Zawgyi

ဒီေတာ့ ASUS ရဲ႕ ZenFone Max Pro (M1) က Budget စမတ္ဖုန္း ေလာကကို ဘယ္အခ်က္ေတြေၾကာင့္ တုန္လႈပ္ေစခဲ့တာလဲ ??? ေမးစရာ ရွိလာပါတယ္။ ဒီလိုပါ… ZenFone Max Pro (M1) ဟာဆိုရင္ ခါတိုင္းျမင္ေတြ႕ေနက် ASUS ရဲ႕ ZenFone စီးရီးေတြမွာလိုမ်ိဴး ZenUI ကို အသုံးျပဳထားျခင္းမရွိဘဲ Pure Android နဲ႔ ပြဲထြက္လာခဲ့တဲ့ စမတ္ဖုန္း ျဖစ္ပါတယ္။ ဒါတင္ဘဲလား…ဆိုေတာ့ မဟုတ္ေသးပါဘူး။ ေငြက်ပ္ ၂သိန္း ဝန္းက်င္ကို လက္ထဲမွာကိုင္ၿပီး Snapdragon 636 SoC နဲ႔ ဘက္ထရီ 5000 mAh ပါတဲ့ စမတ္ဖုန္းကို ေစ်းကြက္ထဲမွာ သြားရွာမယ္ဆိုရင္ ZenFone Max Pro တစ္လုံးတည္းကိုသာ ေတြ႕ရမွာပါ။ ဒါ့ေၾကာင့္ ZenFone Max Pro ဟာ ASUS ရဲ႕ အေကာင္းဆုံး စမတ္ဖုန္း တစ္လုံး ျဖစ္ၿပီး Price-to-Performace Ratio နဲ႔ၾကည့္မယ္ဆိုရင္လည္း ေ႐ြးခ်ယ္သင့္တဲ့ စမတ္ဖုန္း တစ္လုံးလို႔ ေျပာရမွာပါ။Operating System

ZenFone Max Pro (M1) ရဲ႕ Operating System အပိုင္းအတြက္ Android 8.1 Oreo ကိုထည့္သြင္းေပးထားတာ ျဖစ္ၿပီး ZenUI နဲ႔ Customize ျပဳလုပ္မထားတဲ့အတြက္ Pure Android စမတ္ဖုန္း တစ္လုံးလို အသုံးျပဳႏိုင္မွာပါ။ ဒီေတာ့ ZenUI မႀကိဳက္တဲ့သူေတြနဲ႔ Android OS ကို ႐ိုး႐ိုးရွင္းရွင္း၊ ေပါ့ေပါ့ပါးပါး သုံးခ်င္တဲ့ သူေတြအတြက္ Max Pro က ေ႐ြးခ်ယ္စရာ ျဖစ္လာႏိုင္ပါတယ္။

Display

Display အပိုင္းအတြက္ 5.99 inches FHD+ Display ကို အသုံးျပဳထားၿပီး Resolution ကေတာ့ 1080 x 2160 Pixel ရွိပါတယ္။ အရင္တုန္းကဆိုရင္ ေငြက်ပ္ ၂သိန္း ဝန္းက်င္ သုံး႐ုံနဲ႔ FHD+ Display ကို ပိုင္ဆိုင္ႏိုင္ဖို႔ ဆိုတာ ေတာ္ေတာ္ မလြယ္တဲ့ ကိစၥပါ။ ဒါ့အျပင္ Color Production အပိုင္းမွာလည္း Max Pro ရဲ႕ Color Accuracy က ေတာ္ေတာ္ေလး ေကာင္းမြန္ေနတာကို ေတြ႕ရပါတယ္။ ဒါ့ေၾကာင့္ ဗီဒီယိုဘဲ ၾကည့္ၾကည့္၊ ဂိမ္းဘဲ ေဆာ့ေဆာ့ ၾကည္လင္ျပတ္သားတဲ့ ႐ုပ္ထြက္ေတြကို အျပည့္အဝ ခံစားၾကည့္ရႈ႕ႏိုင္မွာပါ။

