[Zawgyi]

ASUS ရဲ႕ အသစ္ထြက္လာမယ့္ ZenFone 6 နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကေတာ့ ၿပီးခဲ့တဲ့ ဧၿပီလဆန္းေလာက္ကတည္းက ေပါက္ၾကားမႈေတြ ျဖစ္ေပၚေနခဲ့တာပါ။ အဆိုပါအခ်ိန္တုန္းကတည္းက ZenFone 6 ဟာ Notch မပါတဲ့ စမတ္ဖုန္းျဖစ္တယ္လို႔ဆိုၾကေပမယ့္ တရားဝင္သတင္းမဟုတ္လို႔ အတည္မျပဳႏိုင္ခဲ့ၾကတာပါ။

ၿပီးခဲ့တဲ့ရက္တုန္းကေတာ့ ZenFone 6 ရဲ႕ Teaser ကို ASUS ကိုယ္တိုင္က တြစ္တာမွာ မွ်ေဝခဲ့ပါတယ္။ ထြက္ေပၚလာတဲ့ Teaser ပုံရိပ္ကိုၾကည့္လိုက္တဲ့အခါ ZenFone 6 ဟာ အမွန္တကယ္ပဲ Notch မပါဝင္တဲ့ စမတ္ဖုန္းတစ္လုံး ျဖစ္ေၾကာင္း အတည္ျပဳႏိုင္ခဲ့ပါတယ္။ အလားတူပဲ Bezel ေတြ မပါဝင္ဘူးလို႔ေတာင္ ဆိုလိုရတဲ့ ပုံစံကိုလည္း ျမင္ေတြ႕ရပါတယ္။

ဒါေၾကာင့္ ZenFone 6 ဟာ Pop-up နဲ႔ပဲ ထြက္လာမလား၊ ဒါမွမဟုတ္ Slider အေနနဲ႔ ထြက္လာမလားဆိုတဲ့ အေျဖကိုပဲ ေစာင့္ဆိုင္းၾကရေတာ့မွာပါ။ ဒါေပမယ့္ ဧၿပီလဆန္းတုန္းက ထြက္ေပၚလာတဲ့ သတင္းတစ္ပုဒ္မွာ Dual Slider နဲ႔ ASUS ရဲ႕ စမတ္ဖုန္းပုံစံေတြကို ေဖာ္ျပခဲ့ဖူးပါတယ္။ ဒါေၾကာင့္ ZenFone 6 ဟာ Dual Slider နဲ႔ ထြက္ေပၚလာဦးမလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္ကို ေဘးဖယ္မထားသင့္ေသးဘူးလို႔ ဆိုရမွာပါ။

FCC certified အရ ZenFone 6 ဟာ ေက်ာဘက္ကင္မရာ ႏွစ္လုံး တပ္ဆင္ထားမွန္း သိခဲ့ရပါတယ္။ အဓိက ကင္မရာက 48MP resolution ျဖစ္မယ္လို႔လည္း ေကာလာဟလ ထြက္ထားပါတယ္။ ဒါ့အျပင္ 18W fast charging ကို ေထာက္ပံ့ေပးမွာ ျဖစ္ၿပီး Dual-SIM အမ်ိဳးအစားလည္း ရွိဦးမယ္လို႔ ဆိုပါတယ္။

AnTuTu က ေဖာ္ျပခဲ့တာေတာ့ 1080+ မ်က္ႏွာျပင္ျဖစ္ၿပီး Snapdragon 855 SoC နဲ႔ 6GB of RAM တပ္ဆင္ေပးထားတယ္လို႔ သိရွိခဲ့ၿပီး ျဖစ္ပါတယ္။ Android 9 Pie နဲ႔ ထြက္လာမယ္ဆိုတာကေတာ့ အံ့အားသင့္စရာ မလိုတဲ့ အခ်က္ပါ။ ZenFone 6 ကို ေမလ ၁၆ ရက္ေန႔ေရာက္ရင္ ဗလင္စီယာမွာ မိတ္ဆက္ေပးမယ္လို႔ သိရပါတယ္။

