လျှပ်စစ်ကား ဘက်ထရီတွေ မီးလောင်တဲ့အခါ အန္တရာယ် ရှိပါတယ်။ လောင်စာဆီသုံးကားတွေလောက် မီးလောင်ကျွမ်းမှု မရှိပေမယ့် လျှပ်စစ်ကား ဘက်ထရီတွေလည်း မီးလောင်လေ့ ရှိကြပါတယ်။ တကယ်တော့ လျှပ်စစ်ကား ဘက်ထရီတွေဟာ လောင်စာဆီသုံးကားတွေထက် မီးလောင်ကျွမ်းမှုဟာ ၁၀ ဆအောက် နည်းပါးပါတယ်။ ဒါပေမယ့် လျှပ်စစ်ကား ဘက်ထရီ မီးလောင်တဲ့ အခါ ငြှိမ်းသတ်ရတာ ခက်ခဲပါတယ်။

Audi invents EV battery with fire extinguisher built in - ArenaEV news

Audi က လျှပ်စစ်ကား ဘက်ထရီတွေ မီးလောင်တာကို ကာကွယ်ပေးမယ့် Patent ၂ ခုကို အမေရိကန် Patent ရုံးမှာ မှတ်ပုံတင်ထားပါတယ်။ Audi ရဲ့ နည်းပညာတွေဟာ ရိုးရှင်းပြီး ဖန်တီးရ လွယ်ကူတာကို တွေ့ရပါတယ်။

ပထမ Patent က ဘက်ထရီ ထိန်းချုပ် စနစ် အသစ် ဖြစ်ပါတယ်။ ဒီနည်းလမ်းက ဘက်ထရီ ဆဲလ်တွေမှာ ဆန်ဆာတွေ တပ်ဆင်ထားပြီး ဆဲလ် တစ်ခုချင်းစီကို အချိန်ပြည့် စောင့်ကြည့်နေပါတယ်။ အပူချိန်ဟာ သာမာန်ထက် ကျော်လွန်လာရင် ဆဲလ်တွေကို ပိတ်ပေးနိုင်ပြီး ဘက်ထရီ တစ်ခုလုံးကနေ ဖြတ်တောက်ပေးပါတယ်။ အဲဒီအတွက် အပူချိန်လွန်ကဲကာ မီးလောင်တာ မဖြစ်နိုင်တော့ပါဘူး။

ဒုတိယ Patent က ဆဲလ်တွေကို ပိတ်လို့ မဖြစ်နိုင်ဘဲ အပူချိန်လွန်ကဲလာရင် ဖြေရှင်းနိုင်မယ့် နည်းလမ်း ဖြစ်ပါတယ်။ ထိန်းချုပ် စနစ်က ဆဲလ်တွေရဲ့ အပူချိန် လွန်ကဲလာတာကို အာရုံခံမိရင် ဘက်ထရီကို မီးသတ်တဲ့ ပေါင်ဒါတွေနဲ့ ပက်ဖြန်းပေးမှာ ဖြစ်တဲ့အတွက် မီးမလောင်ကျွမ်းနိုင်တော့ပါဘူး။ နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ နည်းလမ်းက မီးသတ်သမားတွေအတွက် မီးသတ် ပေါင်ဒါတွေ ထည့်သွင်းနိုင်မယ့် လမ်းကြောင်း တစ်ခုကို ဖန်တီးပေးထားတာ ဖြစ်ပါတယ်။

လျှပ်စစ်ကားတွေရဲ့ ဘက်ထရီတွေ မီးလောင်ကျွမ်းတဲ့ သတင်းတွေအရင်က ကြားသိခဲ့ရဖူးပါတယ်။ ဒါပေမယ့် အနာဂတ်မှာတော့ လျှပ်စစ်ကား ဘက်ထရီတွေ မီးမလောင်ကျွမ်းနိုင်တဲ့ နည်းပညာတွေကို ထည့်သွင်းလာကြတော့မှာပါ။

Ref : arenaev