[Zawgyi]

Asus ဟာ MWC ၂၀၁၈ မွာ Snapdragon 845 နဲ႔ $340 တန္ Zenfone 5z ကို မိတ္ဆက္သြားခဲ့ပါတယ္။ အဲဒီဖုန္းရဲ႕ ပုံစံကေတာ့ ၂၀၁၈ ရဲ႕ Flagship ေတြအတိုင္း Notch ခပ္ႀကီးႀကီး၊ Dual Camera, 256GB နဲ႔အထက္ ေတြအျပင္ သက္သာလြန္းတဲ့ ေဈးႏႈန္းေၾကာင့္လည္း မ်က္စိက်စရာ ျဖစ္ခဲ့ပါတယ္။

ဒီႏိုဝင္ဘာလဆန္းမွာေတာ့ Asus Zenfone 6 ရဲ႕ ေရွ႕ေျပးအႀကိဳပုံစံ Video တစ္ခု ထြက္ေပၚလာခဲ့ပါတယ္။ ထူးျခားခ်က္ကေတာ့ Waterdrop notch ထားပုံပါပဲ။ ျမင္ေနက်ပုံစံေတြအတိုင္း မ်က္ႏွာျပင္ထိပ္ အလယ္တည့္တည့္မွာ မဟုတ္ပါဘူး။ ထိပ္ရဲ႕ ညာဘက္အျခမ္းနားမွာ တပ္ဆင္ထားတာပါ။

ျမင္ျမင္ခ်င္းမွာေတာ့ ဒါဟာ ေကာလာဟလ တစ္ခုလို႔ ထင္မိပါလိမ့္မယ္။ ဒါမွမဟုတ္ တစ္ေယာက္ေယာက္က ေနာက္ေျပာင္ၿပီး ျပဳလုပ္ထားတာလို႔ ေတြးမိပါလိမ့္မယ္။ ဒါေပမယ့္လည္း Prototype လို႔ဆိုထားတဲ့အတြက္ ေနာက္ေျပာင္ထားတာ မဟုတ္ဘဲ အစစ္အမွန္ ျဖစ္ႏိုင္ဖြယ္ ရွိတယ္လို႔ပဲ လက္ခံလိုက္ရပါတယ္။

Asus Zenfone 6 prototype မွာ ေတြ႕ရတာက ဖုန္းလက္ခံစကားေျပာရင္ နားေထာင္ရမယ့္ စပီကာဟာ ထိပ္ဆုံးမွာ ခပ္က်ဥ္းက်ဥ္း Bezel နဲ႔အတူ ရွိေနပါတယ္။ ေအာက္မွာေတာ့ USB-C, 3.5 mm audio jack, speaker တို႔ကို ေတြ႕ျမင္ရပါတယ္။ ေက်ာဘက္မွာ ကင္မရာႏွစ္လုံး တပ္ဆင္ေပးထားၿပီး တစ္ဆက္တည္းလိုလို Flash နဲ႔ တြဲထားတဲ့ အရာ တစ္ခုကိုလည္း ေတြ႕ျမင္ရပါတယ္။ ျဖစ္ႏိုင္ေျခရွိတာက Fingerprint scanner ပါ။ ဒါေပမယ့္ Fingerprint reader က မ်က္ႏွာျပင္ေအာက္မွာဆိုရင္ေတာ့ အဲဒီအရာက PDAF sensor လည္း ျဖစ္ႏိုင္ပါတယ္။

ထြက္ေပၚလာတဲ့ prototype ရဲ႕ ဖြဲ႕စည္းတည္ေဆာက္ထားပုံကို ၾကည့္ရသေလာက္ေတာ့ သာမန္ Face Unlock ကိုပဲ အသုံးျပဳလို႔ရမယ္လို႔ ခန႔္မွန္းရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူ႔ရဲ႕ ပုံမွန္ေနရာမွာမရွိတဲ့ notch အေနအထားအရ 3D infrared sensor ထားဖို႔ ေနရာမလုံေလာက္တဲ့အတြက္ေၾကာင့္ပဲ ျဖစ္ပါတယ္။

Ref: gsmarena

[Unicode]

Asus ဟာ MWC ၂၀၁၈ မှာ Snapdragon 845 နဲ့ $340 တန် Zenfone 5z ကို မိတ်ဆက်သွားခဲ့ပါတယ်။ အဲဒီဖုန်းရဲ့ ပုံစံကတော့ ၂၀၁၈ ရဲ့ Flagship တွေအတိုင်း Notch ခပ်ကြီးကြီး၊ Dual Camera, 256GB နဲ့အထက် တွေအပြင် သက်သာလွန်းတဲ့ ဈေးနှုန်းကြောင့်လည်း မျက်စိကျစရာ ဖြစ်ခဲ့ပါတယ်။

ဒီနိုဝင်ဘာလဆန်းမှာတော့ Asus Zenfone 6 ရဲ့ ရှေ့ပြေးအကြိုပုံစံ Video တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ ထူးခြားချက်ကတော့ Waterdrop notch ထားပုံပါပဲ။ မြင်နေကျပုံစံတွေအတိုင်း မျက်နှာပြင်ထိပ် အလယ်တည့်တည့်မှာ မဟုတ်ပါဘူး။ ထိပ်ရဲ့ ညာဘက်အခြမ်းနားမှာ တပ်ဆင်ထားတာပါ။

မြင်မြင်ချင်းမှာတော့ ဒါဟာ ကောလာဟလ တစ်ခုလို့ ထင်မိပါလိမ့်မယ်။ ဒါမှမဟုတ် တစ်ယောက်ယောက်က နောက်ပြောင်ပြီး ပြုလုပ်ထားတာလို့ တွေးမိပါလိမ့်မယ်။ ဒါပေမယ့်လည်း Prototype လို့ဆိုထားတဲ့အတွက် နောက်ပြောင်ထားတာ မဟုတ်ဘဲ အစစ်အမှန် ဖြစ်နိုင်ဖွယ် ရှိတယ်လို့ပဲ လက်ခံလိုက်ရပါတယ်။

Asus Zenfone 6 prototype မှာ တွေ့ရတာက ဖုန်းလက်ခံစကားပြောရင် နားထောင်ရမယ့် စပီကာဟာ ထိပ်ဆုံးမှာ ခပ်ကျဉ်းကျဉ်း Bezel နဲ့အတူ ရှိနေပါတယ်။ အောက်မှာတော့ USB-C, 3.5 mm audio jack, speaker တို့ကို တွေ့မြင်ရပါတယ်။ ကျောဘက်မှာ ကင်မရာနှစ်လုံး တပ်ဆင်ပေးထားပြီး တစ်ဆက်တည်းလိုလို Flash နဲ့ တွဲထားတဲ့ အရာ တစ်ခုကိုလည်း တွေ့မြင်ရပါတယ်။ ဖြစ်နိုင်ခြေရှိတာက Fingerprint scanner ပါ။ ဒါပေမယ့် Fingerprint reader က မျက်နှာပြင်အောက်မှာဆိုရင်တော့ အဲဒီအရာက PDAF sensor လည်း ဖြစ်နိုင်ပါတယ်။

ထွက်ပေါ်လာတဲ့ prototype ရဲ့ ဖွဲ့စည်းတည်ဆောက်ထားပုံကို ကြည့်ရသလောက်တော့ သာမန် Face Unlock ကိုပဲ အသုံးပြုလို့ရမယ်လို့ ခန့်မှန်းရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ ပုံမှန်နေရာမှာမရှိတဲ့ notch အနေအထားအရ 3D infrared sensor ထားဖို့ နေရာမလုံလောက်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

Ref: gsmarena