ASUS ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မေလတုန်းက Slide-out ကင်မရာနဲ့ Flagship ဖုန်းဖြစ်တဲ့ ASUS ZenFone 6 ကို ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ဥပဒေကြောင်းအရ ပြဿနာအချို့ရှိနေတာကြောင့် အိန္ဒိယဈေးကွက်ကို ASUS 6z ဆိုတဲ့နာမည်နဲ့ပဲ ဝင်ခဲ့ရပါတယ်။ ZenFone 6 အနေနဲ့ အခုအချိန်ထိ တရားဝင် မဖြစ်သေးပါဘူး။

ဒီနှစ်မှာတော့ ASUS ZenFone 7 ဒါမှမဟုတ်၊ ASUS 7x လို့ ယူဆရတဲ့ ဟန်းဆက်တစ်ခုကို Geekbench မှာ တွေ့မြင်လာရပါတယ်။ “asusZF” အနေနဲ့ Geekbench 5 မှာ မြင်တွေ့ရတာက Frequency 1.80GHz နဲ့ Snapdragon 865 ကို အသုံးပြုထားတာပါ။ SoC ကို “Kona” ဆိုတဲ့ ကုဒ်နာမည်နဲ့ ရည်ညွှန်းထားပါတယ်။

နောက်ထပ်စိတ်ဝင်စားစရာကောင်းတာကတော့ “ZF” လို့ အမည်ကပ်ထားတဲ့ ဒီဟန်းဆက်မှာ 16GB of RAM ကိုတပ်ဆင်ထားတာပါပဲ။ Single-core ရမှတ်ကတော့ 975 မှတ် ရတာကိုတွေ့ရပြီး Multi-core ရမှတ်ကတော့ 3346 မှတ် ရထားတာကိုလည်း တွေ့ရပါတယ်။

Geekbench ဖြစ်တဲ့အတွက် ဟန်းဆက်နဲ့ပတ်သက်တဲ့ အခြားအချက်အလက်တွေကို ဖော်ပြထားခြင်းမရှိပါဘူး။ ASUS ဟာ ဇူလိုင်လထဲမှာ ROG Phone 3 ကို ပွဲထုတ်မှာဖြစ်ပြီး ZenFone 7 ဟာ ကုမ္ပဏီရဲ့ နောက်ထပ်လာမယ့် ဂိမ်းမင်းဖုန်းဟုတ်မဟုတ်တော့ မသိရသေးပါဘူး။ ROG Phone 3 ကတော့ အစောကတည်းက TENAA မှာ တွေ့မြင်ရပြီးဖြစ်သလို Specs အပြည့်အစုံလည်း သိခဲ့ကြရပြီး ဖြစ်ပါတယ်။

Ref: Gizmochina