Zawgyi

ASUS ကနေ ပြီးခဲ့တဲ့နှစ်ပိုင်းတုန်းက Zephyrus Series နာမည်နဲ့ အကောင်းဆုံး Performance ကို အလှပဆုံးဒီဇိုင်းနဲ့ မိတ်ဆက်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အရင်တုန်းက ASUS Zephyrus Series Laptop တွေက မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့ခြင်းမရှိပါဘူး။

ဒါပေမယ့် အခုအချိန်မှာတော့ ASUS ကနေ မြန်မာနိုင်ငံဈေးကွက်အတွက် Zephyrus Series Laptop တွေကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီထဲကမှာ Highend Thin & Light Gaming Laptop တစ်ခုဖြစ်တဲ့ ASUS Zephyrus S Series Laptop တွေလည်းပါဝင်လာခဲ့ပါတယ်။

အခုပြောပြပေးသွားမှာကတော့ Gaming Desktop တစ်ခုနီးပါး စွမ်းဆောင်ရည်ကောင်းပြီးတော့ Ultrabook တစ်ခုနီးပါး ပါးလွှာတဲ့ ASUS Zephryus S GX701 Gaming Laptop ပဲဖြစ်ပါတယ်။ ဒီ Gaming Laptop ကို ခဏစမ်းသပ်ကြည့်ပြီးတဲ့အချိန်မှာ တကယ်ကိုစွဲမက်ဖို့ကောင်းနေတာပါ။

ဒီ Zephyrus S GX701 ကို ကြည့်လိုက်တာနဲ့ CNC Aluminum Body နဲ့ Gold Accent Color တွေက တကယ့်အကောင်းစား Premium Laptop တစ်ခုဆိုတာကို တန်းသိနိုင်နေတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ အထူကလည်း 18.7mm ပဲရှိနေတဲ့အတွက် တကယ့် Ultrabook တစ်ခုလောက်ပဲရှိနေတာပါ။ ဒါကြောင့် ဒီ Zephyrus S GX701 က စွမ်းဆောင်ရည်ပိုင်းမှာ အားနည်းတယ်လို့ ယူဆနိုင်ပေမယ့် ဒါကလုံးဝပြောင်းပြန်ပါ။

Specs တွေအရပြောမယ်ဆိုရင် ASUS Zephrus S GX701 က Intel ရဲ့ နောက်ဆုံးထွက် Core i7 – 9750H Processor ၊ RAM 32GB DDR4 ၊ PCI-E HyperDrive SSD 1TB နဲ့ Nvidia RTX 2070 8GB VDDR6 Graphic Card တွေပါဝင်တဲ့ Laptop တစ်ခုပါ။ အဲ့ဒီအတွက် ကျိန်းသေပြောနိုင်တာက လက်ရှိ Gaming Desktop တွေကိုတောင် မှီတဲ့စွမ်းဆောင်ရည်တစ်ခုရှိနေတာပဲဖြစ်ပါတယ်။

အခု ASUS Zephyrus S GX701 နဲ့ Game တွေကို ဆော့ကစားကြည့်တဲ့အချိန်မှာလည်း မတရားကောင်းတဲ့ Performance ကို ရရှိပြီးတော့ လက်ရှိထွက်ထားသမျှ Game တွေအကုန်လုံးကို Highest Setting မှာ ကစားလို့ရနေတာဖြစ်ပါတယ်။ နောက်ပြီး Game မဆော့ဘဲ အလုပ်လုပ်မယ်ဆိုရင်လည်း Nvidia RTX 2070 Graphic Card ကို ဖြုတ်ထားပြီး Intel HD Graphic Card နဲ့ပဲ အလုပ်လုပ်နိုင်တဲ့ Optimus Mode လည်းပါဝင်နေပါသေးတယ်။ အဲ့ဒီအတွက် Game မဆော့ဘဲ Battery Power နဲ့ပဲ အလုပ်လုပ်ဖို့ အကြောင်းကိစ္စရှိလာတယ်ဆိုရင်လည်း အဆင်ပြေဦးမှာပါ။

ဒါပေမယ့် စွမ်းဆောင်ရည်ပိုင်းတစ်ခုထဲကပဲ ဒီ ASUS Zephyrus S GX701 ရဲ့ အကောင်းဆုံးအချက်မဟုတ်သေးပါဘူး။ Display ကလည်း ဒီ ASUS Zephyrus S GX701 ကို သဘောကျဖို့ကောင်းလောက်အောင် စွဲဆောင်နိုင်တဲ့အချက်တစ်ခုဖြစ်နေပါတယ်။

ဘာကြောင့်လဲဆိုရင် 17.3″ ရှိတဲ့ Full HD IPS Display ကိုမှ 144Hz Refresh Rate အထိ Support ပေးနိုင်သလို Response Time ကလည်း 3ms ပဲရှိပါတယ်။ ဒါ့အပြင် Gamer တွေအတွက် အရမ်းသဘောကျဖို့ကောင်းတဲ့ G-Sync ကိုလည်း Support ပြုလုပ်နေပါသေးတယ်။ နောက်ပြီး Color Accurate ဖြစ်ဖို့လိုအပ်တဲ့ Video Editing တွေ၊ Photo Editing တွေအတွက်လည်း 100% sRGB Calibrated ဖြစ်တဲ့အပြင် Pantone Certified Display တစ်ခုလည်းဖြစ်ပါတယ်။ အဲ့ဒီအတွက် Display ပိုင်းမှာကတော့ ဒီ Zephyrus S GX701 က ဘယ်လိုသုံးသုံးအကောင်းဆုံးဖြစ်နေတယ်လို့တောင် ပြောနိုင်ပါတယ်။