Performance

Performance အပိုင္းကို ေျပာရမယ္ဆိုရင္ Max Pro ရဲ႕ Processor အပိုင္းအတြက္ Mid-Range စမတ္ဖုန္းေတြမွာသာ ျမင္ေတြ႕ရတဲ့ Snapdragon 636 SoC ကိုသုံးထားပါတယ္။ Graphic အပိုင္းအတြက္ Adreno 509 GPU လည္းပါဝင္ဦးမွာပါ။ ကြၽန္ေတာ္ စမ္းသပ္အသုံးျပဳေနတဲ့ Max Pro ကေတာ့ Storage 32GB + RAM 3GB ေမာ္ဒယ္ျဖစ္ၿပီး Storage 64GB + RAM 4GB နဲ႔ 64GB + RAM 6GB ေမာ္ဒယ္ေတြကိုလည္း ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာပါ။ ေနာက္ၿပီး Graphic ျမင့္မွ ေဆာ့လို႔ေကာင္းတဲ့ PUBG လို Game မ်ိဴးကိုေတာင္ Medium Setting နဲ႔ အထစ္အေငါ့မရွိ ေဆာ့ကစားႏိုင္တာ ေတြ႕ရပါတယ္။

Game ေဆာ့လို႔ ေကာင္းသြားၿပီဆိုရင္ ေနာက္မွာကပ္ၿပီး ပါလာတဲ့ လိုအပ္ခ်က္က Battery Life ပါ။ Max Pro မွာ 5000mAh ဘက္ထရီ ပမာဏကို ထည့္သြင္းေပးထားၿပီး 5V/2A 10W အျမန္အားသြင္း စနစ္လည္း ပါဝင္ဦးမွာပါ။ သူရဲ႕ Fast Charging က ကြၽန္ေတာ္စမ္းၾကည့္သေလာက္ဆိုရင္ ၁နာရီနဲ႔ ၁၅မိနစ္ခန္႔ အားသြင္းလိုက္တဲ့အခါမွာ ဘက္ထရီအား ၄၅% အထိေရာက္ပါတယ္။ ဒီေတာ့ ၁၀၀% အားအျပည့္သြင္းဖို႔ဆိုရင္ ၂နာရီနဲ႔ ၄၅မိနစ္ေလာက္ဘဲ လိုအပ္မွာပါ။ ဘက္ထရီအား အရမ္းစားတဲ့ Mobile Legends တို႔၊ PUBG တို႔လို Game မ်ိဴးေတြကို ၁နာရီေလာက္ ေဆာ့မယ္ဆိုရင္ေတာ့ ဘက္ထရီအားက ၁၅% အထိကုန္တာ ေတြ႕ရပါတယ္။ ဒီေတာ့ ဂိမ္းေဆာ့လိုက္၊ Facebook သုံးလိုက္၊ ဗီဒီယို ၾကည့္လိုက္ ဆက္တိုက္ လုပ္ေနမယ္ဆိုရင္ေတာင္ တစ္ေန႔တာကေတာ့ ေကာင္းေကာင္းသုံးလို႔ ရမွာပါ။

Security

Security အပိုင္းအတြက္ Fingerprint Sensor ပါဝင္သလို Face Unlock စနစ္ကိုလည္း အသုံးျပဳႏိုင္မွာပါ။ Fingerprint Sensor က သာမန္ထက္ နည္းနည္းေလးပိုၾကာသလို ခံစားရၿပီး Face Unlock ကေတာ့ Infrared Sensor မပါတဲ့အတြက္ ညဘက္လိုမ်ိဴး အလင္းေရာင္နည္းတဲ့ အခ်ိန္ေတြမွာ ေကာင္းေကာင္း အသုံးျပဳႏိုင္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္လည္း သူရဲ႕ ေစ်းႏႈန္းနဲ႔ ႏႈိင္းယွဥ္ၾကည့္မယ္ ဆိုရင္ေတာ့ ၂သိန္းဝန္းက်င္တန္ Budget စမတ္ဖုန္း တစ္လုံးမွာ Fingerprint နဲ႔ Face Unlock အသုံးျပဳႏိုင္တာကိုဘဲ ေက်းဇူးတင္ရမလို ျဖစ္ေနပါၿပီ။

Camera

ကင္မရာ အပိုင္းကို ေျပာရမယ္ဆိုရင္ Aperture f/2.2 ရွိတဲ့ 13Megapixels Camera နဲ႔ Aperture f/2.4 ရွိတဲ့ 5 Megapixels Camera ေတြကို Rear Camera အတြက္ တပ္ဆင္ထားၿပီး Front Camera အတြက္ကိုေတာ့ Aperture f/2.2 ရွိတဲ့ 8 Megapixels Camera ကို တပ္ဆင္ထားပါတယ္။ Max Pro ရဲ႕ ကင္မရာက Auto Focus နဲ႔ Portrait Mode ေတြမွာ အားနည္းေပမယ့္ Normal Shot နဲ႔ Low Light photography အပိုင္းမွာေတာ့ မဆိုးဘူးလို႔ ေျပာရမွာပါ။ ႐ုပ္ထြက္ေတြက Color Accuracy အပိုင္းမွာ ေျပာစရာ မလိုေအာင္ ေကာင္းမြန္ေနၿပီး Over Saturation ျဖစ္ေနတာမ်ိဴး မရွိပါဘူး။ ဗီဒီယိုအပိုင္းမွာလည္း 4K Ultra HD Video ေတြကို 30fps နဲ႔ ႐ိုက္ကူးႏိုင္မွာ ျဖစ္ပါတယ္။

