Unicode

AMD ကနေ လက်ရှိကျင်းပနေတဲ့ CES 2020 Event မှာ Laptop တွေအတွက် Ryzen 4000 Series Processor အသစ်တွေကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Ryzen 4000 Series Processor တွေကို အသုံးပြုထားတဲ့ Laptop တွေအများအပြားကို ပြသခဲ့ပေမယ့် အဲ့ဒီထဲမှာ ASUS Zephyrus G 14 Laptop က အထူးခြားဆုံးဖြစ်နေတယ်လို့ ပြောလို့ရပါတယ်။

ဒါကလည်း ASUS Zephyrus G 14 Laptop ဟာ 14″ Display Size ပဲရှိတဲ့အတွက် ဒီ 14″ Gaming Laptop တွေထဲမှာ စွမ်းဆောင်ရည်အကောင်းဆုံးလို့ တောင်ပြောလို့ရနေပါတယ်။ Processor ပိုင်းအနေနဲ့ဆိုရင် AMD ရဲ့ 45W Ryzen 4800HS အထိရွေးချယ်နိုင်ပြီး Graphic အနေနဲ့လည်း Nvidia RTX 2060 အထိ ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။ RAM အနေနဲ့ 32GB RAM အထိ ထည့်သွင်းနိုင်သလို Storage ကလည်း 1TB SSD အထိ ပါဝင်နေဦးမှာပါ။

Display ပိုင်းအနေနဲ့လည်း ပုံမှန် 14″ Gaming Laptop တွေမှာ ပါဝင်ခြင်းမရှိတဲ့ Full HD 120Hz Panel သို့မဟုတ် QHD 60Hz Panel ဆိုပြီး ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။ Backlit Keyboard အပြင် Fingerprint Sensor ကိုပါ Power Button မှာထည့်သွင်းထားတာဖြစ်ပါတယ်။

Battery ပိုင်းမှာလည်း 180W Power Adapter အပြင် 65W USB-C Charging ကိုပါ Support လုပ်ဦးမှာပါ။ AMD ရဲ့ ပြောကြားချက်အရတော့ 7nm Ryzen 4000 Series Processor ကြောင့် Battery Life အနေနဲ့ ၁၀ နာရီကျော် အသုံးပြုနိုင်မယ်လို့လည်း သိရပါတယ်။ အလေးချိန်အနေနဲ့ 1.6Kg ပဲရှိတဲ့အတွက် Ultrabook တစ်ခုနီးနီး ပေါ့ပါးနေတာလည်းဖြစ်ပါတယ်။

နောက်ထပ်ထူးခြားချက်အနေနဲ့ကတော့ ASUS ကနေ ဒီ Zephyrus G 14 ရဲ့ Back Lid မှာ Mini LED ပေါင်း ၁,၂၁၅ လုံးကို ထည့်သွင်းထားပြီးတော့ GIF File တွေ၊ Music Visualizers ၊ အချိန်နဲ့ စိတ်ကြိုက်စာတန်းတွေကို ပြသနိုင်တဲ့ AniMe Matrix Display ကို ထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။ ဒါက Gaming Laptop တွေထဲမှာ ထူးခြားချက်တစ်ခုဖြစ်နေတယ်လို့ ပြောရမှာပါ။

ASUS ကတော့ အခု Zephyrus G 14 Gaming Laptop ကို လာမယ့် ၂၀၂၀ ပထမ ၃ လပတ်အတွင်းမှာ ရောင်းချသွားမယ်လို့ ကြေညာထားပြီးတော့ စျေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၁,၅၀၀ ဝန်းကျင်ကနေ စတင်ဖို့များနေပါတယ်။

Ref – The Verge

Zawgyi

 

 

 

 

 

