယူထားတာဖြစ်ပါတယ်။ Flip-up ကင်မရာကြောင့် Notch, Punch-hole တွေသုံးစရာမလိုတော့ပေမယ့် Fingerprint scanner ကိုတော့ သမားရိုးကျအတိုင်း ကျောဘက်မှာပဲ ထည့်သွင်းတပ်ဆင်ထားရတာ ဖြစ်ပါတယ်။

ZenFone 6 ဟာ Snapdragon 855 Chipset ကို အသုံးပြုထားပြီး 8/256GB နဲ့အထက် အတွဲအဖက်တွေကို ရွေးချယ်နိုင်ပါတယ်။ ဘက်ထရီပမာဏကတော့ 5,000mAh ဖြစ်တဲ့အတွက် လုံလောက်တာထက် ပိုတယ်လိုလို့ဆိုရမှာပါ။ 18W အားသွင်းစနစ်သာ ထောက်ပံ့ပေးထားတယ်ဆိုပေမယ့် တပ်ဆင်ထားတဲ့ ဘက်ထရီပမာဏကြောင့် အားနည်းချက်မဖြစ်တော့ဘူးလို့ ဆိုရမှာပါ။

Asus ZenFone 6 ရဲ့ Flip-up ကင်မရာဟာ အကြိမ်ရေ တစ်သိန်းကျော်တဲ့အထိ ကောင်းမွန်စွာ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် တစ်ရက်မှာ ၂၈ ကြိမ် အသုံးပြုရင် ၅ နှစ်လောက် အသုံးပြုနိုင်တယ်လို့ ဆိုရမှာပါ။ ZenFone 6 ရဲ့ ဈေးနှုန်းဟာ ယူရိုငွေ ၅၀၀ ဖြစ်တာကြောင့် မြန်မာငွေနဲ့ဆိုရင်တော့ ၈၆၀,၀၀၀ ကျပ် ဝန်းကျင် ဖြစ်ပါလိမ့်မယ်။ Asus.com မှာလည်း ဝယ်ယူနိုင်သလို မေလ ၂၃ ရက်နေ့ကစပြီး လက်လီဆိုင်တွေမှာ စတင်ဝယ်ယူနိုင်မယ်လို့လည်း သိရပါတယ်။

Ref: GSMArena