ASUS ZenFone Max Pro (M1) ဟာ အေလးခ်ိန္အားျဖင့္ 180 Grams ေလးၿပီးေတာ့ Triple SIM slot ပါဝင္တဲ့ စမတ္ဖုန္း တစ္လုံး ျဖစ္ပါတယ္။ ဒီေတာ့ SIM Card ၂ကဒ္အျပင္ MicroSD ပါ တစ္ခါတည္းတြဲၿပီး သုံးႏိုင္မွာပါ။ Max Pro ရဲ႕ RAM 3GB/ROM 32GB ေမာ္ဒယ္ကို ျမန္မာႏိုင္ငံ ေစ်းကြက္ထဲမွာ လက္ရွိ ေရာင္းခ်ေနတဲ့ ေစ်းႏႈန္းကေတာ့ ၂၃၉,၀၀၀ က်ပ္ျဖစ္ပါတယ္။ RAM 4GB/ ROM 64GB ေမာ္ဒယ္ကို ၂၉၉,၀၀၀ က်ပ္နဲ႔ ေရာင္းခ်ေနၿပီး RAM 6GB/ ROM 64GB ေမာ္ဒယ္ကိုေတာ့ ၃၃၉,၀၀၀ က်ပ္နဲ႔ ေရာင္းခ်ေနတယ္လို႔ သိရပါတယ္။ Max Pro နဲ႔ ပတ္သတ္ၿပီး ကြၽန္ေတာ့ အျမင္ကို ေျပာရမယ္ဆိုရင္ Max Pro က Performace အပိုင္းကိုဘဲ ဦးစားေပးထားတဲ့ Budget Gaming Smartphone လို႔ ျမင္မိပါတယ္။ ဒီေတာ့ ကင္မရာ အရမ္းႀကီး မေကာင္းလည္း ရတယ္၊ ဂိမ္းေတြေဆာ့မယ္၊ ဗီဒီယို ၾကည့္မယ္၊ Facebook သုံးမယ္ ဆိုသူမ်ားအတြက္ ASUS ZenFone Max Pro (M1) ဟာ အသင့္ေတာ္ဆုံး စမတ္ဖုန္းတစ္လုံး ျဖစ္လာႏိုင္ပါတယ္။

Unicode

Budget စမတ်ဖုန်း လောကကို တုန်လှုပ်စေခဲ့တယ့် ASUS ZenFone Max Pro (M1)

ဒီတော့ ASUS ရဲ့ ZenFone Max Pro (M1) က Budget စမတ်ဖုန်း လောကကို ဘယ်အချက်တွေကြောင့် တုန်လှုပ်စေခဲ့တာလဲ ??? မေးစရာ ရှိလာပါတယ်။ ဒီလိုပါ… ZenFone Max Pro (M1) ဟာဆိုရင် ခါတိုင်းမြင်တွေ့နေကျ ASUS ရဲ့ ZenFone စီးရီးတွေမှာလိုမျိူး ZenUI ကို အသုံးပြုထားခြင်းမရှိဘဲ Pure Android နဲ့ ပွဲထွက်လာခဲ့တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ ဒါတင်ဘဲလား…ဆိုတော့ မဟုတ်သေးပါဘူး။ ငွေကျပ် ၂သိန်း ဝန်းကျင်ကို လက်ထဲမှာကိုင်ပြီး Snapdrgon 636 SoC နဲ့ ဘက်ထရီ 5000mAh ပါတဲ့ စမတ်ဖုန်းကို စျေးကွက်ထဲမှာ သွားရှာမယ်ဆိုရင် ZenFone Max Pro တစ်လုံးတည်းကိုသာ တွေ့ရမှာပါ။ ဒါ့ကြောင့် ZenFone Max Pro ဟာ ASUS ရဲ့ အကောင်းဆုံး စမတ်ဖုန်း တစ်လုံး ဖြစ်ပြီး Price-to-Performace Ratio နဲ့ကြည့်မယ်ဆိုရင်လည်း ရွေးချယ်သင့်တဲ့ စမတ်ဖုန်း တစ်လုံးလို့ ပြောရမှာပါ။

