[Zawgyi]

AT&T ဟာ Samsung Galaxy Fold ႀကိဳတင္မွာယူမႈကို ပယ္ဖ်က္ခဲ့တဲ့ လက္လီအေရာင္းကိုယ္စားလွယ္ႀကီးေတြထဲ ပါဝင္လာၿပီျဖစ္ပါတယ္။ Tom’s Guide ကေန ကနဦးထြက္ေပၚလာတဲ့ သတင္းအရေတာ့ AT&T ဟာ Samsung ရဲ႕ Foldable စမတ္ဖုန္း ႀကိဳတင္မွာယူထားသူဆီကို ႀကိဳတင္မွာယူမႈ ပ်က္ျပယ္ေၾကာင္း အီးေမးလ္ေပးပို႔ခဲ့တယ္လို႔ သိရပါတယ္။

အီးေမးလ္မွာ ေဖာ္ျပထားတာကေတာ့ Galaxy Fold ႀကိဳတင္မွာယူမႈကို ပယ္ဖ်က္လိုက္ၿပီျဖစ္ေၾကာင္း၊ အေၾကာင္းရင္းက၊ Samsung ဟာ ကံမေကာင္းစြာနဲ႔ Galaxy Fold ျဖန႔္ခ်ိမႈ ေႏွာင့္ေႏွးခဲ့ျခင္းေၾကာင့္ျဖစ္ေၾကာင္း၊ ဒါေၾကာင့္ AT&T အေနနဲ႔ ႀကိဳတင္မွာယူမႈေတြကို အခ်ိန္မီေပးပို႔ႏိုင္ျခင္းမရွိေတာ့ေၾကာင္း ေရးသားအသိေပးထားတာကို ေတြ႕ျမင္ရပါတယ္။

ဒါ့အျပင္ AT&T ဟာ ဝယ္ယူသူရဲ႕ ႀကိဳတင္မွာယူမႈကို ပယ္ဖ်က္ခဲ့ရတဲ့အတြက္ ေဒၚလာ ၁၀၀ တန္ ပ႐ိုမိုးရွင္းကတ္ကို ေပးအပ္သြားမွာ ျဖစ္ေၾကာင္း၊ ဒီပ႐ိုမိုးရွင္းကတ္ကို လာမယ့္ ရက္ေပါင္း ၆၀ အတြင္းမွာ လက္ခံရရွိႏိုင္ေၾကာင္းလည္း ထည့္သြင္းေရးသားထားပါတယ္။ အကယ္၍ Samsung က Galaxy Fold ျဖန႔္ခ်ိမယ့္ ရက္ကို ထပ္မံသတ္မွတ္လိုက္ပါက လက္ရွိႀကိဳတင္မွာယူမႈကို ျဖန႔္ခ်ိမယ့္ရက္အသစ္မွာ အစားထိုးႏိုင္ေၾကာင္းလည္း အသိေပး ေၾကညာခဲ့ပါတယ္။

Samsung ဟာ စမ္းသပ္သုံးစြဲခြင့္ေပးခဲ့တဲ့ Galaxy Fold ေတြမွာ Protective Layer ေၾကာင့္ မ်က္ႏွာျပင္ကြဲအက္ထိခိုက္မႈျပႆနာ ႀကဳံေတြ႕ခဲ့ရတဲ့အတြက္ ေဈးကြက္ထဲျဖန႔္ခ်ိမယ့္ရက္ကို ေ႐ႊ႕ဆိုင္းလိုက္ရတာ ျဖစ္ပါတယ္။ Galaxy Fold ေတြကို လာမယ့္ ဇူလိုင္လထဲမွာ ျဖန႔္ခ်ိမယ္လို႔ သတင္းထြက္ထားေပမယ့္လည္း ရက္အတိအက် သတ္မွတ္ထားျခင္း မရွိေသးတာလည္း ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Samsung Galaxy Fold ကြိုတင်မှာယူမှုကို ပယ်ဖျက်ခဲ့တဲ့ AT&T

AT&T ဟာ Samsung Galaxy Fold ကြိုတင်မှာယူမှုကို ပယ်ဖျက်ခဲ့တဲ့ လက်လီအရောင်းကိုယ်စားလှယ်ကြီးတွေထဲ ပါဝင်လာပြီဖြစ်ပါတယ်။ Tom’s Guide ကနေ ကနဦးထွက်ပေါ်လာတဲ့ သတင်းအရတော့ AT&T ဟာ Samsung ရဲ့ Foldable စမတ်ဖုန်း ကြိုတင်မှာယူထားသူဆီကို ကြိုတင်မှာယူမှု ပျက်ပြယ်ကြောင်း အီးမေးလ်ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

အီးမေးလ်မှာ ဖော်ပြထားတာကတော့ Galaxy Fold ကြိုတင်မှာယူမှုကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း၊ အကြောင်းရင်းက၊ Samsung ဟာ ကံမကောင်းစွာနဲ့ Galaxy Fold ဖြန့်ချိမှု နှောင့်နှေးခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ဒါကြောင့် AT&T အနေနဲ့ ကြိုတင်မှာယူမှုတွေကို အချိန်မီပေးပို့နိုင်ခြင်းမရှိတော့ကြောင်း ရေးသားအသိပေးထားတာကို တွေ့မြင်ရပါတယ်။

ဒါ့အပြင် AT&T ဟာ ဝယ်ယူသူရဲ့ ကြိုတင်မှာယူမှုကို ပယ်ဖျက်ခဲ့ရတဲ့အတွက် ဒေါ်လာ ၁၀၀ တန် ပရိုမိုးရှင်းကတ်ကို ပေးအပ်သွားမှာ ဖြစ်ကြောင်း၊ ဒီပရိုမိုးရှင်းကတ်ကို လာမယ့် ရက်ပေါင်း ၆၀ အတွင်းမှာ လက်ခံရရှိနိုင်ကြောင်းလည်း ထည့်သွင်းရေးသားထားပါတယ်။ အကယ်၍ Samsung က Galaxy Fold ဖြန့်ချိမယ့် ရက်ကို ထပ်မံသတ်မှတ်လိုက်ပါက လက်ရှိကြိုတင်မှာယူမှုကို ဖြန့်ချိမယ့်ရက်အသစ်မှာ အစားထိုးနိုင်ကြောင်းလည်း အသိပေး ကြေညာခဲ့ပါတယ်။

Samsung ဟာ စမ်းသပ်သုံးစွဲခွင့်ပေးခဲ့တဲ့ Galaxy Fold တွေမှာ Protective Layer ကြောင့် မျက်နှာပြင်ကွဲအက်ထိခိုက်မှုပြဿနာ ကြုံတွေ့ခဲ့ရတဲ့အတွက် ဈေးကွက်ထဲဖြန့်ချိမယ့်ရက်ကို ရွှေ့ဆိုင်းလိုက်ရတာ ဖြစ်ပါတယ်။ Galaxy Fold တွေကို လာမယ့် ဇူလိုင်လထဲမှာ ဖြန့်ချိမယ်လို့ သတင်းထွက်ထားပေမယ့်လည်း ရက်အတိအကျ သတ်မှတ်ထားခြင်း မရှိသေးတာလည်း ဖြစ်ပါတယ်။

Ref: GSMArena