[Zawgyi]

ၿပီးခဲ့တဲ့ 2018 MWC တုန္းက ASUS ဟာ Snapdragon 845 နဲ႔ Zenfone 5Z ကို မိတ္ဆက္သြားခဲ့ပါတယ္။ ဒီေနာက္မွာေတာ့ Zenfone 6 နဲ႔ ပတ္သက္တဲ့ သတင္းေတြက ထြက္သင့္သေလာက္ ထြက္မလာဘဲ အနည္းငယ္သာ ထြက္ေပၚခဲ့ပါတယ္။

ဒီႏွစ္ MWC နီးေတာ့လည္း ASUS ရဲ႕ Zenfone 6 နဲ႔ ပတ္သက္တဲ့ သတင္းကို ၾကားရမလားလို႔ ေစာင့္ဆိုင္းေနၾကေပမယ့္ မထူးျခားျပန္ပါဘူး။ ဒါေပမယ့္ ASUS က Zenfone 6 မိတ္ဆက္မယ့္သတင္းကို မဂၢဇင္းစာမ်က္ႏွာကတစ္ဆင့္ အသိေပးလိုက္တာကို ေတြ႕ရပါတယ္။

ASUS ဟာ လာမယ့္ ေမလ ၁၄ ရက္ေန႔ေရာက္ရင္ စပိန္ႏိုင္ငံ ဗလင္စီယာမွာ ပြဲျပဳလုပ္ၿပီး မိတ္ဆက္ဖို႔ စီစဥ္ထားတာ ျဖစ္ပါတယ္။ ဒီအေၾကာင္းကို အသိေပးထားတဲ့ မဂၢဇင္းက MWC 2019 ျပပြဲအတြက္ ထုတ္ေဝတဲ့ မဂၢဇင္းစာေစာင္ ျဖစ္ေနပါတယ္။

စာမ်က္ႏွာထက္က Zenfone 6 ရဲ႕ Teaser ပုံရိပ္ဟာ အေရွ႕ဘက္ မ်က္ႏွာျပင္တစ္စိတ္တစ္ပိုင္းကိုသာ ေဖာ္ျပထားတာျဖစ္ၿပီး Notch တို႔၊ Punch-hole တို႔ကိုေတာ့ မေဖာ္ျပထားဘဲ ေဖ်ာက္ထားတဲ့ပုံစံသာ ျမင္ေတြ႕ရပါတယ္။ ဒါေၾကာင့္ Pop-up Camera သုံးထားတာလည္း ျဖစ္ႏိုင္သလို Slider လည္း ျဖစ္လာႏိုင္တဲ့အတြက္ စိတ္ဝင္စားစရာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

မေလ ၁၄ ရက်နေ့မှာ မိတ်ဆက်မယ့် ASUS Zenfone 6

ပြီးခဲ့တဲ့ 2018 MWC တုန်းက ASUS ဟာ Snapdragon 845 နဲ့ Zenfone 5Z ကို မိတ်ဆက်သွားခဲ့ပါတယ်။ ဒီနောက်မှာတော့ Zenfone 6 နဲ့ ပတ်သက်တဲ့ သတင်းတွေက ထွက်သင့်သလောက် ထွက်မလာဘဲ အနည်းငယ်သာ ထွက်ပေါ်ခဲ့ပါတယ်။

ဒီနှစ် MWC နီးတော့လည်း ASUS ရဲ့ Zenfone 6 နဲ့ ပတ်သက်တဲ့ သတင်းကို ကြားရမလားလို့ စောင့်ဆိုင်းနေကြပေမယ့် မထူးခြားပြန်ပါဘူး။ ဒါပေမယ့် ASUS က Zenfone 6 မိတ်ဆက်မယ့်သတင်းကို မဂ္ဂဇင်းစာမျက်နှာကတစ်ဆင့် အသိပေးလိုက်တာကို တွေ့ရပါတယ်။

ASUS ဟာ လာမယ့် မေလ ၁၄ ရက်နေ့ရောက်ရင် စပိန်နိုင်ငံ ဗလင်စီယာမှာ ပွဲပြုလုပ်ပြီး မိတ်ဆက်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒီအကြောင်းကို အသိပေးထားတဲ့ မဂ္ဂဇင်းက MWC 2019 ပြပွဲအတွက် ထုတ်ဝေတဲ့ မဂ္ဂဇင်းစာစောင် ဖြစ်နေပါတယ်။

စာမျက်နှာထက်က Zenfone 6 ရဲ့ Teaser ပုံရိပ်ဟာ အရှေ့ဘက် မျက်နှာပြင်တစ်စိတ်တစ်ပိုင်းကိုသာ ဖော်ပြထားတာဖြစ်ပြီး Notch တို့၊ Punch-hole တို့ကိုတော့ မဖော်ပြထားဘဲ ဖျောက်ထားတဲ့ပုံစံသာ မြင်တွေ့ရပါတယ်။ ဒါကြောင့် Pop-up camera သုံးထားတာလည်း ဖြစ်နိုင်သလို Slider လည်း ဖြစ်လာနိုင်တဲ့အတွက် စိတ်ဝင်စားစရာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: GSMArena