Zawgyi Version

The Audi e-tron prototype in Copenhagen

နာမည္​ႀကီး German ကား Company ႀကီးျဖစ္​တဲ့ Audi ဟာ စက္​တင္​ဘာ (၄) ရက္​ေန႔ကစၿပီး လွ်ပ္​စစ္​သီးသန္​႔အသံုးျပဳ SUV ကားေတြထုတ္​လုပ္​ေနၿပီျဖစ္​တယ္​လို႔သိရပါတယ္​။ Audi ဟာ အဆိုပါ လွ်ပ္စစ္ကားေတြရဲ႕ Concept Design ကို Franfurt မွာက်င္းပခဲ့တဲ့ ႏိုင္ငံတကာ ေမာ္ေတာ္ယာဥ္ျပပြဲမွာ ျပသခဲ့ျပီး သံုးႏွစ္အၾကာမွာေတာ့ ေစ်းကြက္ထဲတင္ပို႔ေရာင္းခ်ဖို႔အတြက္ စတင္ထုတ္လုပ္ေနပါျပီ။

ေစ်းကြက္ထဲေရာင္းခ်မယ့္ Audio e-tron Quattro လို႔ေခၚတဲ့ အဆိုပါ SUV ရဲ႕ Design ပံုစံအတိအက်ကိုေတာ့ စက္တင္ဘာ (၁၇) ရက္မတိုင္ခင္ ထုတ္ျပမွာမဟုတ္ဘူးလို႔ Audi က San Fransisco မွာက်င္းပခဲ့တဲ့ ပြဲတစ္ပြဲမွာ ေျပာၾကားခဲ့ပါတယ္။

Volkswagen Group ကပိုင္တဲ့ Audio ဟာ အဆိုပါ e-tron Quattro ကိုထုတ္လုပ္ဖို႔အတြက္ ႏွစ္ေပါင္းမ်ားစြာ ၾကိဳးစားေနခဲ့တာျဖစ္ျပီး အခုမွာေတာ့ ေစ်းကြက္ထဲေရာင္းခ်ဖို႔အတြက္ အစုလိုက္အျပံဳလိုက္ထုတ္လုပ္ေနျပီး ကားအသစ္ရဲ႕ ေစ်းႏွုန္းေတြ၊ အတြင္​းပိုင္​း ဒီဇိုင္​းနဲ႔ပတ္​သက္​တဲ့ Update သတင္းေတြနဲ႔ ေၾကာ္ညာေတြကိုေတာင္ ေမာ္ေတာ္ကား Crazy ေတြအတြက္ ထုတ္လႊင့္ေနပါျပီ။

အဆိုပါ လွ်ပ္​စစ္​ကားေတြကို Brussels မွာရွိတဲ့ Audi ပိုင္​ စက္​ရံုတစ္​ခုမွာထုတ္​လုပ္​ေနၿပီး အဆိုပါ စက္​ရံုကို ကားအသစ္​ထုတ္​လုပ္​ဖို႔အတြက္​ ရည္​႐ြယ္​ၿပီး ၂၀၁၆ ထဲက စတင္​တည္​ေဆာက္​ခဲ့တာပါ။ Brussels စက္​ရုံဟာ Vulkswagen Group ရဲ႕ လွ်ပ္​စစ္​ကားေတြထုတ္​လုပ္​ဖို႔ အဓိက စက္​ရံုတစ္​ခုျဖစ္​လာပါတယ္​။

အဆိုပါစက္​ရံုကို ျပင္​ဆင္မႈေတြထပ္​လုပ္​ခဲ့ၿပီး စက္​ရံုရဲ႕ ကားကိုယ္​ထည္​ထုတ္​လုပ္​တဲ့ အပိုင္​းေတြ၊ ေဆးမႈတ္​တဲ့ အပိုင္​းေတြကို အဓိက ျပင္​င္​ထားတယ္​လို႔သိရပါတယ္​။ ကားအသစ္​မွာအသံုးျပဳမယ္​့ ဘက္ထရီ ေတြကိုေတာင္​ ကိုယ္​တိုင္​ထုတ္​လုပ္​မွာျဖစ္​ပါတယ္​။

အဆိုပါ ငါးေယာက္​စီး လွ်ပ္​စစ္​ SUV မွာ (၁၅၀) ကီလို၀ပ္​နဲ႔အထက္​ အျမန္​ႏွုန္းနဲ႔ အားသြင္းႏိုင္တဲ့ စနစ္ပါဝင္ျပီး (၉၅) ကီလိုဝပ္ ဘက္ထရီပါဝင္ဝင္ျပီး မိုင္ (၂၅၀) နီးနီးေမာင္းႏွင္ႏိုင္မယ္လို႔သိရပါတယ္။ Audi ဟာ (၂၀၂၅) ခုႏွစ္မတိုင္ခင္မွာ လွ်ပ္စစ္နဲ႔ Hybrid ကား အမ်ိဴးအစား ၂၀ေက်ာ္ကို မိတ္ဆက္သြားမယ္လို႔သိရပါတယ္။