Display ပိုင်းမှာ ASUS ရဲ့ NanoEdge နည်းပညာကြောင့် ဘေးဘောင်တွေရဲ့ အထူက 6.9mm ပဲရှိသလို Screen-to-Body Ratio ကလည်း 81% အထိရှိနေတာဖြစ်ပါတယ်။ အခုလို ဘေးဘောင်တွေက သေးငယ်နေတာကြောင့် Webcam ကို သီးသန့် ထည့်သွင်းပေးထားပါတယ်။

နောက်ထပ် ဒီ Display လိုမျိုး စွဲမက်ဖို့ကောင်းတဲ့အချက်တစ်ခုရှိနေပါသေးတယ်။ ဒါကတော့ ASUS Zephyrus S Series Laptop တွေမှာပဲ သီးသန့်ရရှိနိုင်တဲ့ Active Aerodynamic Cooling System ဒါမှမဟုတ် AAS နည်းပညာပါ။ ဒီ AAS နည်းပညာက ဘယ်လိုအလုပ်လုပ်သလဲဆိုရင် CPU နဲ့ GPU ကို Keyboard အပေါ်မှာပြောင်းထားထားပြီး 12V Fans တွေက တိုက်ရိုက် Cooling ပေးတာဖြစ်ပါတယ်။ ဒါ့အပြင် Laptop ရဲ့ အနောက်ဖက် Chassis ကလည်း Laptop Display ကို ဖွင့်လိုက်တာနဲ့ Cooling အတွက် Exhaust အဖြစ် ဖွင့်ထားပေးမှာပါ။ ဒါက အရမ်းကို ထိရောက်သလို မြင်လိုက်တာနဲ့ ASUS Zephyrus S Laptop ကို ခွဲခြားနိုင်တဲ့အချက်လို့လည်းပြောရမှာပါ။

ဒါ့အပြင် Keyboard ပိုင်းမှာလည်း Game ဆော့တဲ့နေရာပဲဖြစ်ဖြစ် စာရိုက်တဲ့အချိန်ပဲဖြစ်ဖြစ် တော်တော်ကို ရိုက်လို့ကောင်းပြီးတော့ Key တစ်ခုချင်းစီကို ကြိုက်တဲ့အရောင် ပြောင်းလဲနိုင်တဲ့ Per-Key RGB Lighting ကိုပါ Support ပြုလုပ်နေတာဖြစ်ပါတယ်။ Touchpad ကိုတော့ Keyboard ရဲ့ ညာဘက်မှာထည့်သွင်းထားပြီး Key တစ်ချက်နှိပ်တာနဲ့ Digital Numpad အဖြစ်လည်းပြောင်းလဲနိုင်ပါသေးတယ်။ ပြီးတော့ Volume အတိုးအလျော့အတွက်လည်း သီးသန့် Volume Wheel ကို ထည့်ပေးထားတာက လုံးဝတခြား Gaming Laptop တွေနဲ့ ယှဉ်ရင် ထူးခြားနေပြန်ပါတယ်။

အခုလိုမျိုး Zephyrus S GX701 က Speakers ပိုင်းမှာလည်း Gaming Laptop တစ်ခုအနေနဲ့ တော်တော်ကောင်းနေပြန်ပြီးတော့ Hi-Res Audio ၊ Smart AMP တွေကိုပါ ထောက်ပံ့ပေးနိုင်ပါတယ်။

Ports & Connectivity အရလည်း အားနည်းချက်မရှိဘဲ USB 3.0 ၃ ပေါက်၊ USB-C ၂ ပေါက်၊ HDMI ၊ 3.5mm Audio Jack တွေအကုန်ပါဝင်နေပြန်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ USB-C ကနေလည်း အားပြန်သွင်းနိုင်တော့ USB-C Powerbank တွေနဲ့ပါ ဒီ Gaming Laptop ကြီးကို အားသွင်းပေးလို့ရပါသေးတယ်။

အခု ASUS ကနေ မိတ်ဆက်ပေးလိုက်တဲ့ Zephyrus S GX701 Gaming Laptop က လုံးဝ Slim & Light Gaming Laptop တစ်ခုဖြစ်နေပေမယ့် အဘက်ဘက်ကကြည့်ရင် အားနည်းချက်ရှာမရတဲ့ Gaming Laptop တစ်ခုလို့တောင် ပြောလို့ရနေပါတယ်။ ဒါပေမယ့် အားနည်းချက်ရှားပါးပြီး အရမ်းကောင်းနေသလိုပဲ ဈေးနှုန်းကလည်း $2,999 နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဈေးနှုန်းကိုမကြည့်ဘဲ စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်ရမယ်၊ Slim & Light လည်းဖြစ်ရမယ်ဆိုတဲ့ Gaming Laptop တစ်ခုကိုရှာနေတယ်ဆိုရင်တော့ ဒီ ASUS Zephyrus S က နောင်တရစရာမရှိတဲ့ ရွေးချယ်မှုတစ်ခုလို့တောင် ပြောလို့ရပါတယ်။