Operating System

ZenFone Max Pro (M1) ရဲ့ Operating System အပိုင်းအတွက် Android 8.1 Oreo ကိုထည့်သွင်းပေးထားတာ ဖြစ်ပြီး ZenUI နဲ့ Customize ပြုလုပ်မထားတဲ့အတွက် Pure Android စမတ်ဖုန်း တစ်လုံးလို အသုံးပြုနိုင်မှာပါ။ ဒီတော့ ZenUI မကြိုက်တဲ့သူတွေနဲ့ Android OS ကို ရိုးရိုးရှင်းရှင်း၊ ပေါ့ပေါ့ပါးပါး သုံးချင်တဲ့ သူတွေအတွက် Max Pro က ရွေးချယ်စရာ ဖြစ်လာနိုင်ပါတယ်။

Display

Display အပိုင်းအတွက် 5.99 inches FHD+ Display ကို အသုံးပြုထားပြီး Resolution ကတော့ 1080 x 2160 pixels ရှိပါတယ်။ အရင်တုန်းကဆိုရင် ငွေကျပ် ၂သိန်း ဝန်းကျင် သုံးရုံနဲ့ FHD+ Display ကို ပိုင်ဆိုင်နိုင်ဖို့ ဆိုတာ တော်တော် မလွယ်တဲ့ ကိစ္စပါ။ ဒါ့အပြင် Color Production အပိုင်းမှာလည်း Max Pro ရဲ့ Color Accuracy က တော်တော်လေး ကောင်းမွန်နေတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ဗီဒီယိုဘဲ ကြည့်ကြည့်၊ ဂိမ်းဘဲ ဆော့ဆော့ ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်တွေကို အပြည့်အဝ ခံစားကြည့်ရှု့နိုင်မှာပါ။

Performance

Performance အပိုင်းကို ပြောရမယ်ဆိုရင် Max Pro ရဲ့ Processor အပိုင်းအတွက် Mid-Range စမတ်ဖုန်းတွေမှာသာ မြင်တွေ့ရတဲ့ Snapdragon 636 SoC ကိုသုံးထားပါတယ်။ Graphic အပိုင်းအတွက် Adreno 509 GPU လည်းပါဝင်ဦးမှာပါ။ ကျွန်တော် စမ်းသပ်အသုံးပြုနေတဲ့ Max Pro ကတော့ Storage 32GB + RAM 3GB မော်ဒယ်ဖြစ်ပြီး Storage 64GB + RAM 4GB နဲ့ 64GB + RAM 6GB မော်ဒယ်တွေကိုလည်း ရွေးချယ်ဝယ်ယူနိုင်မှာပါ။ နောက်ပြီး Graphic မြင့်မှ ဆော့လို့ကောင်းတဲ့ PUBG လို Game မျိူးကိုတောင် Medium Setting နဲ့ အထစ်အငေါ့မရှိ ဆော့ကစားနိုင်တာ တွေ့ရပါတယ်။

Game ဆော့လို့ ကောင်းသွားပြီဆိုရင် နောက်မှာကပ်ပြီး ပါလာတဲ့ လိုအပ်ချက်က Battery life ပါ။ Max Pro မှာ 5000mAh ဘက်ထရီ ပမာဏကို ထည့်သွင်းပေးထားပြီး 5V/2A 10W အမြန်အားသွင်း စနစ်လည်း ပါဝင်ဦးမှာပါ။ သူရဲ့ Fast Charging က ကျွန်တော်စမ်းကြည့်သလောက်ဆိုရင် ၁နာရီနဲ့ ၁၅မိနစ်ခန့် အားသွင်းလိုက်တဲ့အခါမှာ ဘက်ထရီအား ၄၅% အထိရောက်ပါတယ်။ ဒီတော့ ၁၀၀% အားအပြည့်သွင်းဖို့ဆိုရင် ၂နာရီနဲ့ ၄၅မိနစ်လောက်ဘဲ လိုအပ်မှာပါ။ ဘက်ထရီအား အရမ်းစားတဲ့ Mobile Legends တို့၊ PUBG တို့လို Game မျိူးတွေကို ၁နာရီလောက် ဆော့မယ်ဆိုရင်တော့ ဘက်ထရီအားက ၁၅% အထိကုန်တာ တွေ့ရပါတယ်။ ဒီတော့ ဂိမ်းဆော့လိုက်၊ Facebook သုံးလိုက်၊ ဗီဒီယို ကြည့်လိုက် ဆက်တိုက် လုပ်နေမယ်ဆိုရင်တောင် တစ်နေ့တာကတော့ ကောင်းကောင်းသုံးလို့ ရမှာပါ။

