ASUS ဟာ လက်ရှိအချိန်မှာ နောက်ဆုံးထွက်ရှိထားတဲ့ Zenfone Series ဖြစ်တဲ့ Zenfone 8 အတွက် Android 12 Update ကို Beta အနေနဲ့ စမ်းသပ်နေခဲ့တာ လပိုင်းခန့်ရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့် အခုအချိန်မှာတော့ Zenfone 8 နဲ့ Zenfone 8 Flip ဖုန်းတွေအတွက် Android 12 Stable Update ကို တရားဝင်ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

ASUS ကိုယ်တိုင်က ယခင်တုန်းက Zenfone 8 ဖုန်းတွေအတွက် Android 12 Stable Update ကို ယခုနှစ်မကုန်ခင် ထုတ်ပေးမယ်ဆိုပြီး ကတိပေးထားတဲ့အတွက် အခုလိုမျိုး နှစ်မကုန်ခင်မှာ တရားဝင်ထုတ်ပေးခဲ့တာဖြစ်နိုင်ပါတယ်။ တခြားသော Zenfone အပါအဝင် ROG Phone တွေလည်း မကြာခင်မှာ Update ရရှိလာဖွယ်ရှိပါတယ်။

တစ်ခုရှိတာကတော့ အခုလိုမျိုး Android 12 Update ကို အစောဆုံးရရှိမယ့် Zenfone 8 ဖုန်းတွေကတော့ Zenfone 8 အတွက် Model Number ZS590KS နဲ့ Zenfone 8 Flip ဖုန်းတွေအတွက် Model Number ZS672KS ဖြစ်နေဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်ဘဲ လက်ရှိနောက်ဆုံးထွက်ရှိထားတဲ့ Android 11 Update ကိုလည်း အရင်တင်ထားဖို့ လိုအပ်မှာပါ။

Zenfone 8 အတွက် Android 12 Update ကတော့ Firmware Number ကတော့ 31.1004.0404.73 ဖြစ်ပြီး Zenfone 8 Flip အတွက်ကတော့ 31.1004.0404.61 အနေနဲ့ ထွက်ရှိလာတာဖြစ်ပါတယ်။ တကယ်လို့ တခြားသော Zenfone 8 Model Number တွေအနေနဲ့ကတော့ နောက်ထပ် တစ်ပါတ် သို့မဟုတ် ၂ ပါတ်ဝန်းကျင်ခန့် စောင့်ဆိုင်းရမှာပါ။

ယခု Android 12 Update နဲ့အတူ ယခု Feature အသစ်တွေပါဝင်လာမှာဖြစ်ပါတယ်။ Changelog အပြည့်အစုံကိုတော့ အောက်မှာကြည့်ရှုနိုင်မှာပါ။

ဘာပဲဖြစ်ဖြစ် ASUS ရဲ့ Update Schedule အရတော့ နောက်ပိုင်းမှာ ROG Phone 5 ၊ ROG Phone 5s ၊ ROG Phone 3 နဲ့ Zenfone 7 ဖုန်းတွေက Android 12 Update ရရှိလာမှာဖြစ်ပါတယ်။

Ref – GSM Arena