Zawgyi

လာမယ့္ေမလ ၁၆ ရက္ေန႔မွာ မိတ္ဆက္ဖို႔ ျပင္ဆင္ေနတဲ့ Asus ZenFone 6 စမတ္ဖုန္းရဲ႕ ေစ်းႏႈန္းေတြ ထြက္ေပၚလာခဲ့ပါၿပီ။ ဒီဟန္းဆက္ရဲ႕ 6GB RAM / 128GB Storage ေမာ္ဒယ္ဟာ ထိုင္ဝမ္ေဒၚလာ ၁၉,၉၉၀ (ျမန္မာေငြ ကိုးသိန္းရွစ္ေသာင္းခန္႔) က်သင့္ကာ 8 / 256GB ဗားရွင္းကေတာ့ ထိုင္ဝမ္ေဒၚလာ ၂၃,၉၉၀ (ျမန္မာေငြ ၁၂ သိန္းနီးပါး) သတ္မွတ္လာပါတယ္။ အျမင့္ဆုံးျဖစ္တဲ့ 12GB RAM နဲ႔ 512GB မန္မုိရီေမာ္ဒယ္ ကေတာ့ ထိုင္ဝမ္ေဒၚလာ ၂၉,၉၉၀ (ျမန္မာေငြ ၁၄ သိန္း ၇ ေသာင္းေက်ာ္) က်သင့္မွာပါ။


Asus ဟာ သူတုိ႔ရဲ႕ထုတ္ကုန္အသစ္နဲ႔ ပတ္သက္လို႔ ေရငုံႏႈတ္ပိတ္ေနေပမယ့္ Benchmark Database ေတြကေနတဆင့္ ဒီဖုန္းမွာ Snapdragon 855 ခ်စ္ပ္ဆက္၊ Android Pie စက္ႏွင္စနစ္နဲ႔ 2340 x 1080p Resolution ပါဝင္တဲ့ Display တုိ႔ အသုံးျပဳထားတာကို သိထားရပါတယ္။

မၾကာေသးခင္က Asus မွတင္ထားခဲ့တဲ့ ZenFone 6 ပိုစတာမွာေတာ့ Notch မပါတဲ့ Screen တစ္ခုကို ျမင္ခဲ့ရတယ္။ ဒါေၾကာင့္ ဒီဖုန္းအသစ္ဟာ Pop-up Selfie ကင္မရာနဲ႔ ထြက္လာမယ္လို႔ ယူဆရၿပီး Dual-slider ဒီဇုိင္းကိုပါ အသုံးျပဳလာႏုိင္ပါတယ္။

ၿပီးခဲ့တဲ့လက FCC အတည္ျပဳခ်က္ကို ရယူခဲ့တဲ့ ZenFone 6 စမတ္ဖုန္းဟာ ေနာက္ဘက္မွာ Dual-camera အသုံးျပဳထားတာကို ေတြ႕ရွိခဲ့ရၿပီး အဓိကကင္မရာတစ္လုံးက 48MP ျဖစ္ပါတယ္။ ဒီဖုန္းမွာ 18W အားအျမန္သြင္းစနစ္လည္း ပါဝင္မွာျဖစ္ေပမယ့္ ဘကၳရီပမာဏကိုေတာ့ မသိရေသးပါဘူး။

Ref – GSM Arena

Unicode

လာမယ့်မေလ ၁၆ ရက်နေ့မှာ မိတ်ဆက်ဖို့ ပြင်ဆင်နေတဲ့ Asus ZenFone 6 စမတ်ဖုန်းရဲ့ ဈေးနှုန်းတွေ ထွက်ပေါ်လာခဲ့ပါပြီ။ ဒီဟန်းဆက်ရဲ့ 6GB RAM / 128GB Storage မော်ဒယ်ဟာ ထိုင်ဝမ်ဒေါ်လာ ၁၉,၉၉၀ (မြန်မာငွေ ကိုးသိန်းရှစ်သောင်းခန့်) ကျသင့်ကာ 8 / 256GB ဗားရှင်းကတော့ ထိုင်ဝမ်ဒေါ်လာ ၂၃,၉၉၀ (မြန်မာငွေ ၁၂ သိန်းနီးပါး) သတ်မှတ်လာပါတယ်။ အမြင့်ဆုံးဖြစ်တဲ့ 12GB RAM နဲ့ 512GB မန်မိုရီမော်ဒယ် ကတော့ ထိုင်ဝမ်ဒေါ်လာ ၂၉,၉၉၀ (မြန်မာငွေ ၁၄ သိန်း ၇ သောင်းကျော်) ကျသင့်မှာပါ။


Asus ဟာ သူတို့ရဲ့ထုတ်ကုန်အသစ်နဲ့ ပတ်သက်လို့ ရေငုံနှုတ်ပိတ်နေပေမယ့် Benchmark Database တွေကနေတဆင့် ဒီဖုန်းမှာ Snapdragon 855 ချစ်ပ်ဆက်၊ Android Pie စက်နှင်စနစ်နဲ့ 2340 x 1080p Resolution ပါဝင်တဲ့ Display တို့ အသုံးပြုထားတာကို သိထားရပါတယ်။

မကြာသေးခင်က Asus မှတင်ထားခဲ့တဲ့ ZenFone 6 ပိုစတာမှာတော့ Notch မပါတဲ့ Screen တစ်ခုကို မြင်ခဲ့ရတယ်။ ဒါကြောင့် ဒီဖုန်းအသစ်ဟာ Pop-up Selfie ကင်မရာနဲ့ ထွက်လာမယ်လို့ ယူဆရပြီး Dual-slider ဒီဇိုင်းကိုပါ အသုံးပြုလာနိုင်ပါတယ်။

ပြီးခဲ့တဲ့လက FCC အတည်ပြုချက်ကို ရယူခဲ့တဲ့ ZenFone 6 စမတ်ဖုန်းဟာ နောက်ဘက်မှာ Dual-camera အသုံးပြုထားတာကို တွေ့ရှိခဲ့ရပြီး အဓိကကင်မရာတစ်လုံးက 48MP ဖြစ်ပါတယ်။ ဒီဖုန်းမှာ 18W အားအမြန်သွင်းစနစ်လည်း ပါဝင်မှာဖြစ်ပေမယ့် ဘက္ထရီပမာဏကိုတော့ မသိရသေးပါဘူး။

Ref – GSM Arena