Asus Zenfone 7 ဖုန်း ၂ လုံးရဲ့ သတင်းတွေ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပြီး မကြာခင်ကလည်း Kernel Code ကနေ Specs တချို့ကို သိခဲ့ရပါတယ်။ အခုတော့ ပိုအသေးစိတ်ကျတဲ့ သတင်းအချက်အလက်တွေ ထွက်ပေါ်လာပါတယ်။

ဥရောပ စတိုး ၁ ခုက Zenfone 7 ဖုန်း ၂ လုံးကို စာရင်းတင်ထားပြီး ZS670KS Motherboard ပါမယ်လို့ ဖော်ပြထားပါတယ်။ Zenfone 7 မှာ  8GB RAM , 128GB Storage နဲ့ Snapdragon 865 Chipset ထည့်သွင်းထားမှာ ဖြစ်ပြီး Zenfone 7 Pro မှာ 8GB RAM , 256GB Storage နဲ့ Snapdragon 865+ Chipset ပါလာမှာပါ။

Zenfone 7 ကို ၅၀၅ ယူရိုနဲ့ Pro ကို ၅၄၉ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၈ သိန်း ၁ သောင်းနဲ့ ၈ သိန်း ၈ သောင်းလောက် အသီးသီး ကျသင့်မှာပါ။ Zenfone 7 မှာ 5,000mAh ဘက်ထရီပါလာမှာဖြစ်ပြီး Asus က ၂၆ ရက်နေ့မှာ ကြေညာမှာပါ။

Zenfone 7 ကို Taiwan’s National Communications Commission (NCC) မှာလည်း တွေ့ခဲ့ရပြီး ၆.၄ လက်မ FHD+ မျက်နှာပြင်နဲ့ 60Hz Refresh Rate ပါလာမှာပါ။ 64MP Sony IMX686 နဲ့ 12MP Ultrawide ကင်မရာတွေ ပါလာမှာပါ။

Ref : gsmaena