Asus အနေနဲ့ သူတို့ရဲ့ ပထမဆုံး Android Go စမတ်ဖုန်းဖြစ်တဲ့ ZenFone Live L1 ကို အမေရိကန်နိုင်ငံမှာ စတင်ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ZenFone Live L1 ဟာ တန်ဖိုးနည်း စမတ်ဖုန်း အမျိုးအစား ဖြစ်ပြီး ကန်ဒေါ်လာ ၁၁၀ တန်ကြေးရှိပါတယ်။

ZenFone Live L1 ရဲ့ Display အပိုင်းအတွက် ၅.၅လက်မ မျက်နှာပြင်အကျယ်ရှိ LCD Display ကို အသုံးပြုထားပြီး Resolution ကတော့ 720 x 1440 pixels ရှိပါတယ်။ Processor အပိုင်းအတွက် Snapdragon 425 SoC ကို အသုံးပြုထားပြီး RAM အနေနဲ့ 1GB ပါဝင်မှာပါ။ Memory Storage ကိုတော့ 16GB ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် RAM 2GB/ Storage 32GB ပါဝင်တဲ့ မော်ဒယ်ကိုလည်း ရွေးချယ်ဝယ်ယူနိုင်ဦးမှာပါ။

နောက်ကျောဘက်မှာ 13MP Camera ကို တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 5MP Camera ကို တပ်ဆင်ထားပါတယ်။ Security အပိုင်းအတွက် Face Unlock စနစ်သာ အသုံးပြုနိုင်မှာ ဖြစ်ပြီး Fingerprint Sensor တော့ ပါဝင်မှာ မဟုတ်ပါဘူး။ Operating System အပိုင်းအတွက် Android Oreo (Go edition) ကို ထည့်သွင်းပေးထားပြီး ဘက်ထရီ သိုလှောင်မှု ပမာဏကတောာ့ 3000mAh ပါဝင်မှာ ဖြစ်ပါတယ်။

ZenFone Live L1 ကို အမေရိကန်နိုင်ငံမှာသာ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပြီး ကမ္ဘာအနှံ့အပြားကို ဖြန့်ချီသွားမလားဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

Ref: theverge