Ref: GSMArena

[Unicode]

ထွက်ပေါ်လာတဲ့ Teaser အရ ASUS ZenFone 6 ဟာ Notch မပါဝင်ကြောင်း အတည်ပြုနိုင်ပြီ

ASUS ရဲ့ အသစ်ထွက်လာမယ့် ZenFone 6 နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကတော့ ပြီးခဲ့တဲ့ ဧပြီလဆန်းလောက်ကတည်းက ပေါက်ကြားမှုတွေ ဖြစ်ပေါ်နေခဲ့တာပါ။ အဆိုပါအချိန်တုန်းကတည်းက ZenFone 6 ဟာ Notch မပါတဲ့ စမတ်ဖုန်းဖြစ်တယ်လို့ဆိုကြပေမယ့် တရားဝင်သတင်းမဟုတ်လို့ အတည်မပြုနိုင်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့ရက်တုန်းကတော့ ZenFone 6 ရဲ့ Teaser ကို ASUS ကိုယ်တိုင်က တွစ်တာမှာ မျှဝေခဲ့ပါတယ်။ ထွက်ပေါ်လာတဲ့ Teaser ပုံရိပ်ကိုကြည့်လိုက်တဲ့အခါ ZenFone 6 ဟာ အမှန်တကယ်ပဲ Notch မပါဝင်တဲ့ စမတ်ဖုန်းတစ်လုံး ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ အလားတူပဲ Bezel တွေ မပါဝင်ဘူးလို့တောင် ဆိုလိုရတဲ့ ပုံစံကိုလည်း မြင်တွေ့ရပါတယ်။

ဒါကြောင့် ZenFone 6 ဟာ Pop-up နဲ့ပဲ ထွက်လာမလား၊ ဒါမှမဟုတ် Slider အနေနဲ့ ထွက်လာမလားဆိုတဲ့ အဖြေကိုပဲ စောင့်ဆိုင်းကြရတော့မှာပါ။ ဒါပေမယ့် ဧပြီလဆန်းတုန်းက ထွက်ပေါ်လာတဲ့ သတင်းတစ်ပုဒ်မှာ Dual Slider နဲ့ ASUS ရဲ့ စမတ်ဖုန်းပုံစံတွေကို ဖော်ပြခဲ့ဖူးပါတယ်။ ဒါကြောင့် ZenFone 6 ဟာ Dual Slider နဲ့ ထွက်ပေါ်လာဦးမလားဆိုတဲ့ မျှော်လင့်ချက်ကို ဘေးဖယ်မထားသင့်သေးဘူးလို့ ဆိုရမှာပါ။

FCC certified အရ ZenFone 6 ဟာ ကျောဘက်ကင်မရာ နှစ်လုံး တပ်ဆင်ထားမှန်း သိခဲ့ရပါတယ်။ အဓိက ကင်မရာက 48MP resolution ဖြစ်မယ်လို့လည်း ကောလာဟလ ထွက်ထားပါတယ်။ ဒါ့အပြင် 18W fast charging ကို ထောက်ပံ့ပေးမှာ ဖြစ်ပြီး Dual-SIM အမျိုးအစားလည်း ရှိဦးမယ်လို့ ဆိုပါတယ်။

AnTuTu က ဖော်ပြခဲ့တာတော့ 1080+ မျက်နှာပြင်ဖြစ်ပြီး Snapdragon 855 SoC နဲ့ 6GB of RAM တပ်ဆင်ပေးထားတယ်လို့ သိရှိခဲ့ပြီး ဖြစ်ပါတယ်။ Android 9 Pie နဲ့ ထွက်လာမယ်ဆိုတာကတော့ အံ့အားသင့်စရာ မလိုတဲ့ အချက်ပါ။ ZenFone 6 ကို မေလ ၁၆ ရက်နေ့ရောက်ရင် ဗလင်စီယာမှာ မိတ်ဆက်ပေးမယ်လို့ သိရပါတယ်။

Ref: GSMArena