[Zawgyi]

AT&T ဟာ အေမရိကန္မွာ 5G ကြန္ရက္ကို စတင္ျဖန႔္က်က္ၿပီလို႔ သတင္းေတြ ၾကားခဲ့ၿပီးျဖစ္မွာပါ။ ေမွ်ာ္မွန္းထားၾကတဲ့ အခ်ိန္ေတြထက္ အေတာ္ေလးကို ေစာၿပီးရလာလို႔ အံ့အားသင့္စရာ ျဖစ္စရာပါပဲ။ တကယ္လည္း အသုံးျပဳသူေတြရဲ႕ ဖုန္းမွာ 5G E လို႔ ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ တကယ့္ 5G အစစ္အမွန္ မဟုတ္ပါဘူး။

5G E လို႔ေပၚေနေပမယ့္ 5G အစစ္အမွန္မဟုတ္ဘူးဆိုတဲ့ကိစၥက အေမရိကန္ရဲ႕ သတင္းစာမ်က္ႏွာေတြမွာ အေတာ္ေလး လႈပ္လႈပ္ရွားရွား ျဖစ္သြားၾကပါတယ္။ ရွင္းလင္းခ်က္ကေတာ့ 5G E ဆိုတာဟာ AT&T ရဲ႕ Marketing အသုံးအႏႈန္းသက္သက္ပဲ ျဖစ္ပါတယ္။ ဒီ Carrier ႀကီးက 5G ကြန္ရက္ကို ျဖန႔္က်က္ခဲ့တာေတာ့ အစစ္အမွန္ပါ။

AT&T က ျဖန႔္က်က္လိုက္တဲ့ 5G ကြန္ရက္က သတ္မွတ္ထားတဲ့ ဧရိယာေလး တစ္ခုထဲမွာပဲ ျဖစ္ပါတယ္။ 5G ကြန္ရက္နဲ႔ ခ်ိတ္ဆက္ႏိုင္မယ့္ ဖုန္းေတြကလည္း အကန႔္အသတ္နဲ႔ပဲ ရွိေနေသးတာပါ။ 5G ကြန္ရက္နဲ႔ ခ်ိတ္ဆက္အသုံးျပဳ ႏိုင္တဲ့ ဖုန္းေတြကလည္း ေဈးကြက္ထဲကို မေရာက္ေသးပါဘူး။ ဒါေတြအားလုံးကို လာမယ့္ CES မွာေတာ့ ေၾကညာဖြယ္ရွိပါတယ္။

၂၀၁၉ မွာ က်ယ္ျပန႔္လာမယ့္ ေဈးကြက္သစ္အတြက္ ႀကိဳၿပီး ဉာဏ္ေကာင္းခဲ့တာက AT&T ပါ။ 5G E လို႔ ေျပာလိုက္တာက လွည့္စားတဲ့ အသုံးအႏႈန္းပါပဲ။ အစစ္အမွန္က 4×4 MIMO နဲ႔ 256 QAM 4G ကြန္ရက္ပဲ ျဖစ္ပါတယ္။ ဒါဟာ 4G ေတြၾကားမွာေတာ့ အေကာင္းဆုံးလို႔ ဆိုရမွာပါ။ ဒါေပမယ့္ 5G မဟုတ္ပါဘူး။ 4G ပါပဲ။

ဒါေပမယ့္ AT&T ကေတာ့ 2019 ကို ေရွးရႈၿပီး 5G E လို႔ပဲ သတ္မွတ္ေခၚဆိုတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ Android ဖုန္းနဲ႔ 4G သုံးေပမယ့္လည္း 4G လို႔ ေပၚရမယ့္အစား 5G E လို႔ပဲ ေပၚေနပါလိမ့္မယ္။ ဒါေပမယ့္ AT&T က ဒီလိုမ်ိဳး လွည့္စားတဲ့ အသုံးအႏႈန္းက ပထမဆုံး စသုံးခဲ့တဲ့ Carrier မဟုတ္ဘူးလို႔ သိရပါတယ္။ T-Mobile က 3G HSPA+ ကြန္ရက္ကို 4G အျဖစ္ သုံးႏႈန္းခဲ့ဖူးတာပဲ ျဖစ္ပါတယ္။

