Asus က ZenFone 7 နဲ့ ZenFone 7 Pro တို့ကို ဖန်တီးနေတဲ့ သတင်းတွေ ထွက်နေပြီး အခုလည်း ZenFone 7 နဲ့  ZenFone 7 Pro တို့မှာ SD865 နဲ့ SD865+ အသီးသီး ပါလာမယ်လို့ သတင်းထွက်လာပါတယ်။ မကြာခင် ကြေညာမယ့် ROG Phone III မှာလည်း SD865+ ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ ZenFone 7 နဲ့  ZenFone 7 Pro တို့ဟာ စွမ်းရည်မြင့် စမတ်ဖုန်းတွေ ဖြစ်ပြီး ROG Phone III ကတော့ အလန်းစား Gaming စမတ်ဖုန်း ဖြစ်ပါတယ်။

အရင်သတင်းတွေအရ Asus ZenFone 7 နဲ့  ZenFone 7 Pro တို့မှာ 5G ဆက်သွယ်မှု ပါလာမှာ ဖြစ်ပြီး အနက်နဲ့ အဖြူရောင် ထုတ်လုပ်ပေးထားမှာ သေချာသလောက်ရှိပါတယ်။ တခြား အရောင်တွေလည်း ထွက်လာနိုင်ပါတယ်။

အရင်နှစ်ထုတ် ZenFone 6  မှာလိုပဲ Asus ZenFone 7 နဲ့  ZenFone 7 Pro တို့မှာ Flip ကင်မရာကိုပဲ ဆက်လက် အသုံးပြုထားမယ်လို့ သတင်းထွက်နေပါတယ်။ အရင်မျိုးဆက်ထက် ကင်မရာ အပိုတွေ ထည့်သွင်းထားနိုင်ပြီး Main အပြင် Ultrawide , Telephoto နဲ့ Depth ကင်မရာတွေ ဖြစ်ပါတယ်။ Asus ZenFone 7 နဲ့  ZenFone 7 Pro တို့နဲ့အတူ Asus ROG Phone III ကို ဒီလ ၂၂ ရက်နေ့မှာ ကြေညာမှာ ဖြစ်တဲ့အတွက် မျက်ဝါးထင်ထင် မြင်ရဖို့ ရက်အနည်းငယ်ပဲ လိုပါတော့တယ်။

Ref : gizchina