[Zawgyi]
Ref: GizmoChina
[Unicode]
Asus ကတော့ Budget သမားတွေအတွက် Gaming ပိုင်းမှာရွေးချယ်စရာတစ်ခုအနေနဲ့ Zenfone Max Pro M1 ကိုထုတ်ခဲ့ပြီးသားပါ။ အခုတစ်ခေါက်မှာတော့ သူ့ရဲ့ ဒုတိယမျိုးဆက်ဖြစ်တဲ့ Zenfone Max Pro M2 ကို လာမယ့် ဒီဇင်ဘာ ၁၁ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံမှာ မိတ်ဆက်လာတော့မှာ ဖြစ်ပါတယ်။
ဒါပေမယ့် မိတ်မဆက်ခင်မှာပဲ YouTube မှာ ဖုန်းရဲ့ ဒီဇိုင်းကိုပြထားတဲ့  ဗီဒီယိုတစ်ခုတက်လာပြီး အခုတော့ ဖျက်ချပစ်ခဲ့ပြီး ဖြစ်ပါတယ်။ ဗီဒီယိုလိုက်ကြီးကို ဖျက်ချခဲ့ပေမယ့် ဝဘ်ဆိုဒ်ပေါင်းမြောက်များစွာက လက်မြန်စွာ သိမ်းထားခဲ့တဲ့ ပုံတွေကတော့ ပျံ့နှံ့နေဆဲပါပဲ။
ပုံပါအတိုင်းဆို ZenFone Max Pro M2 မှာ ထိပ်ဖက်မှာ Notch လေးနဲ့ Aspecst Ratio ကလည်း 19:9 နဲ့ဆိုတော့ တော်တော်ကျယ်သွားပါတယ်။ အောက်ဖက် Chin ကလည်း နည်းနည်းတော့ ထူနေပါသေးတယ်။
Screen Size 6.26″LCD Display FullHD+ Resolution နဲ့လာပြီး ဖုန်းရဲ့ ရှေ့ဘက်ရောနောက်ဘက်ရောကို Gorillas Glass နဲ့ဖုံးအုပ်ထားမယ်လို့သိရပါတယ်။ တစ်ချို့ဆိုဒ်တွေကတော့ တစ်ပိုင်းတစ်စမြင်ရတဲ့ Teaser ကနေတစ်ဆင့် ကျောဘက်ကင်မရာ ၃လုံးဖြစ်မယ်လို့ ခန့်မှန်းကြပေမယ့်  ရှေ့ဘက် 13MP ကင်မရာ နဲ့နောက်ကျောဘက် 12MP Sony IMX486 Sensor (F/1.8) + 5MP Depth Sensor နဲ့ဖြစ်ဖို့များပါတယ်။
Fingerprint Scanner ကိုတော့ နောက်ကောျဘက်မှာထားထားပြီးတော့ Battery 5000mAh နဲ့လာမယ်လို့ သတင်းထွက်ထားပါတယ်။ အားအမြန်သွင်းစနစ်ပါမပါကလည်း မသိရသေးပါဘူး။ Android ကတော့ M1 တွေတုန်းကလို Stock Android နဲ့ပဲ လာဖို့များပါတယ်။
သုံးထားမယ့် Chipset က Snapdragon 660 ဖြစ်ပြီး RAM 4GB, Storage 64GB နဲ့လာမှာဖြစ်ပါတယ်။ ဈေးနှုန်းနဲ့ပတ်သတ်လို့ကတော့ ဘာသတင်းတစ်ခုမှ မကြားရသေးပါဘူး။
Ref: GizmoChina