Ref: GSMarena

[Unicode]

AT&T ဟာ အမေရိကန်မှာ 5G ကွန်ရက်ကို စတင်ဖြန့်ကျက်ပြီလို့ သတင်းတွေ ကြားခဲ့ပြီးဖြစ်မှာပါ။ မျှော်မှန်းထားကြတဲ့ အချိန်တွေထက် အတော်လေးကို စောပြီးရလာလို့ အံ့အားသင့်စရာ ဖြစ်စရာပါပဲ။ တကယ်လည်း အသုံးပြုသူတွေရဲ့ ဖုန်းမှာ 5G E လို့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ့် 5G အစစ်အမှန် မဟုတ်ပါဘူး။

5G E လို့ပေါ်နေပေမယ့် 5G အစစ်အမှန်မဟုတ်ဘူးဆိုတဲ့ကိစ္စက အမေရိကန်ရဲ့ သတင်းစာမျက်နှာတွေမှာ အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပါတယ်။ ရှင်းလင်းချက်ကတော့ 5G E ဆိုတာဟာ AT&T ရဲ့ Marketing အသုံးအနှုန်းသက်သက်ပဲ ဖြစ်ပါတယ်။ ဒီ Carrier ကြီးက 5G ကွန်ရက်ကို ဖြန့်ကျက်ခဲ့တာတော့ အစစ်အမှန်ပါ။

AT&T က ဖြန့်ကျက်လိုက်တဲ့ 5G ကွန်ရက်က သတ်မှတ်ထားတဲ့ ဧရိယာလေး တစ်ခုထဲမှာပဲ ဖြစ်ပါတယ်။ 5G ကွန်ရက်နဲ့ ချိတ်ဆက်နိုင်မယ့် ဖုန်းတွေကလည်း အကန့်အသတ်နဲ့ပဲ ရှိနေသေးတာပါ။ 5G ကွန်ရက်နဲ့ ချိတ်ဆက်အသုံးပြု နိုင်တဲ့ ဖုန်းတွေကလည်း ဈေးကွက်ထဲကို မရောက်သေးပါဘူး။ ဒါတွေအားလုံးကို လာမယ့် CES မှာတော့ ကြေညာဖွယ်ရှိပါတယ်။

၂၀၁၉ မှာ ကျယ်ပြန့်လာမယ့် ဈေးကွက်သစ်အတွက် ကြိုပြီး ဉာဏ်ကောင်းခဲ့တာက AT&T ပါ။ 5G E လို့ ပြောလိုက်တာက လှည့်စားတဲ့ အသုံးအနှုန်းပါပဲ။ အစစ်အမှန်က 4×4 MIMO နဲ့ 256 QAM 4G ကွန်ရက်ပဲ ဖြစ်ပါတယ်။ ဒါဟာ 4G တွေကြားမှာတော့ အကောင်းဆုံးလို့ ဆိုရမှာပါ။ ဒါပေမယ့် 5G မဟုတ်ပါဘူး။ 4G ပါပဲ။

ဒါပေမယ့် AT&T ကတော့ 2019 ကို ရှေးရှုပြီး 5G E လို့ပဲ သတ်မှတ်ခေါ်ဆိုတယ်လို့ ဆိုပါတယ်။ ဒါကြောင့် Android ဖုန်းနဲ့ 4G သုံးပေမယ့်လည်း 4G လို့ ပေါ်ရမယ့်အစား 5G E လို့ပဲ ပေါ်နေပါလိမ့်မယ်။ ဒါပေမယ့် AT&T က ဒီလိုမျိုး လှည့်စားတဲ့ အသုံးအနှုန်းက ပထမဆုံး စသုံးခဲ့တဲ့ Carrier မဟုတ်ဘူးလို့ သိရပါတယ်။ T-Mobile က 3G HSPA+ ကွန်ရက်ကို 4G အဖြစ် သုံးနှုန်းခဲ့ဖူးတာပဲ ဖြစ်ပါတယ်။

Ref: GSMarena