Unicode Version

The Audi e-tron prototype in Copenhagen

နာမည်ကြီး German ကား Company ကြီးဖြစ်တဲ့ Audi ဟာ စက်တင်ဘာ (၄) ရက်နေ့ကစပြီး လျှပ်စစ်သီးသန့်အသုံးပြု SUV ကားတွေထုတ်လုပ်နေပြီဖြစ်တယ်လို့သိရပါတယ်။ Audi ဟာ အဆိုပါ လျှပ်စစ်ကားတွေရဲ့ Concept Design ကို Franfurt မှာကျင်းပခဲ့တဲ့ နိုင်ငံတကာ မော်တော်ယာဉ်ပြပွဲမှာ ပြသခဲ့ပြီး သုံးနှစ်အကြာမှာတော့ ဈေးကွက်ထဲတင်ပို့ရောင်းချဖို့အတွက် စတင်ထုတ်လုပ်နေပါပြီ။

ဈေးကွက်ထဲရောင်းချမယ့် Audio e-tron Quattro လို့ခေါ်တဲ့ အဆိုပါ SUV ရဲ့ Design ပုံစံအတိအကျကိုတော့ စက်တင်ဘာ (၁၇) ရက်မတိုင်ခင် ထုတ်ပြမှာမဟုတ်ဘူးလို့ Audi က San Fransisco မှာကျင်းပခဲ့တဲ့ ပွဲတစ်ပွဲမှာ ပြောကြားခဲ့ပါတယ်။

Volkswagen Group ကပိုင်တဲ့ Audio ဟာ အဆိုပါ e-tron Quattro ကိုထုတ်လုပ်ဖို့အတွက် နှစ်ပေါင်းများစွာ ကြိုးစားနေခဲ့တာဖြစ်ပြီး အခုမှာတော့ ဈေးကွက်ထဲရောင်းချဖို့အတွက် အစုလိုက်အပြုံလိုက်ထုတ်လုပ်နေပြီး ကားအသစ်ရဲ့ ဈေးနှုန်းတွေ၊ အတွင်းပိုင်း ဒီဇိုင်းနဲ့ပတ်သက်တဲ့ Update သတင်းတွေနဲ့ ကြော်ညာတွေကိုတောင် မော်တော်ကား Crazy တွေအတွက် ထုတ်လွှင့်နေပါပြီ။

အဆိုပါ လျှပ်စစ်ကားတွေကို Brussels မှာရှိတဲ့ Audi ပိုင် စက်ရုံတစ်ခုမှာထုတ်လုပ်နေပြီး အဆိုပါ စက်ရုံကို ကားအသစ်ထုတ်လုပ်ဖို့အတွက် ရည်ရွယ်ပြီး ၂၀၁၆ ထဲက စတင်တည်ဆောက်ခဲ့တာပါ။ Brussels စက်ရုံဟာ Vulkswagen Group ရဲ့ လျှပ်စစ်ကားတွေထုတ်လုပ်ဖို့ အဓိက စက်ရုံတစ်ခုဖြစ်လာပါတယ်။

အဆိုပါစက်ရုံကို ပြင်ဆင်မှုတွေထပ်လုပ်ခဲ့ပြီး စက်ရုံရဲ့ ကားကိုယ်ထည်ထုတ်လုပ်တဲ့ အပိုင်းတွေ၊ ဆေးမှုတ်တဲ့ အပိုင်းတွေကို အဓိက ပြင်င်ထားတယ်လို့သိရပါတယ်။ ကားအသစ်မှာအသုံးပြုမယ့် ဘက်ထရီ တွေကိုတောင် ကိုယ်တိုင်ထုတ်လုပ်မှာဖြစ်ပါတယ်။

အဆိုပါ ငါးယောက်စီး လျှပ်စစ် SUV မှာ (၁၅၀) ကီလိုဝပ်နဲ့အထက် အမြန်နှုန်းနဲ့ အားသွင်းနိုင်တဲ့ စနစ်ပါဝင်ပြီး (၉၅) ကီလိုဝပ် ဘက်ထရီပါဝင်ဝင်ပြီး မိုင် (၂၅၀) နီးနီးမောင်းနှင်နိုင်မယ်လို့သိရပါတယ်။ Audi ဟာ (၂၀၂၅) ခုနှစ်မတိုင်ခင်မှာ လျှပ်စစ်နဲ့ Hybrid ကား အမျိူးအစား ၂၀ကျော်ကို မိတ်ဆက်သွားမယ်လို့သိရပါတယ်။

Ref: Tech Crunch