AMD ကေန လက္ရွိက်င္းပေနတဲ့ CES 2020 Event မွာ Laptop ေတြအတြက္ Ryzen 4000 Series Processor အသစ္ေတြကို မိတ္ဆက္ခဲ့ပါတယ္။ အဆိုပါ Ryzen 4000 Series Processor ေတြကို အသုံးျပဳထားတဲ့ Laptop ေတြအမ်ားအျပားကို ျပသခဲ့ေပမယ့္ အဲ့ဒီထဲမွာ ASUS Zephyrus G 14 Laptop က အထူးျခားဆုံးျဖစ္ေနတယ္လို႔ ေျပာလို႔ရပါတယ္။

ဒါကလည္း ASUS Zephyrus G 14 Laptop ဟာ 14″ Display Size ပဲရွိတဲ့အတြက္ ဒီ 14″ Gaming Laptop ေတြထဲမွာ စြမ္းေဆာင္ရည္အေကာင္းဆုံးလို႔ ေတာင္ေျပာလို႔ရေနပါတယ္။ Processor ပိုင္းအေနနဲ႔ဆိုရင္ AMD ရဲ႕ 45W Ryzen 4800HS အထိေ႐ြးခ်ယ္ႏိုင္ၿပီး Graphic အေနနဲ႔လည္း Nvidia RTX 2060 အထိ ေ႐ြးခ်ယ္ႏိုင္မယ္လို႔ သိရပါတယ္။ RAM အေနနဲ႔ 32GB RAM အထိ ထည့္သြင္းႏိုင္သလို Storage ကလည္း 1TB SSD အထိ ပါဝင္ေနဦးမွာပါ။

Display ပိုင္းအေနနဲ႔လည္း ပုံမွန္ 14″ Gaming Laptop ေတြမွာ ပါဝင္ျခင္းမရွိတဲ့ Full HD 120Hz Panel သို႔မဟုတ္ QHD 60Hz Panel ဆိုၿပီး ေ႐ြးခ်ယ္ႏိုင္မယ္လို႔ သိရပါတယ္။ Backlit Keyboard အျပင္ Fingerprint Sensor ကိုပါ Power Button မွာထည့္သြင္းထားတာျဖစ္ပါတယ္။

Battery ပိုင္းမွာလည္း 180W Power Adapter အျပင္ 65W USB-C Charging ကိုပါ Support လုပ္ဦးမွာပါ။ AMD ရဲ႕ ေျပာၾကားခ်က္အရေတာ့ 7nm Ryzen 4000 Series Processor ေၾကာင့္ Battery Life အေနနဲ႔ ၁၀ နာရီေက်ာ္ အသုံးျပဳႏိုင္မယ္လို႔လည္း သိရပါတယ္။ အေလးခ်ိန္အေနနဲ႔ 1.6Kg ပဲရွိတဲ့အတြက္ Ultrabook တစ္ခုနီးနီး ေပါ့ပါးေနတာလည္းျဖစ္ပါတယ္။

ေနာက္ထပ္ထူးျခားခ်က္အေနနဲ႔ကေတာ့ ASUS ကေန ဒီ Zephyrus G 14 ရဲ႕ Back Lid မွာ Mini LED ေပါင္း ၁,၂၁၅ လုံးကို ထည့္သြင္းထားၿပီးေတာ့ GIF File ေတြ၊ Music Visualizers ၊ အခ်ိန္နဲ႔ စိတ္ႀကိဳက္စာတန္းေတြကို ျပသႏိုင္တဲ့ AniMe Matrix Display ကို ထည့္သြင္းထားခဲ့တာျဖစ္ပါတယ္။ ဒါက Gaming Laptop ေတြထဲမွာ ထူးျခားခ်က္တစ္ခုျဖစ္ေနတယ္လို႔ ေျပာရမွာပါ။

ASUS ကေတာ့ အခု Zephyrus G 14 Gaming Laptop ကို လာမယ့္ ၂၀၂၀ ပထမ ၃ လပတ္အတြင္းမွာ ေရာင္းခ်သြားမယ္လို႔ ေၾကညာထားၿပီးေတာ့ ေစ်းႏႈန္းအေနနဲ႔ကေတာ့ ေဒၚလာ ၁,၅၀၀ ဝန္းက်င္ကေန စတင္ဖို႔မ်ားေနပါတယ္။

Ref – The Verge