ASUS ကနေ မနှစ်တုန်းက မိတ်ဆက်ထားတဲ့ ROG Phone 2 ဟာ စျေးကွက်ထဲမှာတော်တော်လေးကို အောင်မြင်ခဲ့တဲ့ Gaming Phone တစ်လုံးလည်းဖြစ်ပါတယ်။ ဒါပေမယ့် ပုံမှန် Flagship ဖုန်းအနေနဲ့ မိတ်ဆက်ခဲ့တဲ့ ASUS ZenFone 6 ကတေ့ာ ROG Phone 2 လောက်မအောင်မြင်ခဲ့ဘူးလို့ပြောလို့ရပါတယ်။

အခုအချိန်မှာတော့ အဆိုပါ ROG Phone 2 နဲ့ ZenFone 6 တွေက Netflix ရဲ့ HD-compatible Device List ထဲမှာ ပါဝင်သွားပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် Netflix Streaming ကို ပုံမှန် SD Resolution ကနေ HDR-10 Playback နဲ့ ကြည့်ရှုနိုင်တော့မှာဖြစ်ပါတယ်။

အခုလိုမျိုး Netflix HD-compatible Device List ထဲကို အသစ်ပါဝင်လာတဲ့ထဲမှာ ASUS ဖုန်းတွေအပြင် ပြီးခဲ့တဲ့လပိုင်းတုန်းကမှ မိတ်ဆက်ထားခဲ့တဲ့ TCL 10L နဲ့ 10 Pro ဖုန်းတွေလည်းပါဝင််လာခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ TCL 10 Series ဖုန်းတွေဟာ စျေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်အမြင့်ပိုင်းပေးစွမ်းနိုင်တဲ့ စမတ်ဖုန်းတွေလို့တောင် သတ်မှတ်နိုင်မှာဖြစ်ပါတယ်။

Netflix မှာ HD နဲ့ HDR Content တွေကို ဖုန်းကနေ Streaming ကြည့်နိုင်ဖို့အတွက် Google ရဲ့ DRM လုံခြုံရေးသတ်မှတ်ချက်ဖြစ်တဲ့ Widevine L1 Certification ရှိဖို့လိုအပ်မှာဖြစ်ပြီးတော့ တချို့သော စမတ်ဖုန်းတွေမှာတော့ SD Resolution နဲ့ပဲကြည့်ရှုနိုင်တဲ့ Widevine L3 Certification ပဲရရှိထားတာဖြစ်ပါတယ်။

Ref – GSM Arena