Security

Security အပိုင်းအတွက် Fingerprint Sensor ပါဝင်သလို Face Unlock စနစ်ကိုလည်း အသုံးပြုနိုင်မှာပါ။ Fingerprint Sensor က သာမန်ထက် နည်းနည်းလေးပိုကြာသလို ခံစားရပြီး Face Unlock ကတော့ Infrared Sensor မပါတဲ့အတွက် ညဘက်လိုမျိူး အလင်းရောင်နည်းတဲ့ အချိန်တွေမှာ ကောင်းကောင်း အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း သူရဲ့ စျေးနှုန်းနဲ့ နှိုင်းယှဥ်ကြည့်မယ် ဆိုရင်တော့ ၂သိန်းဝန်းကျင်တန် Budget စမတ်ဖုန်း တစ်လုံးမှာ Fingerprint နဲ့ Face Unlock အသုံးပြုနိုင်တာကိုဘဲ ကျေးဇူးတင်ရမလို ဖြစ်နေပါပြီ။

Camera

ကင်မရာ အပိုင်းကို ပြောရမယ်ဆိုရင် Aperture f/2.2 ရှိတဲ့ 13Megapixels Camera နဲ့ Aperture f/2.4 ရှိတဲ့ 5Megapixels Camera တွေကို Rear Camera အတွက် တပ်ဆင်ထားပြီး Front Camera အတွက်ကိုတော့ Aperture f/2.2 ရှိတဲ့ 8Megapixels Camera ကို တပ်ဆင်ထားပါတယ်။ Max Pro ရဲ့ ကင်မရာက Auto Focus နဲ့ Portrait Mode တွေမှာ အားနည်းပေမယ့် Normal Shot နဲ့ Low Light photography အပိုင်းမှာတော့ မဆိုးဘူးလို့ ပြောရမှာပါ။ ရုပ်ထွက်တွေက Color Accuracy အပိုင်းမှာ ပြောစရာ မလိုအောင် ကောင်းမွန်နေပြီး Over Saturation ဖြစ်နေတာမျိူး မရှိပါဘူး။ ဗီဒီယိုအပိုင်းမှာလည်း 4K Ultra HD Video တွေကို 30fps နဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

ASUS ZenFone Max Pro (M1) ဟာ အလေးချိန်အားဖြင့် 180 Grams လေးပြီးတော့ Triple SIM slot ပါဝင်တဲ့ စမတ်ဖုန်း တစ်လုံး ဖြစ်ပါတယ်။ ဒီတော့ SIM Card ၂ကဒ်အပြင် MicroSD ပါ တစ်ခါတည်းတွဲပြီး သုံးနိုင်မှာပါ။ Max Pro ရဲ့ RAM 3GB/ROM 32GB မော်ဒယ်ကို မြန်မာနိုင်ငံ ဈေးကွက်ထဲမှာ လက်ရှိ ရောင်းချနေတဲ့ ဈေးနှုန်းကတော့ ၂၃၉,၀၀၀ ကျပ်ဖြစ်ပါတယ်။ RAM 4GB/ ROM 64GB မော်ဒယ်ကို ၂၉၉,၀၀၀ ကျပ်နဲ့ ရောင်းချနေပြီး RAM 6GB/ ROM 64GB မော်ဒယ်ကိုတော့ ၃၃၉,၀၀၀ ကျပ်နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။ Max Pro နဲ့ ပတ်သတ်ပြီး ကျွန်တော့ အမြင်ကို ပြောရမယ်ဆိုရင် Max Pro က Performace အပိုင်းကိုဘဲ ဦးစားပေးထားတဲ့ Budget Gaming Smartphone လို့ မြင်မိပါတယ်။ ဒီတော့ ကင်မရာ အရမ်းကြီး မကောင်းလည်း ရတယ်၊ ဂိမ်းတွေဆော့မယ်၊ ဗီဒီယို ကြည့်မယ်၊ Facebook သုံးမယ် ဆိုသူများအတွက် ASUS ZenFone Max Pro (M1) ဟာ အသင့်တော်ဆုံး စမတ်ဖုန်းတစ်လုံး ဖြစ်လာနိုင်ပါတယ်။